6 နှစ်ပြည့် Anniversary မှာ ချစ်သူကောင်မလေးရဲ့ အိပ်ခန်းကို အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့တဲ့ အမျိုးသား



.

.

.

.

.

.

.

.

.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

နှစ်ပတ်လည်တွေမှာ ကိုယ့်ရဲ့ချစ်သူအတွက် ချစ်မေတ္တာတွေ ထုတ်ပြဖို့ဆိုရင် အချို့ကလက်ဆောင် ၊ ပန်းစည်း ၊ ချောကလက်စတာတွေ ပေးတတ်ကြပါတယ် ။ ဒါပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားကတော့ သူ့ရဲ့ချစ်သူအတွက် မထင်ထားလောက်တဲ့ အလိုအပ်ဆုံးသော အရာကိုဖန်တီးပေးခဲ့ပါတယ် ။ Genova အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ချစ်သူကောင်မလေးဖြစ်တဲ့ Mariz နဲ့ 6 နှစ်ပြည့် Anniversary မှာ လက်ဆောင်အနေနဲ့ သူမရဲ့အိပ်ခန်းကို ပြုပြင်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ Mariz ဟာ သူမရဲ့ဖခင်သေဆုံးပြီးနောက်ပိုင်း သူမရဲ့အိပ်ခန်းဟာ တစ်ကယ့်ကိုဂိုဒေါင်ခန်းတစ်ခုလိုဖြစ်နေပြီး ပြုပြင်ပြောင်းလဲပေးမဲ့သူ မရှိခဲ့ပါဘူး ။ ဒါကြောင့် အိပ်ခန်းပြုပြင်ခွင့်ပေးဖို့ Genova က Mariz ဆီ အကြိမ်ကြိမ်တောင်းဆိုပြီး နောက်ဆုံးမှ ပြုပြင်ပေးခွင့်ရခဲ့တာပါ ။

အလှဆင်ရတာကြိုက်တဲ့ချစ်သူအတွက် အခန်းတစ်ခုလုံးရဲ့ နရံတွေပါပြောင်းလဲပြီး ပန်းရောင်ဆေးသုတ်ပေးခဲ့တဲ့အပြင် ၊ မျက်နှာကြက်တွေကိုပါ အကုန်ပြုပြင်ပေးခဲ့ပါတယ် ။ နံရံကတ်ပန်ကာတွေပါ လဲလှယ်ပေးပြီး ချစ်သူကြိုက်တဲ့ Hello Kitty ရုပ်လေးတွေနဲ့ အလှဆင်ပေးခဲ့ပါတယ် ။အိပ်ယာခင်း ၊ ကြမ်းပြင် ၊ မှန်တင်ခုံ ၊ တံခါးတွေပါ အကုန်ပြောင်းလဲပေးခဲ့ပြီး ချစ်သူအကြိုက် မုန့်သေတ္တာတစ်ဘူးလုံးပါ လက်ဆောင်အဖြစ်ထားရစ်ပေးခဲ့ပါသေးတယ် ။ တစ်ကယ့်ကို ချစ်သူအပေါ် သိတတ်လွန်းတဲ့ ကောင်လေးလို့ သတ်မှတ်ရလောက်အောင်ပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "6 နှစ်ပြည့် Anniversary မှာ ချစ်သူကောင်မလေးရဲ့ အိပ်ခန်းကို အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*