အလုပ်တွေကြိုးစားပြီး နောက်ဆုံးမှာ ကမ်းခြေသို့ပျော်ပွဲစားထွက်ချင်တဲ့ မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ဝမ်းသာနေခဲ့တဲ့အမျိုးသား



.

.

.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : rachfeed

Unicode

မိဘတွေ အသက်ရှင်နေသေးစဉ်ကာလမှာ သူတို့ကို ကျွ‌န်‌တော်တို့ ပျော်ရွှင်အောင်ထားပေးနိုင်ခြင်းက အလွန်ကောင်းပါတယ် ။ မိဘတွေကို ပျော်ရွှင်အောင်ထားနိုင်တဲ့ သားသမီးတွေက ကြီးပွားတိုးတက်ကြပါတယ် ။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ Muhammad Hasif က ကောင်းမွန်တဲ့အလုပ်များရှာဖွေရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသော်လည်း ယခုမှာ သူရဲ့တည်ငြိမ်တဲ့အလုပ်အကိုင်နဲ့ အပိုဝင်ငွေများရှိလာပြီး မိခင်ဖြစ်သူကို အားလပ်ရက်တွေမှာ ကမ်းခြေသို့ ခေါ်ဆောင်သွားပြီး ပျော်ရွှင်မှုတွေ ပေးစွမ်းခဲ့ပါတယ် ။ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ Hasif ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သူ့မိခင်ဖျားနာနေတာကြောင့် သူမက သူငယ်ချင်းတွေနဲ့ ကမ်းခြေမှာ အပန်းဖြေခရီးထွက်ရန် မိခင်ဖြစ်သူက သူမရဲ့အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာ ရောဂါများစွာနဲ့ မိခင်ဖြစ်သူမှာ ဆေးလိုအပ်ခဲ့ပြီး ထိုဆေးဝါးများအတွက် ငွေရှာဖွေရန် ရုန်းကန်ခဲ့ရပါတယ် ။

နောက်ဆုံးမှာ မိခင်ရဲ့အိမ်မက်ကို Hasif က ကျွန်းမှာ အပန်းဖြေဖို့အတွက် လက်မှတ်များကြိုတင်မှာယူခဲ့ပြီး မိခင်ကိုပြလိုက်တဲ့အခါမှာ အံ့သြသွားပြီး သူမ မျက်ရည်များကျခဲ့ရပါတယ် ။ Hasif ရဲ့မိခင်က မိသားစုကို ထောက်ပံ့ရန် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပေါင်ခဲ့တဲ့ ရွှေဆွဲကြိုးကို Hasif က ဆင်တူပြန်ဝယ်ခဲ့ပြီး မိခင်ကို လက်ဆောင်ပေးခဲ့ပါသေးတယ် ။ Tioman ကျွန်းမှာ ရေကူးခြင်း၊ ပျော်ပွဲစားခြင်း၊ ဒေသဆိုင်ရာအစားအစာများကို စားသုံးခြင်းနဲ့ စက်ဘီးစီးခြင်းစတဲ့ ပျော်ရွှင်ဖွယ်အချိန်များကို သူတို့သားအမိ ခံစားရရှိခဲ့ကြပါတယ် ။ ” နောက်ဆုံးတော့ ငါ့မိခင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ကျွန်တော် ပျော်ရွှင်မဆုံးဖြစ်မိတယ် ” လို့ Hasif က ဆိုခဲ့ပါတယ် ။ အပန်းဖြေခရီးထွက်ခြင်းဟာ အကောင်းဆုံးအားလပ်ရက်များထဲမှ တစ်ခုဖြစ်ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "အလုပ်တွေကြိုးစားပြီး နောက်ဆုံးမှာ ကမ်းခြေသို့ပျော်ပွဲစားထွက်ချင်တဲ့ မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့လို့ ဝမ်းသာနေခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*