ဓာတ်ပုံဆိုင်အထိသွားဖို့ မတတ်နိုင်ပေမဲ့လည်း သားလေးရဲ့ဘွဲ့ဓာတ်ပုံကို နွေးထွေးပျော်ရွှင်စွာရိုက်ကူးပေးခဲ့ကြတဲ့ မိသားစုဝင်များ



Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

ဓာတ်ပုံဆိုင်အထိသွားပြီး ဓာတ်ပုံရိုက်ကူးဖို့ဟာ အတော်လေးကိုငွေကြေးအကုန်အကျများပါတယ် ။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံ ၊ lloilo မြို့မှာနေထိုင်တဲ့ မိသားစုတစ်စုကတော့ သားဖြစ်သူအတွက်လိုအပ်တဲ့ဘွဲ့ဓာတ်ပုံကို အဆင်ပြေအောင်ကိုယ်တိုင်ဖန်တီးပြီး ရိုက်ကူးပေးခဲ့ကြပါတယ် ။ နောက်ခံလိုက်ကာအနေနဲ့ အဖြူရောင်ခန်းဆီးကိုလိုအပ်နေလို့ ၊ အိမ်ဘေးက မိသားစုထံခန်းဆီး ငှါးရမ်းခဲ့ပါတယ် ။ ဒါ့အပြင် အဆိုပါခန်းဆီးကိုတော့ ဦးလေးဖြစ်သူ နှင့် ညီမဝမ်းကွဲတို့က ကိုင်ပေးထားပြီး ဖခင်ဖြစ်သူကတော့ ဖုန်းလေးနဲ့ဓာတ်ပုံရိုက်ကူးပေးခဲ့တာပါ ။

ဓာတ်ပုံရိုက်ကူးနေစဉ်အတွင် နွေးထွေးပျော်ရွှင်နေကြတဲ့ သူတို့လေးတွေရဲ့ပုံစံကို ဓာတ်ပုံထဲမှာ အထင်းသားကြီးမြင်တွေ့ရမှာပါ ။ ဓာတ်ပုံရိုက်ကူးပြီးချိန်မှာတော့ သေချာလေးကို edit ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ တကယ့်ကို ဘွဲ့လတ်မှတ်ဓာတ်ပုံကောင်တစ်ပုံရရှိသွားခဲ့ကြပါတယ် ။ မချမ်းသာပေမဲ့ အချင်းချင်း ကူညီဖေးမကြတဲ့ မိသားစုဝင်တွေရဲ့ ချစ်စဖွယ်အပြုအမှုတွေကို ဖော်ပြပေးခဲ့ကြတဲ့မိသားစုလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

Be the first to comment on "ဓာတ်ပုံဆိုင်အထိသွားဖို့ မတတ်နိုင်ပေမဲ့လည်း သားလေးရဲ့ဘွဲ့ဓာတ်ပုံကို နွေးထွေးပျော်ရွှင်စွာရိုက်ကူးပေးခဲ့ကြတဲ့ မိသားစုဝင်များ"

Leave a comment

Your email address will not be published.


*