ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ခ်စ္သူဆီကေန တစ္လအၾကာမွ စာတစ္ေစာင္လက္ခံရ႐ွိခဲ့တဲ့ ေကာင္ေလး

အခုေခတ္ ခ်စ္သူရည္းစားအခ်င္းခ်င္း ရည္းစားစာေတြေပးၾကတာမ်ိဳး မျမင္ဖူးၾကေလာက္ေတာ့ေအာင္ပါပဲ ။ အေၾကာင္းကေတာ့ နည္းပညာေတြတိုးတက္လာတာေၾကာင့္ message ေတြနဲ႔သာေပးပို႔ၾကရင္း ၊ ရည္းစားစာေစာင္ေတြ လက္ခံရ႐ွိၾကတာမ်ိဳး သိပ္မ႐ွိၾကေတာ့ပါဘူး ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ Leomar အမည္႐ွိတဲ့အမ်ိဳးသား နဲ႔ Julie Ann အမည္႐ွိတဲ့ စံုတြဲရဲ႕ အျဖစ္အပ်က္က အေတာ့္ကို ရင္နင့္ဖြယ္ေကာင္းလြန္းလွပါတယ္ ။ သူတို႔ႏွစ္ဦးဟာ 2014 ခုႏွစ္ကတည္းက ခ်စ္သူရည္းစားေတြျဖစ္ခဲ့ၾကတာပါ ။

သာမွန္ သမီးရည္းစားေတြလို ရန္ျဖစ္လိုက္ ၊ ျပန္ခ်စ္လိုက္နဲ႔ သူတို႔ရဲ႕ခ်စ္သူသက္တမ္းဟာ အေတာ္ေလးကို ႐ွည္ခဲ့ပါတယ္ ။ တစ္ရက္မွာေတာ့ မထင္ထားတဲ့အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့ပါတယ္ ။ အဲတာကေတာ့ ခ်စ္သူေကာင္မေလး Julie ဟာ ႐ုတ္တရက္ႏွလံုးေရာဂါနဲ႔ ေသဆံုးသြားခဲ့လို႔ပါ ။

တစ္လအၾကာမွ Julie ရဲ႕ မိခင္ျဖစ္သူဟာ သူမရဲ႕အခန္းကို႐ွင္းရင္း အံဆြဲထဲမွ Leomar အတြက္ ေရးထားတဲ့ ရည္းစားစာကို ေတြ႔ခဲ့တာပါ ။ စာေလးထဲမွာေတာ့ သူမဟာ ေသဆံုးသြားဖို႔ မရည္ရြယ္ထားေပမဲ့ အကယ္၍႐ုတ္တရက္ ေသဆံုးသြားခဲ့ရင္ သူမကေတာ့ Leomar ကို အျမဲေပ်ာ္ရႊင္ေစခ်င္လို႔ ၊ ကိုယ္နဲ႔သင့္ေတာ္တဲ့ လက္တြဲေဖာ္ကို႐ွာဖို႔ Leomar ကိုေျပာခဲ့ၿပီး ၊ သူမအတြက္ Leomar က ဘယ္ေလာက္ေတာင္ အေရးပါခဲ့လည္းဆိုတာကိုပါ ေရးသားထားခဲ့ပါတယ္ ။ အဆိုပါစာေလးေၾကာင့္ က်န္ရစ္ေနခဲ့တဲ့ Leomar တစ္ေယာက္ ရင္နင့္ေနေအာင္ ခံစားခဲ့ရေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source : rachfeed

Unicode

အခုခေတ် ချစ်သူရည်းစားအချင်းချင်း ရည်းစားစာတွေပေးကြတာမျိုး မမြင်ဖူးကြလောက်တော့အောင်ပါပဲ ။ အကြောင်းကတော့ နည်းပညာတွေတိုးတက်လာတာကြောင့် message တွေနဲ့သာပေးပို့ကြရင်း ၊ ရည်းစားစာစောင်တွေ လက်ခံရရှိကြတာမျိုး သိပ်မရှိကြတော့ပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ Leomar အမည်ရှိတဲ့အမျိုးသား နဲ့ Julie Ann အမည်ရှိတဲ့ စုံတွဲရဲ့ အဖြစ်အပျက်က အတော့်ကို ရင်နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။ သူတို့နှစ်ဦးဟာ 2014 ခုနှစ်ကတည်းက ချစ်သူရည်းစားတွေဖြစ်ခဲ့ကြတာပါ ။

သာမှန် သမီးရည်းစားတွေလို ရန်ဖြစ်လိုက် ၊ ပြန်ချစ်လိုက်နဲ့ သူတို့ရဲ့ချစ်သူသက်တမ်းဟာ အတော်လေးကို ရှည်ခဲ့ပါတယ် ။ တစ်ရက်မှာတော့ မထင်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ် ။ အဲတာကတော့ ချစ်သူကောင်မလေး Julie ဟာ ရုတ်တရက်နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့လို့ပါ ။

တစ်လအကြာမှ Julie ရဲ့ မိခင်ဖြစ်သူဟာ သူမရဲ့အခန်းကိုရှင်းရင်း အံဆွဲထဲမှ Leomar အတွက် ရေးထားတဲ့ ရည်းစားစာကို တွေ့ခဲ့တာပါ ။ စာလေးထဲမှာတော့ သူမဟာ သေဆုံးသွားဖို့ မရည်ရွယ်ထားပေမဲ့ အကယ်၍ရုတ်တရက် သေဆုံးသွားခဲ့ရင် သူမကတော့ Leomar ကို အမြဲပျော်ရွှင်စေချင်လို့ ၊ ကိုယ်နဲ့သင့်တော်တဲ့ လက်တွဲဖော်ကိုရှာဖို့ Leomar ကိုပြောခဲ့ပြီး ၊ သူမအတွက် Leomar က ဘယ်လောက်တောင် အရေးပါခဲ့လည်းဆိုတာကိုပါ ရေးသားထားခဲ့ပါတယ် ။ အဆိုပါစာလေးကြောင့် ကျန်ရစ်နေခဲ့တဲ့ Leomar တစ်ယောက် ရင်နင့်နေအောင် ခံစားခဲ့ရကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ကြယ္လြန္သြားခဲ့ၿပီျဖစ္တဲ့ ခ်စ္သူဆီကေန တစ္လအၾကာမွ စာတစ္ေစာင္လက္ခံရ႐ွိခဲ့တဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*