ပါးစပ္ကို တိပ္နဲ႔ကပ္ၿပီး အိပ္ေမာက်ေနတဲ့ခင္ပြန္းေၾကာင့္ ထိတ္လန္႔ခဲ့ရတဲ့ အမ်ိဳးသမီး

ေပ်ာ္ရႊင္ေနတဲ့ အိမ္ေထာင္ေရးဘဝကိုပိုင္ဆိုင္ၾကသူတိုင္းဟာ သူတို႔ရဲ႕အိမ္ေထာင္ေရးမပ်က္စီးေအာင္ အရမ္းႀကိဳးစားအားထုတ္ၿပီး လက္တြဲေဖာ္အတြက္ အျမဲဦးစားေပးစဥ္းစားေပးတတ္ၾကတယ္ဆိုတာပါပဲ ။ ဒီတစ္ေခါက္မွာလည္း ေကာင္ေလးတစ္ေယာက္က သူ႔ရဲ႕မိဘေတြအေၾကာင္းကို social media ေပၚမွာေဝမ်ွသြားခဲ့ပါတယ္ ။

ေကာင္ေလးရဲ႕ ေျပာျပခ်က္အရ ‘ ကြၽန္ေတာ့္အေဖက မိသားစုကိုေထာက္ပံ့ဖို႔ အလုပ္အရမ္းႀကိဳးစားရပါတယ္ ၊ သူ႔အလုပ္က ခက္ခဲၿပီး အားအရမ္းသံုးရတဲ့အလုပ္မ်ိဳးပါ ၊ အဲ့ေၾကာင့္ သူအိပ္ေပ်ာ္သြားရင္ အျမဲတမ္းေဟာက္တတ္ပါတယ္ ၊ အေဖ့ရဲ႕ ေဟာက္သံေၾကာင့္ အေမကအိပ္မရလို႔ တစ္ခန္းထဲအိပ္ဖို႔အဆင္မေျပေတာ့ အေဖက ဧည့္ခန္းထဲမွာ အိပ္ေနရပါတယ္ ၊ ဒါေပမဲ့ ဒီေန႔ အေမအိပ္ယာခန္းထဲ ဝင္လိုက္ေတာ့ အေဖ့ရဲ႕အျဖစ္ကို အံ့ၾသထိတ္လန္႔စြာေတြ႔ခဲ့ရပါတယ္ ၊အဲဒါကေတာ့ အေဖက သူ႔ရဲ႕ပါးစပ္ကို တိပ္နဲ႔ကပ္ၿပီး အိပ္ေနခဲ့လို႔ပါပဲ ၊ အေဖ့ရဲ႕ေဟာက္သံက အေမ့ကိုအရမ္းအေႏွာက္အယွက္ျဖစ္ေနမွန္းသိၿပီး အေမ့နဲ႔အတူ အိပ္ခ်င္လို႔ အေဖအခုလို လုပ္ခဲ့တာပါ ၊ အေမကလည္း အေဖ့ပါးစပ္နားက တိပ္ကို ခ်က္ခ်င္းခြာထုတ္ပစ္ခဲ့ပါတယ္ ၊ ဒါက အခ်စ္ပါပဲ ‘ ဆိုၿပီး ေရးသားခဲ့ပါတယ္ ။

ေကာင္ေလးရဲ႕ မိဘအေၾကာင္းဟာ လူအေတာ္အမ်ားရဲ႕ ရင္ကိုလႈပ္ခတ္သြားေစခဲ့ၿပီး ၊ အထူးသျဖင့္ အဲ့လိုအေျခအေနပံုစံမ်ိဳးၾကံဳေတြ႔ေနၾကတဲ့ စံုတြဲေတြက ပိုခံစားမိသြားၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

ပျော်ရွှင်နေတဲ့ အိမ်ထောင်ရေးဘဝကိုပိုင်ဆိုင်ကြသူတိုင်းဟာ သူတို့ရဲ့အိမ်ထောင်ရေးမပျက်စီးအောင် အရမ်းကြိုးစားအားထုတ်ပြီး လက်တွဲဖော်အတွက် အမြဲဦးစားပေးစဉ်းစားပေးတတ်ကြတယ်ဆိုတာပါပဲ ။ ဒီတစ်ခေါက်မှာလည်း ကောင်လေးတစ်ယောက်က သူ့ရဲ့မိဘတွေအကြောင်းကို social media ပေါ်မှာဝေမျှသွားခဲ့ပါတယ် ။

ကောင်လေးရဲ့ ပြောပြချက်အရ ‘ ကျွန်တော့်အဖေက မိသားစုကိုထောက်ပံ့ဖို့ အလုပ်အရမ်းကြိုးစားရပါတယ် ၊ သူ့အလုပ်က ခက်ခဲပြီး အားအရမ်းသုံးရတဲ့အလုပ်မျိုးပါ ၊ အဲ့ကြောင့် သူအိပ်ပျော်သွားရင် အမြဲတမ်းဟောက်တတ်ပါတယ် ၊ အဖေ့ရဲ့ ဟောက်သံကြောင့် အမေကအိပ်မရလို့ တစ်ခန်းထဲအိပ်ဖို့အဆင်မပြေတော့ အဖေက ဧည့်ခန်းထဲမှာ အိပ်နေရပါတယ် ၊ ဒါပေမဲ့ ဒီနေ့ အမေအိပ်ယာခန်းထဲ ဝင်လိုက်တော့ အဖေ့ရဲ့အဖြစ်ကို အံ့သြထိတ်လန့်စွာတွေ့ခဲ့ရပါတယ် ၊အဲဒါကတော့ အဖေက သူ့ရဲ့ပါးစပ်ကို တိပ်နဲ့ကပ်ပြီး အိပ်နေခဲ့လို့ပါပဲ ၊ အဖေ့ရဲ့ဟောက်သံက အမေ့ကိုအရမ်းအနှောက်အယှက်ဖြစ်နေမှန်းသိပြီး အမေ့နဲ့အတူ အိပ်ချင်လို့ အဖေအခုလို လုပ်ခဲ့တာပါ ၊ အမေကလည်း အဖေ့ပါးစပ်နားက တိပ်ကို ချက်ချင်းခွာထုတ်ပစ်ခဲ့ပါတယ် ၊ ဒါက အချစ်ပါပဲ ‘ ဆိုပြီး ရေးသားခဲ့ပါတယ် ။

ကောင်လေးရဲ့ မိဘအကြောင်းဟာ လူအတော်အများရဲ့ ရင်ကိုလှုပ်ခတ်သွားစေခဲ့ပြီး ၊ အထူးသဖြင့် အဲ့လိုအခြေအနေပုံစံမျိုးကြုံတွေ့နေကြတဲ့ စုံတွဲတွေက ပိုခံစားမိသွားကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပါးစပ္ကို တိပ္နဲ႔ကပ္ၿပီး အိပ္ေမာက်ေနတဲ့ခင္ပြန္းေၾကာင့္ ထိတ္လန္႔ခဲ့ရတဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*