အရိုးရှင်းဆုံးသောလုပ်ရပ်တစ်ခုတည်းနဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တဲ့ အမျိုးသား

ယနေ့ခေတ်ကာလမှာ စမတ်ဖုန်းနှင့်လိုင်းကောင်းတဲ့အင်တာနက်ရှိနေရုံနဲ့ သင့်ရဲ့အိမ်မှာဘဲနေပြီး သင်လုပ်ချင်တာကို အေးဆေးလေးလုပ်နိုင်နေပြီ ဖြစ်ပါတယ်။သင်က တစ်စုံတစ်ရာကိုလိုအပ်တဲ့အခါ ဖုန်းလေးကို ပွတ်လိုက်ပြီး စားစရာတစ်ခုခုရရှိရန်၊ သင်အမှန်တကယ်နှစ်သက်တဲ့အရာတစ်ခုခုကိုဝယ်ယူရန် ၊ ငွေအလွှဲအပြောင်းလုပ်ရန် သို့မဟုတ် သင်စိတ်ဝင်စားနေတဲ့မည်သည့်အရာကိုမဆိုရှာဖွေရန်အတွက် အလွယ်တကူရရှိနိုင်သောမည်သည့်အက်ပလီကေးရှင်းကို မဆိုအသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

.

သို့ပေမဲ့ အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ဖုန်းထဲက google app ရှိ search history မှာ ဖခင်ကောင်းတစ်ဦးဖြစ်ရန် နည်းလမ်းများဆိုတဲ့ search များကို စစ်ဆေးတွေ့ရှိလိုက်ရပြီးနောက် သူမဟာ အတော်လေး စိတ်ပျော်ရွှင်သွားခဲ့ရပါတယ်။

Jheoñela Shammah Lopez အမည်ရှိတဲ့အဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ Mark Arvince Galgana DiCaprio ရဲ့ဖုန်းကို စစ်ဆေးကြည့်နေတုန်းမှာဘဲ ၎င်းကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်။

သူမဟာ သူမနောက်ကွယ်မှာ ခင်ပွန်းဖြစ်သူခိုးလုပ်နေခဲ့တဲ့အရာကိုမြင်လိုက်ရတော့ အလွန်ပျော်ရွှင်သွားခဲ့ပြီးနောက် ၎င်းကို ဓာတ်ပုံရိုက်ကူးကာ “ hahahahah…. ရှင့်ရဲ့အချစ်ကို ဒီဟာနဲ့ ပြသလိုက်တာပေါ့လား ၊ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး ၊ ရှင်က ကျွန်မအတွက် အမြဲတမ်း အကောင်းဆုံးပါဘဲ ၊ ရှင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပြုပြင်ပြောင်းလဲမှုအားလုံးကို ကျွန်မ ခံစားမိပါတယ် ” လို့ဆိုကာ သူမရဲ့ Facebook acc ပေါ်မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ google မှာ “ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်လဲ ” ၊“ ဖခင်ကောင်းတစ်ယောက်နှင့် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလိုအပ်လဲ ” ၊ “ ကိုယ်ဝန်သည်ဇနီးကို ဘာလို့စောင့်ရှောက်သက့်လဲ ” စတဲ့ တူညီတဲ့မေးခွန်းတွေကို ထပ်ခါထပ်ခါ မေးမြန်းရှာဖွေထားခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူဟာ တကယ်လည်း ခင်ပွန်းကောင်းတစ်ဦးနှင့်ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ကို အကောင်းဆုံးကြိုးစားချင်တာကြောင့် အင်တာနက်ရဲ့အကြံဥာဏ်ကို ယူဖို့ ကြိုးစားနေခဲ့ပုံရပါတယ်။ဖခင်ကောင်းတစ်ဦးဖြစ်ဖို့ နည်းလမ်းများစွာ ရှိနေပြီး ၎င်းအတွက် မည်သည့်နည်းလမ်းများကိုမှ တိတိကျကျ သတ်မှတ်ထားခြင်းမရှိသေးပါဘူး။

သို့ပေမဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ဖို့အတွက် ရိုးရှင်းတဲ့အချက်ကလေးတွေကတော့ သင်ဟာ ကလေးရဲ့စံပြပုဂ္ဂိုလ်ဖြစ်နေပါစေ ၊ သင်ဟာ ကလေးရဲ့ဆရာတစ်ယောက်လို ဖြစ်နေပါစေ ၊ ချစ်ခြင်းမေတ္တာနှင့် အပြုသဘောဆောင်တဲ့ အုပ်ထိန်းမှုပုံစံ ရှိပါစေ ၊ ကလေးထံမှ နားထောင်တတ်ပါစေ ၊ မိသားစုလိုက် ထမင်းအတူတူစားတတ်ပါစေ နှင့် သင့်ရဲ့ကလေးနှင့်အတူ အချိန်ဖြုန်းတတ်ပါစေ စတဲ့ နည်းလမ်းလေးများအပြင် အခြားသောနည်းလမ်းများလည်း များစွာရှိနေပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "အရိုးရှင်းဆုံးသောလုပ်ရပ်တစ်ခုတည်းနဲ့ ကိုယ်ဝန်ဆောင်သည်ဇနီးကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*