အရွယ်နဲ့မလိုက်အောင် မိဘတွေရဲ့အလုပ်မှာလိုက်လံကူညီပေးတတ်လို့ အင်တာနက်ပေါ်မှာအတော်လေးရေပန်းစားနေတဲ့ 5 နှစ်သားလေး




JRose (Mckzone Daily)

Source : gtgoodtimes

Unicode

မကြာသေးမီက Cikgu Emmet (Teacher Emmet) အမည်ရှိ netizen တစ်ဦးဟာ Facebook ပေါ်မှာ Joaquim Johaness အမည်ရှိ လူငယ်လေးတစ်ဦးရဲ့ အ‌ကြောင်းကိုမျှဝေခဲ့ပါတယ် ။ ဒီ post မှာ ကောင်လေးဟာ အိမ်မှုကိစ္စတွေကို ကူညီပေးနေတဲ့ ကလေးငယ်ရဲ့ ဓာတ်ပုံကြောင့် အင်တာနက်ပေါ်ကလူတွေကို ရူးသွပ်စေခဲ့ပါတယ် ။ ထို post အရ, Joaquim Johaness ကို လူအများက ချစ်ခင်ခြင်းကြောင့် Jojo အဖြစ် လူသိများပြီး မိဘရဲ့အလုပ်တွေကို အတော်လေးကြိုးစားအားထုတ် ကူညီနေတဲ့ 5 နှစ်အရွယ်ကလေးဘဲ ဖြစ်ပါတယ် ။ ကောင်လေးက မလေးရှားနိုင်ငံ၊ Sarawak ပြည်နယ်ရှိ Sekolah Kebangsaan St. Augustine Betong မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ဦး ဖြစ်ပါတယ် ။

Cikgu Emmet က သူ့ရဲ့ post မှာ ပြောကြားခဲ့တာက မြို့က ကလေးတွေဆို သူတို့ရဲ့ အားလပ်တွေမှာ gadgets ၊ ဗီဒီယိုဂိမ်းတို့နဲ့ အချိန်ကိုဖြုန်းတီးနေကြသော်လည်း Jojo လို ကျေးလက်ဒေသမှာ နေထိုင်တဲ့ကလေးတွေက လွတ်လပ်မှုကို မြှင့်တင်ရန် အထောက်အကူပြုတဲ့ အကျိုးပြုကာယလှုပ်ရှားမှုတွေနဲ့ သူ့ရဲ့အချိန်ကို အသုံးချခဲ့ပါတယ် ။ ” အသက် ၅ နှစ်သာရှိသေးတယ်ဆိုပေမဲ့ Jojo က သူ့ရဲ့ အိမ်က အလုပ်တွေကို ကူညီရန် သိတက်သူတစ်ဦးပါ ။ သူက အဘိုးအဘွားတွေကို အိမ်မှုကိစ္စနဲ့ ဥယျာဉ်ခြံလုပ်ငန်းတွေကိုလည်း ကူညီတယ် ။ သူကတောင် အဘိုးရဲ့ကြီးကြပ်မှုအောက်မှာ ဘယ်လိုလည်ပတ်ရမယ်ဆိုတာ သင်ယူခဲ့ပါတယ် ” လို့ Cikgu Emmet က ဆိုပါတယ် ။

Jojo က အဘိုးအဘွားတွေရဲ့ အိမ်မှုကိစ္စများကိုကူညီရန် စိတ်အားထက်သန်မှုဟာ အင်တာနက်အသုံးပြုသူတွေကို အံ့သြစေခဲ့ပါတယ် ။ အချို့က မြို့ပြကလေးတွေ မိုဘိုင်းဖုန်းတွေ စွဲလမ်းခြင်းကြောင့် သူတို့ရဲ့ ကလေးဘဝတွင် အမှန်တကယ်ပျောက်ဆုံးနေတယ်လို့ Netizen တွေက ထောက်ပြကြပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အရွယ်နဲ့မလိုက်အောင် မိဘတွေရဲ့အလုပ်မှာလိုက်လံကူညီပေးတတ်လို့ အင်တာနက်ပေါ်မှာအတော်လေးရေပန်းစားနေတဲ့ 5 နှစ်သားလေး"

Leave a comment

Your email address will not be published.


*