ဆရာမ အျပင္ခဏထြက္တဲ့အခ်ိန္မွာ ဆရာမရဲ႕ဖုန္းကို သုံးၿပီး ရယ္စရာေကာင္းတဲ့ Vlog ႐ိုက္ျခင္းေၾကာင့္ ေရပန္းစားေနတဲ့ ကေလးငယ္မ်ား

ဆရာမျဖစ္သူက ဖုန္းကို စာသင္ခန္းထဲမွာခ်န္ၿပီး သူမအျပင္ခဏထြက္တဲ့အခ်ိန္မွာ ေက်ာင္းသာေတြက သူမရဲ႕ဖုန္းကို သုံးၿပီး ရယ္စရာေကာင္းတဲ့ ‘vlog’ ျပဳလုပ္ထားတာကိုေတြ႕ၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္မွာ တင္ထားတာကို ေတြ႕ရွိခဲ့ပါတယ္ ။ ဒီရယ္စရာေကာင္းတဲ့ Vlog ဟာ လ်င္လ်င္ျမန္ျမန္နဲ႔ ပ်ံ႕ႏွံ႔သြားၿပီး၊ အင္တာနက္အသုံးျပဳသူ ေတာ္ေတာ္မ်ားမ်ားက ဒီ vlogger ကေလးငယ္ေတြဟာ vlogging လုပ္ငန္းနယ္ပယ္မွာ တကယ့္ကို ေကာင္းတယ္လို႔ ခ်ီးက်ဴးေနခဲ့ပါတယ္ ။

ဗီဒီယိုမွတ္တမ္းထဲမွာ ကေလးတစ္ဦးက အဓိက vlogger အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး အတန္းမွ က်န္ေက်ာင္းသားေတြဟာ ေနာက္ဘက္ကေန ကင္မရာကို သူတို႔ရဲ႕မ်က္ႏွာေတြ ျပသခဲ့ပါတယ္ ။ “ မဂၤလာပါ၊ Nandito YouTube channel မွ ႀကိဳဆိုပါတယ္ ” ဆိုၿပီး သူမရဲ႕ အတန္းေဖာ္မ်ားက ေနာက္ကေန ေႂကြးေၾကာ္သံနဲ႔ အတူသူမက ‘vlog’ ကို ဖြင့္လိုက္ပါတယ္ ။ “ ဆရာမက ငါတို႔ စာေမးပြဲေျဖဆိုဖို႔…” ေျပာရာကေန ကေလးေတြက သူတို႔ရဲ႕ဆရာမ စာသင္ခန္းထဲ ျပန္လာေနၿပီဆိုတာကို သတိထားမိလို႔ ဒီဗီဒီယိုကို ပိတ္လိုက္ပါတယ္ ။ ဒါဟာ ဆရာမျဖစ္သူက သူမရဲ႕ ဖုန္း Gallery ကို ၾကည့္လိုက္တဲ့အခါမွသာ ကေလးေတြရဲ႕ ဗီဒီယိုအေၾကာင္းကို ေတြ႕ၿပီး ေနာက္ပိုင္းမွသာ ကေလးေတြက သူမရဲ႕ဖုန္းကိုအသုံးျပဳေၾကာင္းကို သိလိုက္ရပါတယ္ ။

JRose (Mckzone Daily)

Source : rachfeed

Unicode

ဆရာမဖြစ်သူက ဖုန်းကို စာသင်ခန်းထဲမှာချန်ပြီး သူမအပြင်ခဏထွက်တဲ့အချိန်မှာ ကျောင်းသာတွေက သူမရဲ့ဖုန်းကို သုံးပြီး ရယ်စရာကောင်းတဲ့ ‘vlog’ ပြုလုပ်ထားတာကိုတွေ့ပြီး သူမရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ တင်ထားတာကို တွေ့ရှိခဲ့ပါတယ် ။ ဒီရယ်စရာကောင်းတဲ့ Vlog ဟာ လျင်လျင်မြန်မြန်နဲ့ ပျံ့နှံ့သွားပြီး၊ အင်တာနက်အသုံးပြုသူ တော်တော်များများက ဒီ vlogger ကလေးငယ်တွေဟာ vlogging လုပ်ငန်းနယ်ပယ်မှာ တကယ့်ကို ကောင်းတယ်လို့ ချီးကျူးနေခဲ့ပါတယ် ။

ဗီဒီယိုမှတ်တမ်းထဲမှာ ကလေးတစ်ဦးက အဓိက vlogger အဖြစ် ဆောင်ရွက်ခဲ့ပြီး အတန်းမှ ကျန်ကျောင်းသားတွေဟာ နောက်ဘက်ကနေ ကင်မရာကို သူတို့ရဲ့မျက်နှာတွေ ပြသခဲ့ပါတယ် ။ “ မင်္ဂလာပါ၊ Nandito YouTube channel မှ ကြိုဆိုပါတယ် ” ဆိုပြီး သူမရဲ့ အတန်းဖော်များက နောက်ကနေ ကြွေးကြော်သံနဲ့ အတူသူမက ‘vlog’ ကို ဖွင့်လိုက်ပါတယ် ။ “ ဆရာမက ငါတို့ စာမေးပွဲဖြေဆိုဖို့…” ပြောရာကနေ ကလေးတွေက သူတို့ရဲ့ဆရာမ စာသင်ခန်းထဲ ပြန်လာနေပြီဆိုတာကို သတိထားမိလို့ ဒီဗီဒီယိုကို ပိတ်လိုက်ပါတယ် ။ ဒါဟာ ဆရာမဖြစ်သူက သူမရဲ့ ဖုန်း Gallery ကို ကြည့်လိုက်တဲ့အခါမှသာ ကလေးတွေရဲ့ ဗီဒီယိုအကြောင်းကို တွေ့ပြီး နောက်ပိုင်းမှသာ ကလေးတွေက သူမရဲ့ဖုန်းကိုအသုံးပြုကြောင်းကို သိလိုက်ရပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဆရာမ အျပင္ခဏထြက္တဲ့အခ်ိန္မွာ ဆရာမရဲ႕ဖုန္းကို သုံးၿပီး ရယ္စရာေကာင္းတဲ့ Vlog ႐ိုက္ျခင္းေၾကာင့္ ေရပန္းစားေနတဲ့ ကေလးငယ္မ်ား"

Leave a comment

Your email address will not be published.


*