ဈေးကြီးလွန်းလှတဲ့ ဇနီးသည်ရဲ့အတွင်းခံအင်္ကျီပေါ် တက်ထိုင်မိပြီး စပ်စုခဲ့မိလို့ ဒုက္ခတွေ့ခဲ့ရတဲ့ ခင်ပွန်းသည်အမျိုးသား




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

ဒီအဖြစ်အပျက်ကတော့ စပ်စုလွန်းတဲ့ခင်ပွန်းသည်ရဲ့ လုပ်ရပ်ကြောင့် ဇနီးဖြစ်သူအတော်လေး စိတ်ဆိုးဒေါသထွက်မဲ့ အခြေအနေမျိုးပါ ။ ဖြစ်စဉ်ကတော့ ထိုင်ခုံပေါ်ထင်ထားတဲ့ ဇနီးသည်ရဲ့ အတွင်းခံအင်္ကျီပေါ်ကို ခင်ပွန်းဖြစ်သူက အမှတ်မထင်ထိုင်မိရင်း ပေါက်ထွက်တဲ့ အသံတစ်ခုကိုကြားလို့ ထိုင်ခုံကနေထပြီးကြည့်လိုက်ရာ အတွင်ခံအင်္ကျီထဲမှ အရည်ထုတ်တစ်ခုက ပေါက်ထွက်သွားပြီး အရည်တွေ ယိုစိမ့်ပေနေတာကို တွေ့ခဲ့ရပါတယ် ။ ဘာလို့ အဲ့လိုအတွင်းခံမျိုးဝတ်တာလည်း ဆိုပြီး စပ်စုကာ ကပ်ကြေးနဲ့ ဇနီးသည်ရဲ့ အတွင်းခံအင်္ကျီ 3 ထည်ခန့်ကို ကပ်ကြေးနဲ့ညှပ်ပစ်ပြီး အတွင်းထဲက အရည်ထုတ်ကို စစ်ကြည့်ခဲ့ပါတယ် ။

” ဘာလို့ အဲ့လိုဟာမျိုးကို ဝတ်တာလဲလို့ ခန့်မှန်းကြည့်လို့တောင်မရဘူး ” ဆိုပြီးတော့ ပြောဆိုခဲ့ပါသေးတယ် ။ အင်တာနက်အသုံးပြုသူအတော်များများကတော့ ‘ အဲ့အတွင်းခံအင်္ကျီက ဘယ်ဈေးလဲဆိုတာ ရှင်သိရဲ့လား ‘ ၊ ‘ အစ်ကို.. ခင်ဗျားတော့ သွာပြီ ‘ ၊ ‘ ခင်ဗျား အသက်ရှိနေသေးလား ‘ ၊ ‘ အဲ့အတွင်းခံက တစ်ထည်ကို $158 ( မြန်မာငွေ 2သိန်းကျော်) လောက်တန်ဖိုးရှိတယ် ‘ ဆိုပြီး မျိုးစုံ မှတ်ချက်ပေးရေးသားသွားခဲ့ကြပါတယ် ။

အဆိုပါအတွင်းခံအင်္ကျီဟာ အရည်ထုပ်လေး ပါရှိတာမို့ water bra လို့ လူသိများပြီး ၊ တောင့်တင်းတဲ့ ရင်သားပုံစံလေးဖြစ်စေကာ ဝတ်ထားမှန်းမသိသာအောင် ပေါ့ပါးလွတ်လပ်စေလို့ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ဈေးကြီးလွန်းလှတဲ့ ဇနီးသည်ရဲ့အတွင်းခံအင်္ကျီပေါ် တက်ထိုင်မိပြီး စပ်စုခဲ့မိလို့ ဒုက္ခတွေ့ခဲ့ရတဲ့ ခင်ပွန်းသည်အမျိုးသား"

Leave a comment

Your email address will not be published.


*