မိခင္ျဖစ္သူက ေရကူးကန္မေခၚသြားလို႔ဆိုၿပီး ေက်ာင္းနားက ေရအိုင္မွာေရကူးေနခဲ့လို႔ မိဘေခၚခံလိုက္ရတဲ့ ကေလးငယ္

မိုးအရမ္းရြာေနတဲ့ေန႔မွာ ေက်ာင္းသားေတြအေတာ္မ်ားမ်ားက ေရမစိုေအာင္ဂ႐ုစိုက္ၿပီးသြားလာေနၾကေပမဲ့ ၊ ေက်ာင္းသားတစ္ဦးကေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘဲ ေပ်ာ္ေပ်ာ္ပါးပါးေက်ာင္းဝန္းနားက ေရအိုင္ေလးမွာ ေရဆင္းကူးေနခဲ့ပါတယ္ ။Rozita Abdul Razak အမည္႐ွိတဲ့ အမ်ိဳးသမီးက ေက်ာင္းမွတာဝန္႐ွိသူေတြ သူမကိုလွမ္းေခၚလိုက္လို႔ သြားေရာက္ၾကည့္႐ႈခဲ့စဥ္မွ သူမရဲ႕သားေလးဟာ ေရအိုင္ေလးမွာ တစ္ကယ့္ကို ေပ်ာ္ေပ်ာ္ပါးပါးေရကူးေနခဲ့တာပါ ။ Rozita ကိုျမင္ေတာ့ သားျဖစ္သူက မအံ့ၾသတဲ့အျပင္ ‘ အေမက ကြၽန္ေတာ့္ကိုတစ္ခါးမွ ေရကူးကန္ကို မေခၚသြားဖူးတာ ‘ ဆိုၿပီး ျပန္ေျပာလိုက္ပါေသးတယ္ ။

ဒါ့အျပင္ သူမရဲ႕သားႀကီးျဖစ္သူမွာေတာ့ သားငယ္ေလးကို ေရအိုင္ကေန ထြက္လာေအာင္ လိုက္ဖမ္းေနခဲ့ရတာပါ ။ အျခားအတန္းေဖာ္ေက်ာင္းသားေတြကေတာ့ သူတို႔ရဲ႕အျဖစ္က ေဘးကေနသာ ေငးၾကည့္ေနခဲ့ၾကပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ social media မွာ အေတာ္ေလးကို ေရပန္းစားသြားခဲ့ၿပီး အခ်ိဳ႕က ငယ္ရြယ္တဲ့အခ်ိန္ကို အေပ်ာ္ရႊင္ဆံုးျဖတ္သန္းသင့္တယ္ဆိုၿပီး မွတ္ခ်က္ေရးသားခဲ့ၾကသလို ၊ အခ်ိဳ႕က်ေတာ့လည္း ေရအိုင္ထဲမွာ ဘာအေကာင္ေတြ႐ွိမွန္းမသိႏိုင္လို႔ အခုလို မေဆာ့ကစားသင့္ေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

မိုးအရမ်းရွာနေတဲ့နေ့မှာ ကျောင်းသားတွေအတော်များများက ရေမစိုအောင်ဂရုစိုက်ပြီးသွားလာနေကြပေမဲ့ ၊ ကျောင်းသားတစ်ဦးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါးကျောင်းဝန်းနားက ရေအိုင်လေးမှာ ရေဆင်းကူးနေခဲ့ပါတယ် ။Rozita Abdul Razak အမည်ရှိတဲ့ အမျိုးသမီးက ကျောင်းမှတာဝန်ရှိသူတွေ သူမကိုလှမ်းခေါ်လိုက်လို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှ သူမရဲ့သားလေးဟာ ရေအိုင်လေးမှာ တစ်ကယ့်ကို ပျော်ပျော်ပါးပါးရေကူးနေခဲ့တာပါ ။ Rozita ကိုမြင်တော့ သားဖြစ်သူက မအံ့သြတဲ့အပြင် ‘ အမေက ကျွန်တော့်ကိုတစ်ခါးမှ ရေကူးကန်ကို မခေါ်သွားဖူးတာ ‘ ဆိုပြီး ပြန်ပြောလိုက်ပါသေးတယ် ။

ဒါ့အပြင် သူမရဲ့သားကြီးဖြစ်သူမှာတော့ သားငယ်လေးကို ရေအိုင်ကနေ ထွက်လာအောင် လိုက်ဖမ်းနေခဲ့ရတာပါ ။ အခြားအတန်းဖော်ကျောင်းသားတွေကတော့ သူတို့ရဲ့အဖြစ်က ဘေးကနေသာ ငေးကြည့်နေခဲ့ကြပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ social media မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး အချို့က ငယ်ရွယ်တဲ့အချိန်ကို အပျော်ရွှင်ဆုံးဖြတ်သန်းသင့်တယ်ဆိုပြီး မှတ်ချက်ရေးသားခဲ့ကြသလို ၊ အချို့ကျတော့လည်း ရေအိုင်ထဲမှာ ဘာအကောင်တွေရှိမှန်းမသိနိုင်လို့ အခုလို မဆော့ကစားသင့်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မိခင္ျဖစ္သူက ေရကူးကန္မေခၚသြားလို႔ဆိုၿပီး ေက်ာင္းနားက ေရအိုင္မွာေရကူးေနခဲ့လို႔ မိဘေခၚခံလိုက္ရတဲ့ ကေလးငယ္"

Leave a comment

Your email address will not be published.


*