ကြင်နာလွန်းတဲ့သူ့ရဲ့လုပ်ရပ်အတွက် ဒေါ်လာ ၅၀၀ တန်ဖိုးရှိတဲ့ bonus tip ငွေများကို ပြန်လည်လက်ခံရရှိခဲ့ရတဲ့ စားပွဲထိုးတစ်ဦး

သင်ကောင်းတာလုပ်လိုက်အခါ သင့်ရဲ့စိတ်ခံစားချက်ကလည်း ကောင်းမွန်နေပါလိမ့်မယ်။တစ်ခါတစ်ရံ ကောင်းမြတ်ခြင်းဟာ သင့်ထံ မမျှော်လင့်တဲ့နည်းလမ်းများဖြင့် ပြန်ရောက်လာနိုင်ပါတယ်။အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kasey Simmons အမည်ရှိအမျိုးသားဟာ အမေရိကန်နိုင်ငံ Texas ပြည်နယ် Dallas မြို့ရှိ Applebee အမည်ရှိစားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်နေပါတယ်။တစ်နေ့မှာ ဖောက်သည်တစ်ဦးက ဆိုင်သို့လာသွားပြီး သူ့အား များပြားတဲ့ tip ( bonus ပိုက်ဆံ၊ အပိုဆုပေးတဲ့ပိုက်ဆံ)ကို ပေးခဲ့တာကြောင့် သူဟာ အတော်လေး အံ့အားသင့်သွားခဲ့ရပါတယ်။

“ အဲ့ဒီဖောက်သည်တွေက ဆိုင်မှာရှိတဲ့ဈေးအပေါဆုံးဖြစ်တဲ့ ရေကို မှာခဲ့တာ” ဟု Simmons က CNN သတင်းသို့ ပြောကြားခဲ့ပါတယ်။စုစုပေါင်း ကုန်ကျစရိတ်က ဒေါ်လာ 0.37 သာဖြစ်ပေမဲ့ ကျန်တဲ့အစွန်းအဖျား tip ငွေက ဒေါ်လာ 500 (8 သိန်းကျော်)ဖြစ်နေခဲ့ပြီး လက်ကိုင်ပုဝါမှာ Simmonsအတွက် စာတိုလေးပါရေးပေးခဲ့ပါသေးတယ်။

ဆိုင်ရဲ့အတွင်းခန်းထဲမှာသာ အမြဲရှိနေခဲ့တဲ့ Simmons ဟာ လွန်ခဲ့တဲ့နေ့တစ်နေ့မှာတော့ check line မှာ တာဝန်ကျသွားခဲ့ပြီးနောက် သူဟာ အလွန်အမင်းစိတ်ပျက်အားငယ်နေတဲ့သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါတယ်။အခြားသူများက သူမကို အရေးမလုပ်ကြပေမဲ့ Simmons ဟာ သူမနှင့်အတူ စကားစမြည်ပြောကာ အချိန်ယူခဲ့ပါတယ်။

ထို့နောက် အမျိုးသမီးကြီးဟာ သူမဘာလို့ဝမ်းနည်းနေရတဲ့အကြောင်းကို Simmons အား ပြောပြခဲ့ပြီး Simmons ကလည်း သူမအားတက်လာအောင် အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။

Simmonsက သူမရဲ့စားသောက်စရိတ်ကိုပါ ရှင်းပေးဖို့တောင် ကမ်းလှမ်းခဲ့ပါသေးတယ်။“ အဲ့ဒါက ဒေါ်လာ 17 ပါဘဲ ၊ ကျွန်တော့်အတွက် ပိုက်ဆံက အရေးမကြီးပါဘူး၊ ဒါက ကျွန်တော်ဂရုစိုက်တဲ့လူတစ်ယောက်ကို ပြသတဲ့ကျွန်တော့်ရဲ့စေတနာပါ” လို့ Simmons က ပြောပြခဲ့ပါတယ်။အဆိုပါအမျိုးသမီးကြီးရဲ့သမီးဟာ ၎င်းအဖြစ်အပျက်ကို ကြားသိခဲ့ရပြီးနောက်
Simmons ထံသို့ သွားရောက်ခဲ့ပါတယ်။

သူမဟာ Simmons အတွက် ရက်ရက်ရောရောနဲ့များပြားတဲ့ tip ငွေကို ပေးကာ သူ့အတွက် မှတ်စုစာလေးပါရေးထားပေးခဲ့ပါတယ်။“နှစ်တစ်နှစ်အတွင်း စိတ်ပျက်စရာအကောင်းဆုံးနေ့တစ်နေ့မှာ ကျွန်မအမေရဲ့နေ့တစ်နေ့ကို ပျော်ရွှင်စရာကောင်းအောင်လုပ်ပေးခဲ့တယ်၊ အမေက အရမ်းကို လှပတဲ့အမျိုးသမီးတစ်ယောက်ပါ ၊ ရှင့်ကြောင့် အဲ့နေ့မှာ အမေက အတော်လေး ပျော်ရွှင်ခဲ့ရတယ် ၊ ရှင့်ကို ပေးရမယ် ၊အဖေဆုံးပြီးကတည်းက အမေ့ရဲ့အပြုံးကို ကျွန်မတစ်ခါမှ မမြင်ခဲ့ရဘူး၊ဒါကြောင့် ရှင့်ကို ကျေးဇူးတင်မိတယ် ” လို့ သူမက မှတ်စုစာလေး ရေးပေးခဲ့ပါတယ်။

ဟုတ်ပါတယ် ၊ သင်ပြုလိုက်တဲ့ အနည်းငယ်သော ကြင်နာမှုက သူတစ်ပါးအတွက် တကယ့်ကို အဖိုးတန်လှပြီး ရေရှည်တည်ရှိနေတတ်ပါတယ်။ကျွန်တော်တို့တွေက ကြင်နာတတ်တဲ့နှလုံးသားတွေပိုင်ဆိုင်ထားတဲ့လူသားတွေဖြစ်တာကြောင့် သူတစ်ပါးအပေါ် ကောင်းမွန်ကြင်နာစွာ ဆက်ဆံပေးဖို့ ဘယ်တော့မှ ဝန်မလေးလိုက်ကြပါနဲ့ဗျာ။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "ကြင်နာလွန်းတဲ့သူ့ရဲ့လုပ်ရပ်အတွက် ဒေါ်လာ ၅၀၀ တန်ဖိုးရှိတဲ့ bonus tip ငွေများကို ပြန်လည်လက်ခံရရှိခဲ့ရတဲ့ စားပွဲထိုးတစ်ဦး"

Leave a comment

Your email address will not be published.


*