ကိုယ့္ကို ဟိုတယ္မွာအဆံုးမစီရင္ခင္ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားလႉဒါန္းမည္ျဖစ္ေၾကာင္း မွတ္စုေရးသားခဲ့တဲ့ အမ်ိဳးသား

ၿပီးခဲ့တဲ့ December 2 ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Teluk Kumbar ၿမိဳ႕မွာ႐ွိတဲ့ ဟိုတယ္ရဲ႕ 24လႊာမွ အမ်ိဳးသားတစ္ဦးဟာ ခုန္ခ်ၿပီးကိုယ့္ကိုအဆံုးစီရင္ခဲ့မႈျဖစ္ပြားခဲ့ပါတယ္ ။ အဆံုးစီရင္မႈမျဖစ္ပြားခင္ အဆိုပါအမ်ိဳးသားဟာ သူေသဆံုးသြားခဲ့လ်ွင္ သူ၏ကိုယ္အဂၤါအစိတ္အပိုင္းမ်ားကို လႉဒါန္းေပးသြားမည္ျဖစ္ေၾကာင္း မွတ္စုေရးကာ ခ်န္ရစ္သြားခဲ့ပါတယ္ ။ အဆိုပါ အသက္ 30 အရြယ္အမ်ိဳးသားဟာ 8လႊာမွာ႐ွိတဲ့ ေရကူးကန္အတြင္းသို႔ ျပဳတ္က်သြားခဲ့ရတာျဖစ္ၿပီး အဆိုပါအျဖစ္အပ်က္ဟာ ညေန 6:30 အခ်ိန္ခန္႔မွာ ျဖစ္ပ်က္ခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအမ်ိဳးသားကို ဟိုတယ္႐ွိဝန္ထမ္းမ်ား ကယ္ဆယ္ေပးခဲ့စဥ္အခ်ိန္က အသက္႐ွင္ေနခဲ့ေသးေပမဲ့လည္း Balik Pulau ေဆးရံုသို႔ေရာက္ၿပီး မၾကာခင္မွာပဲ အသက္ေသဆံုးသြားခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

စံုစမ္းစစ္ေဆးေရး အရာ႐ွိေတြရဲ႕ေျပာဆိုခ်က္အရ ” ေသဆံုးသြားခဲ့တဲ့ အမ်ိဳးသားဟာ ဟိုတယ္မွာလာေရာက္တည္းခိုေနခဲ့တဲ့ ဧည့္သည့္မဟုတ္ပါဘူး ၊ ကိုယ့္ကို အဆံုးစီရင္ဖို႔သတ္သတ္နဲ႔ ေရာက္႐ွိလာခဲ့သူျဖစ္ပါတယ္ ၊ သို္႔ေပမဲ့လည္း ကြၽန္ေတာ္တို႔ ဆက္လက္ၿပီး စံုစမ္းစစ္ေဆးမႈေတြကို ျပဳလုပ္ေနပါတယ္ ” ဆိုၿပီး ေျဖၾကားခဲ့ပါတယ္ ။ အဆိုပါမွတ္စုစာအုပ္ႏွင့္ အစျပဳၿပီး စံုစမ္းစစ္ေဆးမႈမ်ားကို ရဲအရာ႐ွိမ်ားက အေလးထားၿပီး စစ္ေဆးေဆာင္ရြက္ေပးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ December 2 ရက်နေ့က မလေးရှားနိုင်ငံ ၊ Teluk Kumbar မြို့မှာရှိတဲ့ ဟိုတယ်ရဲ့ 24လွှာမှ အမျိုးသားတစ်ဦးဟာ ခုန်ချပြီးကိုယ့်ကိုအဆုံးစီရင်ခဲ့မှုဖြစ်ပွားခဲ့ပါတယ် ။ အဆုံးစီရင်မှုမဖြစ်ပွားခင် အဆိုပါအမျိုးသားဟာ သူသေဆုံးသွားခဲ့လျှင် သူ၏ကိုယ်အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မှတ်စုရေးကာ ချန်ရစ်သွားခဲ့ပါတယ် ။ အဆိုပါ အသက် 30 အရွယ်အမျိုးသားဟာ 8လွှာမှာရှိတဲ့ ရေကူးကန်အတွင်းသို့ ပြုတ်ကျသွားခဲ့ရတာဖြစ်ပြီး အဆိုပါအဖြစ်အပျက်ဟာ ညနေ 6:30 အချိန်ခန့်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအမျိုးသားကို ဟိုတယ်ရှိဝန်ထမ်းများ ကယ်ဆယ်ပေးခဲ့စဉ်အချိန်က အသက်ရှင်နေခဲ့သေးပေမဲ့လည်း Balik Pulau ဆေးရုံသို့ရောက်ပြီး မကြာခင်မှာပဲ အသက်သေဆုံးသွားခဲ့ရကြောင်း သိရှိရပါတယ် ။

စုံစမ်းစစ်ဆေးရေး အရာရှိတွေရဲ့ပြောဆိုချက်အရ ” သေဆုံးသွားခဲ့တဲ့ အမျိုးသားဟာ ဟိုတယ်မှာလာရောက်တည်းခိုနေခဲ့တဲ့ ဧည့်သည့်မဟုတ်ပါဘူး ၊ ကိုယ့်ကို အဆုံးစီရင်ဖို့သတ်သတ်နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ် ၊ သို့်ပေမဲ့လည်း ကျွန်တော်တို့ ဆက်လက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ် ” ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ အဆိုပါမှတ်စုစာအုပ်နှင့် အစပြုပြီး စုံစမ်းစစ်ဆေးမှုများကို ရဲအရာရှိများက အလေးထားပြီး စစ်ဆေးဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကိုယ့္ကို ဟိုတယ္မွာအဆံုးမစီရင္ခင္ ကိုယ္အဂၤါအစိတ္အပိုင္းမ်ားလႉဒါန္းမည္ျဖစ္ေၾကာင္း မွတ္စုေရးသားခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*