ေယာက်ၤားေတြအတြက္ေတာင္ခက္ခဲတဲ့ ကုန္တင္ကားေမာင္းတဲ့အလုပ္ကို ငယ္ငယ္ရြယ္ရြယ္နဲ႔ လုပ္ကိုင္ေနခဲ့တဲ့ မိန္းမေခ်ာေလး (႐ုပ္သံ)

တစ္ကယ့္ကို တြဲကားအႀကီးႀကီးေတြေမာင္းဖို႔က လူတိုင္းအတြက္မလြယ္ကူလွပါဘူး ။ သို႔ေပမဲ့လည္း ဂ်ပန္ႏိုင္ငံက မိန္းမငယ္ေလးက ငယ္ငယ္ရြယ္ရြယ္နဲ႔ တြဲကားႀကီးကို ေမာင္းေနခဲ့လို႔ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားေနခဲ့ပါတယ္ ။ Rino Sasaki အမည္႐ွိတဲ့ မိန္းကေလးဟာ အရင္ခ်ိန္တုန္းက ႐ိုးရာအက ဆရာမအေနနဲ႔အလုပ္လုပ္ကိုင္ေနသူပါ ။ သူမရဲ႕ အသက္ 21 အရြယ္ထိ အရာအားလံုးက အဆင္ေျပစြာ႐ွိေနခဲ့ေပမဲ့လည္း ၊ ေနာက္ပိုင္း ခရီး႐ွည္တြဲကားေမာင္းတဲ့ သူမရဲ႕ဖခင္ျဖစ္သူက နာမက်န္းျဖစ္လာခဲ့ပါတယ္ ။ ဒါေၾကာင့္ ဖခင္ျဖစ္သူရဲ႕ ကားေနာက္ကိုလိုက္ရင္း ခရီးလမ္းတစ္ေလ်ွာက္ တစ္ေယာက္တည္း အထီးက်န္လြန္းတဲ့ ဖခင္ရဲ႕ဘဝကို နားလည္လာခဲ့ပါတယ္ ။ ဖခင္ေနာက္လိုက္ရင္း ကားအေၾကာင္းေတြ နားလည္လာတဲ့အျပင္ ၊ ကားျပဳျပင္တဲ့အလုပ္ေတြကိုပါ လုပ္လာႏိုင္ခဲ့ပါတယ္ ။

အစပိုင္းမွာ​ေတာ့ အခ်ိန္ဇယားနဲ႔ အကဆရာမအလုပ္ပါဆက္လုပ္ေနေပမဲ့ ေနာက္ပိုင္း တိက်တဲ့အခ်ိန္မ႐ွိတဲ့ ကားေမာင္းတဲ့အလုပ္ေၾကာင့္ အကဆရာမအလုပ္ကို ရပ္နားပစ္ခဲ့ရပါတယ္ ။ ေနာက္ပိုင္း ကားသမားအလုပ္ကို သူမအေတာ္ေလးႏွစ္သက္လာၿပီး ၊ ဂ်ပန္ႏိုင္ငံမွာေတာ့ အဆိုပါခရီး႐ွည္တြဲကားေမာင္းတဲ့ မိန္းကေလးေတြ အေတာ္႐ွားပါးလြန္းပါတယ္ ။ သူမရဲ႕ေန႔စဥ္ဘဝကို social media ေပၚမွာ ေဝမ်ွရင္း သူမဟာ အေတာ္ေလးကိုေရပန္းစားလာခဲ့ပါတယ္ ။

.

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

တစ်ကယ့်ကို တွဲကားအကြီးကြီးတွေမောင်းဖို့က လူတိုင်းအတွက်မလွယ်ကူလှပါဘူး ။ သို့ပေမဲ့လည်း ဂျပန်နိုင်ငံက မိန်းမငယ်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ တွဲကားကြီးကို မောင်းနေခဲ့လို့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေခဲ့ပါတယ် ။ Rino Sasaki အမည်ရှိတဲ့ မိန်းကလေးဟာ အရင်ချိန်တုန်းက ရိုးရာအက ဆရာမအနေနဲ့အလုပ်လုပ်ကိုင်နေသူပါ ။ သူမရဲ့ အသက် 21 အရွယ်ထိ အရာအားလုံးက အဆင်ပြေစွာရှိနေခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ခရီးရှည်တွဲကားမောင်းတဲ့ သူမရဲ့ဖခင်ဖြစ်သူက နာမကျန်းဖြစ်လာခဲ့ပါတယ် ။ ဒါကြောင့် ဖခင်ဖြစ်သူရဲ့ ကားနောက်ကိုလိုက်ရင်း ခရီးလမ်းတစ်လျှောက် တစ်ယောက်တည်း အထီးကျန်လွန်းတဲ့ ဖခင်ရဲ့ဘဝကို နားလည်လာခဲ့ပါတယ် ။ ဖခင်နောက်လိုက်ရင်း ကားအကြောင်းတွေ နားလည်လာတဲ့အပြင် ၊ ကားပြုပြင်တဲ့အလုပ်တွေကိုပါ လုပ်လာနိုင်ခဲ့ပါတယ် ။

အစပိုင်းမှာတော့ အချိန်ဇယားနဲ့ အကဆရာမအလုပ်ပါဆက်လုပ်နေပေမဲ့ နောက်ပိုင်း တိကျတဲ့အချိန်မရှိတဲ့ ကားမောင်းတဲ့အလုပ်ကြောင့် အကဆရာမအလုပ်ကို ရပ်နားပစ်ခဲ့ရပါတယ် ။ နောက်ပိုင်း ကားသမားအလုပ်ကို သူမအတော်လေးနှစ်သက်လာပြီး ၊ ဂျပန်နိုင်ငံမှာတော့ အဆိုပါခရီးရှည်တွဲကားမောင်းတဲ့ မိန်းကလေးတွေ အတော်ရှားပါးလွန်းပါတယ် ။ သူမရဲ့နေ့စဉ်ဘဝကို social media ပေါ်မှာ ဝေမျှရင်း သူမဟာ အတော်လေးကိုရေပန်းစားလာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ေယာက်ၤားေတြအတြက္ေတာင္ခက္ခဲတဲ့ ကုန္တင္ကားေမာင္းတဲ့အလုပ္ကို ငယ္ငယ္ရြယ္ရြယ္နဲ႔ လုပ္ကိုင္ေနခဲ့တဲ့ မိန္းမေခ်ာေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*