ကိုယ်ဝန်ရှိတယ်ဆိုပြီး ဟန်ဆောင်နေခဲ့တဲ့ ချစ်သူမိန်းကလေးကြောင့် တစ်ဘဝလုံးအရှက်ရခဲ့တဲ့ အမျိုးသားရဲ့အဖြစ်




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

အသက် 35 နှစ်အရွယ် Paul Servat အမည်ရှိတဲ့အမျိုးသားဟာ အသက် 37 နှစ်အရွယ် Barbary Bienvenue အမည်ရှိတဲ့ အမျိုးသမီးနဲ့ နှစ်လခန့်ချစ်သူတွေဖြစ်ခဲ့ကြရင်း Barbary က သူမမှာကိုယ်ဝန်ရှိနေပြီဆိုပြီး ပြောဆိုလာခဲ့ပါတယ် ။ Paul ကလည်း မထင်မှတ်ထားလို့ အပျော်ကြီးပျော်နေခဲ့ကာ မိဘတွေကိုပါ အသိပေးခဲ့ပါတယ် ။ မိဘတွေကလည်း မြေးလေးရတော့မယ်ဆိုပြီး အစစအရာရာ ကြိုတင်ပြင်ဆင်နေခဲ့ကြတာပါ ။ ဒါတင်မကသေးဘူး ၊ လအနည်းငယ်အကြာမှာတော့ Barbary က သူမရဲ့ကိုယ်ဝန်ဟာ အမြွှာဖြစ်နိုင်ကြောင်း ၊ 4 မြွှာဗူးခန့်ဖြစ်နိုင်ကြောင်း ပြောဆိုလာခဲ့ပြန်ပါတယ် ။

Paul ကလည်း အစစအရာရာ ပစ္စည်းတွေပါ ကြိုတင်ဝယ်ယူထားခဲ့ပြန်ပါတယ် ။ အသိမိတ်ဆွေ ၊ ဆွေမျိုးများကလည်း ကလေးအတွက် ပစ္စည်းတွေလာရောက်လက်ဆောင်ပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း လစေ့လို့ ဆေးရုံသွားရောက်ခဲ့ချိန်မှာတော့ ဆရာဝန်က Barbary ရဲ့ ကိုယ်ဝန်ဟာ အစစ်မဟုတ်ကြောင်း ၊ စိတ်ထင်ယောင်ထင်မှားကိုယ်ဝန်သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Barbary ဟာ တစ်ကယ့်ကိုယ်ဝန်အတိုင်း သူမရဲ့ဗိုက်ဟာ ဖောင်းထွက်နေပြီး ၊ မနက်ခင်း အော့အန်တာတွေပါ ဖြစ်နေခဲ့လို့ Paul မှာ ဘယ်လိုမှ မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ် ။ Barbary ကတော့ စိတ်ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်နေရကြောင်းသိရပါတယ် ။ Paul မှာတော့ အဆိုပါအဖြစ်အပျက်မျိုး လုံးဝမတွေးထင်ထားလို့ မိတ်ဆွေတွေပေးပို့လာတဲ့လက်ဆောင်ကို ပြန်လည်ပေးအပ်မယ် ဒါမှမဟုတ် လှူဒါန်းပစ်မယ်ဆိုပြီး ပြောဆိုခဲ့ပါတယ် ။ အကြောင်းကတော့ အဆိုပါကလေးအသုံးအဆောင်ပစ္စည်းက လုံးဝမလိုအပ်သလိုဖြစ်သွားခဲ့လို့ပါ ။ Paul မှာတော့ သူ့ရဲ့အဖြစ်ကို အတော်လေးရှက်ရွံခဲ့မိကြောင်း ပြောပြလာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ်ဝန်ရှိတယ်ဆိုပြီး ဟန်ဆောင်နေခဲ့တဲ့ ချစ်သူမိန်းကလေးကြောင့် တစ်ဘဝလုံးအရှက်ရခဲ့တဲ့ အမျိုးသားရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*