16 နှစ်အရွယ်သမီးငယ်ရဲ့ အံဆွဲထဲမှာ ဆေးပြားတွေ ​တွေ့ရှိခဲ့လို့ထိတ်လန့်ခဲ့ပြီး နောက်ဆုံးမှ ရယ်ရမလို ၊ ငိုရမလို ဖြစ်ခဲ့ရတဲ့မိခင်




Jasmine (Mckzone Daily)

Source : gtgoodtimes

Unicode

ဆယ်ကျော်သက်အရွယ် သားသမီးတွေကို ထိန်းကျောင်းရတာ မိဘတွေအတွက်အတော့်ကို ခက်ခဲလွန်းတဲ့အရာပါ ။ အဆိုပါအရွယ်မှာ သားသမီးတွေက သီးသန့်နေထိုင်ချင်ကြပေမဲ့ သူ့တို့ရဲ့ကိစ္စအရမ်းစပ်စုလွန်းရင်လည်း မိဘတွေအပေါ် ဘုကန့်လန့်ပြန်လုပ်တတ်တဲ့အရွယ်တွေပါ ။ ဒီတစ်ခေါက်မှာလည်း 16 နှစ်အရွယ်မိန်းကလေး Ashley Banks ဟာ သူမရဲ့မိခင်ကို သူမရဲ့အခန်းထဲက ဂဏန်းတွက်စက်ရှာပေးဖို့ တောင်းဆိုခဲ့ပါတယ် ။ မိခင်ကလည်း စားပွဲရဲ့အံဆွဲထဲမှာ ရှာဖွေနေရင်း အမှတ်မထင်ရောင်စုံဆေးပြာတွေ တွေ့ရှိခဲ့လို့ ၊ သမီးဖြစ်သူ အကျင့်ပျက်နေပြီလို့ ထင်မှတ်ပြီး ချက်ချင်းအိမ်သို့ပြန်လာခိုင်းခဲ့ပါတယ် ။

ထိတ်လန့်တုန်လှုပ်နေတဲ့ မိခင်က သူမကိုစာပို့ပြီး အိမ်သို့အမြန်ပြန်လာခိုင်းကာ ၊ ဆူငေါက်နေခဲ့ပါတယ် ။ သူမကလည်း အမေထင်သလိုမဟုတ်လို့ အဆိုပါဆေးပြာတွေကို ရေထဲပစ်ထည့်လိုက်ဖို့ ပြောဆိုခဲ့ပါတယ် ။ မိခင်ဖြစ်သူကလည်း သမီးပြောတဲ့အတိုင်း ရေခွက်ထဲအဆိုပါဆေးပြားတွေပစ်ထည့်လိုက်ရာ ရောင်စုံဒိုင်နိုဆောအရုပ်တွေထွက်ပေါ်လာခဲ့ပါတယ် ။ ထို့နောက် ချက်ချင်းပဲ အိမ်မပြန်လာလဲရပြီ ဆိုပြီး မိခင်က စာပြန်ပို့ခဲ့ပါတယ် ။

ထူးထူးဆန်းဆန်းအရုပ်တွေကြောင့် မိခင်ဖြစ်သူအတော်လေး စိတ်ဆိုးထိတ်လန့်သွားခဲ့ရပါတယ် ။ Ashley ကိုယ်တိုင်က ပါတီပွဲတွေသွားရတာထက် အားကစားလုပ်ရတာကိုနှစ်သက်သူမှန်း မိခင်သိပေမဲ့လည်း ရုတ်တရက်ထိတ်လန့်သွားခဲ့ပုံပါပဲ ။မိခင် နဲ့ သမီးဖြစ်သူအကြာ မထင်မှတ်ထားတဲ့ အခိုက်အတန့်လေးကို Ashley ကိုယ်တိုင် social media ပေါ် ပြန်လည်ဝေမျှပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "16 နှစ်အရွယ်သမီးငယ်ရဲ့ အံဆွဲထဲမှာ ဆေးပြားတွေ ​တွေ့ရှိခဲ့လို့ထိတ်လန့်ခဲ့ပြီး နောက်ဆုံးမှ ရယ်ရမလို ၊ ငိုရမလို ဖြစ်ခဲ့ရတဲ့မိခင်"

Leave a comment

Your email address will not be published.


*