နှစ်ပေါင်း ၄၀ ကြာအလုပ်လုပ်ခဲ့တဲ့လေကြောင်းလိုင်းမှ နုတ်ထွက်ကာ ပြိုင်ဘက်လေကြောင်းလိုင်းမှာ လေယာဉ်မှူးများဖြစ်တဲ့သမီးများနှင့်အတူ ပျံသန်းခဲ့တဲ့ အကြီးတန်းလေယာဉ်မှူးတစ်ဦး

အဖေတစ်ယောက်အနေနဲ့ သင့်မှာ ကလေးတွေရှိလာတဲ့အခါ သူတို့အတွက် သင်ဘာလုပ်ပေးမယ်လို့ တွေးထားပါသလဲ။ သင့်မှာ အရာအားလုံးကို ဖြစ်အောင်လုပ်ပေးလိုက်မယ်ဆိုတဲ့အဖြေလေးရှိနေမှာပါ။အခုလည်း လေယာဉ်မှူးဖြစ်တဲ့အဖေတစ်ဦးဟာ သူ နှစ်ပေါင်း ၄၀ ကြာအလုပ်လုပ်ခဲ့တဲ့ လေကြောင်းလိုင်းမှ နုတ်ထွက်ကာ သူ့ရဲ့သမီးနှစ်ဦးရှိတဲ့ ပြိုင်ဘက်လေကြောင်းလိုင်းမှာ အလုပ်ဝင်ကာ သမီးဖြစ်သူတို့နှင့်အတူ ပျံသန်းခဲ့ပါတယ်။သမီးနှစ်ယောက်ထဲမှ Safia Anisa အမည်ရှိတဲ့သမီးတစ်ယောက်ဟာ ၎င်း sweet ဖြစ်လွန်းတဲ့ပုံပြင်ကို သူမရဲ့Twitter acc မှာ ပြောပြခဲ့ပါတယ်။

Safiaရဲ့အဆိုအရ သူမနှင့်သူမရဲ့အစ်မဖြစ်သူတို့ဟာ လေယာဉ်မှူးဘွဲ့ရခါစသာဖြစ်နေပြီး ကံကောင်းစွာနဲ့ သူတို့ညီအမဟာ တူညီတဲ့ AirAsia လေကြောင်းလိုင်းမှာ အလုပ်ရှာနိုင်ခဲ့ကြပါတယ်။ပိုပြီး အံ့ဩစရာကောင်းတာက ကုမ္ပဏီဟာ ၎င်းတို့ညီအမအား လမ်းကြောင်းတူလမ်းများပေါ်မှာ အလုပ်လုပ်ခွင့်ပေးခဲ့ပြီး အတူတူ ပျံသန်းခွင့်ပေးခဲ့ပါတယ်။

သို့ပေမဲ့ သူမတို့ရဲ့အဖေဖြစ်သူဟာ သူအနားမယူခင် သမီးဖြစ်သူတို့နှင့် လေယာဉ်အတူမောင်းချင်တာကြောင့် ၎င်းလေကြောင်းလိုင်းမှာ ဝင်ခွင့်ရချင်နေခဲ့ပါတယ်။အဖေဖြစ်သူဟာ မလေးရှားလေကြောင်းလိုင်း၏လေယာဉ်မှူးအဖြစ် နှစ်ပေါင်း ၄၀ ကျော် အလုပ်လုပ်ခဲ့ပါတယ်။

အသက် ၅၈ ရှိပြီဖြစ်တဲ့အဖေဖြစ်သူဟာ မကြာခင်မှာ အနားယူတော့မည်ဖြစ်ပါတယ်။သူဟာ နှစ်ပေါင်းများစွာလုပ်ငန်းဆောင်ရွက်မှုများအတွက် လေကြောင်းလိုင်းမှ ချီးမြှင့်တဲ့အကြီးစား အငြိမ်းစားပေးမဲ့အစီအစဉ်ကြီးကို ရရှိခဲ့မှာအသေအချာပါဘဲ။

သို့ပေမဲ့ အဖေဖြစ်သူဟာ ငွေကို မမက်မောခဲ့ပါဘူး။သူဟာ မလေးရှားလေကြောင်းလိုင်းတွင် အကြီးတန်းလေယာဉ်မှူးအဖြစ်ဆက်လက်လုပ်ကိုင်မည့်အစား နုတ်ထွက်ကာ AirAsia လေကြောင်းလိုင်းတွင် အလုပ်ဝင်ခဲ့ပါတယ်။ဒါဟာ ဘယ်လောက် sweet ဖြစ်လိုက်မလဲဗျာ။အဖေဖြစ်သူက လေကြောင်းလိုင်းအသစ်မှာ ကိုယ့်ရဲ့လေယာဉ်မှူးသက်တမ်းကို မထည့်တွက်ဘဲ အငယ်တန်းလေယာဉ်မှူးအဖြစ် စတင်ပျံသန်းရန် စိတ်အားခက်သန်နေခဲ့ပါတယ်။ AirAsia မှာ စတင်ပျံသန်းခဲ့ပါတော့တယ်။

အကြီးတန်းလေယာဉ်မှူးအဖြစ်မှ အငယ်တန်းလေယာဉ်မှူးအထိ ဖြစ်လာတဲ့ အဖေဖြစ်သူဟာ မာနထောင်လွှားခြင်းမရှိသလို ငွေကြေးကိုလည်း မမက်မောတော့ဘဲ သမီးနှစ်ဦးတို့ရဲ့ အကူလေယာဉ်မှူးအဖြစ် အခွင့်အရေးရသွားခဲ့ပါတယ်။

သမီးတွေနှင့်အတူ ပျံသန်းနိုင်ဖို့ အကြီးစားပင်စင်ကို လက်လွှတ်ခဲ့သလို အခြားလေကြောင်းလိုင်းမှာ အောက်ခြေအဖြစ် ပြန်စခဲ့တဲ့ အဖေဖြစ်သူကတော့ အတော်လေးကို ဂုဏ်ယူစရာကောင်းလှပါတယ်။အဖေတွေဟာ သားသမီးတွေအတွက် ဘာအလုပ်ကိုမဆို မဖြစ်ဖြစ်အောင် လုပ်ဆောင်ပေးတတ်ကြပါတယ်။အဆိုပါ သားအဖသုံးယောက်တို့ရဲ့အဖြစ်အပျက်လေးက စာဖတ်သူတို့အတွက် sweet ဖြစ်စေမှာအမှန်ပါဘဲဗျာ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "နှစ်ပေါင်း ၄၀ ကြာအလုပ်လုပ်ခဲ့တဲ့လေကြောင်းလိုင်းမှ နုတ်ထွက်ကာ ပြိုင်ဘက်လေကြောင်းလိုင်းမှာ လေယာဉ်မှူးများဖြစ်တဲ့သမီးများနှင့်အတူ ပျံသန်းခဲ့တဲ့ အကြီးတန်းလေယာဉ်မှူးတစ်ဦး"

Leave a comment

Your email address will not be published.


*