Online ပေါ်ကနေ နှစ်ယောက်အိပ်တဲကိုမှာယူခဲ့ပေမဲ့လည်း ခြေထောက်နှစ်ဖက်ထည့်လို့တောင်မရလို့ အခက်တွေ့နေတဲ့အမျိုးသား



Jasmine (Mckzone Daily)

Source : rachfeed

Unicode

ဒီနောက်ပိုင်လူတွေအတော်များများက လိုအပ်တာတွေရှိရင် online ပေါ်ကနေသာ ဝယ်ယူလာတတ်ကြတဲ့အပြင် ၊ အိမ်အထိ delivery ပါရှိနေခဲ့လို့ အတော်လေးကို အဆင်ပြေနေခဲ့တာပါ ။ သို့ပေမဲ့လည်း အချို့သောသူတွေကတော့ online ပေါ်ကနေ ဝယ်ယူသူတွေကို လှည့်စားချင်ကြသူတွေလည်း အမြောက်အများရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ David Adam အမည်ရှိတဲ့အမျိုးသားဟာ စကော့တလန်မှာ တောင်တက်ဖို့ဆိုပြီး အလွယ်တကူသယ်ယူရလွယ်အောင် တဲအိမ်လေးဝယ်ယူဖို့ကြိုးစားခဲ့ပါတယ် ။ ဒါကြောင့် online ပေါ်ကနေ $66.25 ပေးရတဲ့ ယောင်္ကျားနှစ်ယောက်အိပ်လို့ရတဲ့ မိုးကာတဲကိုမှာယူခဲ့ပါတယ် ။

ပစ္စည်းအိမ်သို့ရောက်ရှိလာခဲ့ချိန်မှာတော့ David မှာ အတော်အံ့အားသင့်ခဲ့ရပါတယ် ။ မိုးကာတဲလေးက လက်နှစ်ဖက်ပေါ်မှာ တင်ထားလို့ရပြီး ၊ ခြေထောက်တွေထည့်ရင်တောင်မဆံ့ပါဘူး ။ ဒါ့အပြင် David ရဲ့ သမီးငယ်လေး ဝင်နေတာတောင် လုံးဝမဆံ့လို့ online ပေါ်ကနေ သိသိသာသာ လှည့်စားခံလိုက်ရတဲ့ David ရဲ့ အဖြစ်က အတော့်ကိုဆိုးဝါးလွန်းတယ်လို့ ပြောရလောက်အောင်ပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "Online ပေါ်ကနေ နှစ်ယောက်အိပ်တဲကိုမှာယူခဲ့ပေမဲ့လည်း ခြေထောက်နှစ်ဖက်ထည့်လို့တောင်မရလို့ အခက်တွေ့နေတဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*