ခက်ခဲဆင်းရဲလွန်းလို့ ဟင်းမပါဘဲ ထမင်းတွေချည်းသာထုပ်ပြီး ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသူလေးရဲ့အဖြစ်



JRose (Mckzone Daily)

Source : rachfeed

Unicode

ဖိလစ်ပိုင်နိုင်ငံ တစ်ခွင်လုံးရှိ ကလေးငယ်များဟာ ဆင်းရဲတဲ့ မိသားစုများမှ ဆင်းသက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို တစ်နေ့လျှင် သုံးကြိမ်အစားအစာကျွေးမွေးရန်ပင် မတတ်နိုင်ကြပါဘူး ။ ကလေးငယ်တွေကို ကျောင်းမှာ နေ့လည်စာကိုလည်း ထုတ်သွားခွင့်မပေးကြပါဘူး ။ ဒါကဝမ်းနည်းဖွယ်အဖြစ်မှန်ပါပဲ ။ ဒါပေမဲ့ အထင်ကြီးစရာကတော့ ထိုကလေးငယ်တွေဟာ ကျောင်းသွားဖို့ စိတ်ပိုင်းဖြတ်နေကြတယ်ဆိုတာပါပဲ ။ ဗိုက်ဆာနေကြပေမဲ့ အတန်းကိုတော့ လုံးဝမပျက်ကွက်ကြပါဘူး ။ Facebook စာမျက်နှာ D30 မှာ ပျံ့နှံ့သွားတဲ့ ကြေကွဲဖွယ်အကြောင်းတစ်ခုမှာ မိန်းကလေးငယ်တစ်ဦးဟာ သူမရဲ့ နေ့လည်စာအတွက် ထမင်းသာစားနေတာကို တွေ့ရပါတယ် ။ ဟင်းမပါဘူးဆိုတော့ သိပ်မကောင်းပေမဲ့ ဆာလောင်နေတာကြောင့် ထမင်းကိုသာ အားရပါးရ စားသုံးနေပါတယ် ။

သူမဟာ အစားအစာအလုံအလောက်မရှိတာကြောင့် မနက်စာကောင်းကောင်းလည်းမစားရသလို ညစာစားဖို့လည်း တခါတရံမှာ မရှိသလောက်ဖြစ်ရပါတယ် ။ ဒါပေမဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကြောင့် သူမဟာ ကျောင်းတက်ဖို့ ဆက်လက်လေ့လာနေဆဲပါဘဲ ။ အင်တာနက်အသုံးပြုသူအများစုက ဒီမိန်းကလေးဟာ ပိုကောင်းတဲ့အနာဂတ်ရှိမယ်လို့ ယုံကြည်‌နေကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ ငယ်ငယ်ရွယ်ရွယ်နဲ့တောင် သူမအခြေအနေကို ဘယ်လိုအကျိုးရှိရှိ အသုံးချရမလဲဆိုတာ သူသိနေခဲ့ပါတယ် ။ ဆင်းရဲနေပေမယ့် သူမကျောင်းကို ပျက်ကွက်ခြင်းမရှိခဲ့တာကြောင့် Netizen များစွာက ချီးမွမ်းနေကြပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ခက်ခဲဆင်းရဲလွန်းလို့ ဟင်းမပါဘဲ ထမင်းတွေချည်းသာထုပ်ပြီး ကျောင်းတက်ခဲ့ရတဲ့ ကျောင်းသူလေးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*