ရထားဘူတာရဲ့ ကြမ်းပြင်ပေါ်မှာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ တစ်ယောက်တည်းအိမ်စာတွေလုပ်နေခဲ့တဲ့ မိန်းကလေး



Jasmine (Mckzone Daily)

Source : rachfeed

Unicode

ရထားဘူတာဆိုတာ တစ်ကယ်တမ်းကလေးတွေအတွက် အဆင်ပြေစေမဲ့နေရာတော့ မဟုတ်ပါဘူး ။ အထူးသဖြင့် စာတွေလေ့လာသင်ယူချင်ကြတဲ့ ကလေးတွေအတွက်ဆိုရင်ပေါ့ ။ သို့ပေမဲ့လည်း အချို့အိန္နိယနိုင်ငံက ကလေးတွေဟာ နေအိမ်မှာ လျှပ်စစ်မီးမရလို့ အခုလို အခက်အခဲကြုံနေရသူအများကြီးပါ ။ဒီတစ်ခေါက်ဖော်ပြမဲ့ ဓာတ်ပုံထဲက ကလေးငယ်ဟာဆိုရင် ဖိနပ်မပါ ၊ စားပွဲခုံမရှိ ၊ ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်ဘဲ သူမရဲ့ ကျောင်းသင်ခန်းစာကိုသာ အာရုံစိုက်ပြီး ပြုလုပ်နေခဲ့တာပါ ။

အဆိုပါ မိန်းကလေးရဲ့ဓာတ်ပုံဟာ online ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများက ဓာတ်ပုံဝေမျှသူ Rider Rakesh အမည်ရှိသူကို ဆက်သွယ်ပြီး ကလေးငယ်ရဲ့အခြေအနေကို မေးမြန်းကာ ၊ လိုအပ်တဲ့အရာများ ထောက်ပံ့ပေးလိုကြောင်း နှင့် သူမနဲ့မိသားစုအတွက် ဆိုလာအားသွင်းမီးများကူညီပေးချင်ကြောင်း လူအတော်အများက ကမ်းလှမ်းလာခဲ့ကြကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ရထားဘူတာရဲ့ ကြမ်းပြင်ပေါ်မှာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ တစ်ယောက်တည်းအိမ်စာတွေလုပ်နေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*