လူအသွားအလာနဲတဲ့နေရာမှာ outdoor မင်္ဂလာပွဲကျင်းပခဲ့ပေမဲ့လည်း မိုးရွာသွန်းခဲ့တဲ့ ထင်ထားသလိုဖြစ်မလာခဲ့တဲ့စုံတွဲ



.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

လူအတော်များများဟာ သူတို့ရဲ့မင်္ဂလာပွဲအတွက် အချိန်ကုန် ၊ ငွေကုန် ၊ လူပင်ပန်းခံပြီး စီစဉ်နေကြရတာပါ ။ စုံတွဲအတော်များများက အဆင်ပြေတဲ့ မင်္ဂလာပွဲဖြစ်ခဲ့ပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ Guerlain Felice Arada Crauz နဲ့ Carl Crauz အမည်ရှိတဲ့ စုံတွဲရဲ့ မင်္ဂလာပွဲကတော့ ထင်ထားသလို မဖြစ်ခဲ့ပါဘူး ။ သတို့သမီးကိုယ်တိုင်က အဆိုပါလူအသွားအလာနဲတဲ့ တောင်ကုန်းလေးမှာ သူမရဲ့မင်္ဂလာပွဲအတွက် ကိုယ်တိုင်အစီအစဉ် ဆွဲခဲ့တာပါ ။ သို့ပေမဲ့လည်း မင်္ဂလာပွဲနေ့မှာ ရာသီဥတုသာယာနေခဲ့ပေမဲ့လည်း မင်္ဂလာနေရာသို့ သတို့သား နဲ့ သတို့သမီး ရောက်ရှိလာခဲ့ချိန်မှာမှ မိုးက သဲကြီးမဲကြီးရာသွန်းခဲ့ပါတယ် ။

ပွဲလာဧည့်သည်တွေကတော့ ထီးလေးဆောင်းပြီး ၎င်းတို့စုံတွဲကို အားပေးဂုဏ်ပြုခဲ့လို့ သိုက်သိုက်မြိုင်မြိုင်လေးနဲ့တော့ မင်္ဂလာပွဲအဆုံးသတ်သွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း စုံတွဲနှစ်ယောက်လုံးက ထင်ထားသလို မဖြစ်လာခဲ့တဲ့ မင်္ဂလာပွဲဆိုပေမဲ့ တစ်သက်လုံးအမှတ်ရနေမဲ့ နေ့ရက်လေးဖြစ်ခဲ့ကြောင်း ပြောဆိုလာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လူအသွားအလာနဲတဲ့နေရာမှာ outdoor မင်္ဂလာပွဲကျင်းပခဲ့ပေမဲ့လည်း မိုးရွာသွန်းခဲ့တဲ့ ထင်ထားသလိုဖြစ်မလာခဲ့တဲ့စုံတွဲ"

Leave a comment

Your email address will not be published.


*