ဆံပင်ဆေးဆိုးနေရင်းတန်းလန်းနဲ့ အရေးကြီးလို့ဆိုပြီး အပြေးအလွှားထသွားခဲ့တဲ့အမျိုးသမီးတစ်ဦးရဲ့ရယ်စရာအဖြစ်

သင့်ရဲ့မိခင်က ဆံပင်ဆေးဆိုးနေရင်းတန်းလန်းနဲ့ နောက်ဆုံးအကြိမ်အဖြစ် ချက်ချင်းကာကွယ်ဆေးထိုးလာဖို့ ရက်ချိန်းစာရောက်လာတဲ့အခါ သူ့အနေနဲ့ဘာလိုတွေလုပ်ပစ်လိုက်မယ်ဆိုတာကို သင့်တွေးကြည့်ဖူးပါသလဲ။ Thian ရဲ့ဇာတ်လမ်းကတော့ တော်တော်လေးရယ်စရာကောင်းပေမယ့် ဥပမာကောင်းတစ်ခုလိုဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့က မလေးရှား – ထိုင်းဒေသခံမင်းသမီးဖြစ်သလို Facebook အသုံးပြုသူ Thain Siew Kim ကသူမ၏မိခင်ဖြစ်သူရဲ့ရယ်စရာကောင်းတဲ့ကာကွယ်ဆေးထိုးခြင်းအကြောင်းကို social media ပေါ်သို့ ပြန်လည်ပြောပြခဲ့ပါတယ်။“ ကျွန်မ အမေက အိမ်မှာ ဆံပင်ဆေးဆိုးနေရင်းတန်းလန်းနဲ့ ကာကွယ်ဆေးထိုးဖို့ စင်တာကို ရောက်လာခဲ့တယ်” ဟု Thain က မျှဝေထားပါတယ်။

အကြောင်းက ထိုင်းလူမျိုးဖြစ်တဲ့မိခင်ဖြစ်သူဟာ Thain ရဲ့အစ်မဖြစ်သူထံမှ သူမရဲ့ကာကွယ်ဆေးထိုးရန် အလှည့်ရောက်လာပြီးဖြစ်ကြောင်း သတိပေးခံရပြီးနောက် မိခင်ဖြစ်သူဟာ အလောတကြီးနဲ့ ဆံပင်ကို အပြီးမသတ်နိုင်ဘဲ ကာကွယ်ဆေးထိုးဌာန(PPV) သို့ ရောက်ရှိလာခဲ့ရပါတယ်။ထို့နောက် Thain ဟာ PPV သို့ ရောက်လာတဲ့အမေဖြစ်သူရဲ့ပုံစံကို မြင်လိုက်ရတော့ အတော်လေး ဒေါသထွက်သွားခဲ့ရပြီး “ အမေ ဘာလုပ်တာလဲ ၊ ဆံပင်ဆေးဆိုးနေရင်လည်း မလာခဲ့ပါနဲ့လား ၊ ဘာလို့ ခေါင်းမလျှော်ခဲ့တာလဲ” လို့ မိခင်ဖြစ်သူအား မေးလိုက်တော့ မိခင်ဖြစ်သူကလည်း “ နင့်အစ်မကို ငါ ဆံပင်ဆေးဆိုးထားတာကောလို့ ပြောလိုက်တာ ဒါမဲ့ သူက ကာကွယ်ဆေးက လက်မောင်းမှာထိုးတာ ခေါင်းနဲ့ဘာမှမဆိုင်ဘူးတဲ့ ၊ သူမ အဆင်ပြေတယ်လို့ပြောပြီး အင်္ကျီဘဲ လဲခိုင်းလိုက်တာ အဲ့တာနဲ့ ငါလည်း ဒီကို ရောက်လာတော့တာဘဲ ” လို့ ပြန်ဖြေခဲ့ပါတယ်။

ထို့နောက် Thain က သူမဟာ အစ်မဖြစ်သူနှင့်မိခင်ဖြစ်သူကို စိတ်ဆိုးနေခဲ့ပေမဲ့လည်း စိတ်ကိုထိန်းကာ မိခင်ဖြစ်သူအား စင်တာတွင်းသို့ ခေါ်ဆောင်သွားခဲ့ရပါတယ်။“ အမေကတော့ အတော်လေးနာမည်ကြီးသွားတော့မှာဘဲ” လို့ Thain က ဆိုခဲ့ပါတယ်။ထို့နောက် PPV ဝန်ထမ်းများက မိခင်ဖြစ်သူရဲ့ဆံပင်ဆေးဆိုးရောင်က သွေးနှင့်တူနေတာကြောင့် ၎င်းတို့ကလည်း မိခင်ဖြစ်သူက ရိုက်နှက်ခံထားရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်ကို ရှာဖွေနေတယ်လို့ ထင်မြင်သွားခဲ့ကြပါတယ်။အဲ့တာနဲ့ Thain က “ သူမက ကျွန်မအမေပါ ၊ ထိုင်းလူမျိုးပါ ၊ကျွန်မက အမေ့ကို ကာကွယ်ဆေးထိုးဖို့ ကူညီပေးနေတာပါ ၊ အမေက ထိုင်းစကားဘဲ ပြောတတ်လို့ ကျွန်မနဲ့အတူ ခေါ်သွားခွင့်ပေးပါ ” လို့ ဝန်ထမ်းများအား ပြန်လည်ဖြေရှင်းပြောပြခဲ့ရပါတယ်။

ထို့နောက် Thain ဟာ ကာကွယ်ဆေးထိုးရန် သွားတဲ့စစ်ဆေးခန်းတစ်လျှောက်လုံးမှာ သူမအမေက ထိုင်းလူမျိုးဖြစ်တာကြောင့် သူမက ဆေးထိုးဖို့ လိုက်သွားရကြောင်း လူအများအား တဖွဖွပြောနေခဲ့ရပါတယ်။

ထို့အပြင် Thain က စင်တာရှိလူတိုင်းဟာ ထိုင်းနိုင်ငံရှိ Erawan Buddha ကို မြင်လိုက်ရတဲ့အတိုင်း မိခင်ဖြစ်သူရဲ့ဦးခေါင်းကို စိုက်ကြည့်နေခဲ့ကြမယ်လို့ ထင်ကြောင်းဆိုခဲ့ပါတယ်။“ ဝန်ထမ်းတွေက အမေ့ရဲ့ခေါင်းကို စိုက်ကြည့်လိုကြည့် အချို့ကလည်း ဓာတ်ပုံအတူရိုက်ရင်း Sawadeeka အန်တီ လို့ ခေါ်ခဲ့ကြတယ်” လို့လည်း ထပ်မံပြောပြခဲ့ပါတယ်။

“ အမေ့ရဲ့ ဆေးဆိုးထားတဲ့ဆံပင်နဲ့ ကာကွယ်ဆေးထိုးရဲတဲ့သတ္တိကို လူတိုင်းက လေးစားသင့်တယ်၊မလေးရှားနိုင်ငံက အမေ့ကို ကာကွယ်ဆေးသံအမတ်အဖြစ် ခန့်အပ်သင့်တယ်” လို့ Thain က ထပ်မံ စနောက်ခဲ့ပါသေးတယ်။

၎င်း post ဟာ တင်ပြီးပြီးချင်း Like ပေါင်း 23k အထိရရှိခဲ့ပြီး shareပေါင်း 14k အထိ ရရှိခဲ့ရပါတယ်။လူများစွာက ၎င်းအတွေ့အကြုံက အလွန်ရယ်စရာကောင်းကြောင်း ဆိုခဲ့ကြပြီး အချို့ကလည်း ၎င်းအဖြစ်အပျက်က ၎င်းတို့အတွက် မျက်ရည်ကျလောက်တဲ့အထိ ရယ်မောရစေကြောင်း ပြောကြားခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : worldofbuzz

Be the first to comment on "ဆံပင်ဆေးဆိုးနေရင်းတန်းလန်းနဲ့ အရေးကြီးလို့ဆိုပြီး အပြေးအလွှားထသွားခဲ့တဲ့အမျိုးသမီးတစ်ဦးရဲ့ရယ်စရာအဖြစ်"

Leave a comment

Your email address will not be published.


*