လဲအိပ်ပြီး အစာစားနေလို့ အဆူခံထိခဲ့တဲ့ အသက် 100 အရွယ်အဘွားအိုရဲ့ ချစ်စဖွယ်တုံ့ပြန်မှုလေး


.

.

.

.

.

Jasmine (Mckzone Daily)

Source : thesmartlocal

Unicode

အဘိုးအဘွားရှိတဲ့သူတွေက သူတို့ရဲ့ကျန်းမာရေးအတွက် အသေးစိတ်ကအစ လိုက်ပြီး ဂရုစိုက်ပေးရတာ လူတိုင်းအသိပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အသက် 100 အရွယ် အဘွားအိုဟာ လဲလျောင်းပြီး အစာစားနေခဲ့တာပါ ။ ဒါကို မြေးဖြစ်သူက တွေ့ရှိပြီး လည်ပင်းမှာ အစာနင်နေမှာဆိုးလို့ အိပ်ပြီး မစားဖို့ ဆူပူမိခဲ့ပါတယ် ။ ဒါကို သမီးဖြစ်သူက သတိထားမိပြီး အမေဘာလုပ်နေတာလဲဆိုပြီး မေးခဲ့ချိန်မှာတော့ ‘ငါ longkong အသီးစားနေတာ သမီး ‘ ဆိုပြီး ပြောပြခဲ့တဲ့အပြင် ချက်ချင်းပဲ မတ်တပ်ထထိုင်ပြီး ကလေးတစ်ယောက်လို ‘ sorry’ ဆိုပြီး ဖြေကြားခဲ့ပါတယ် ။ အဘွားအိုရဲ့ ချစ်စရာကောင်းလွန်းတဲ့အပြုအမှုကြောင့် video ကြည့်မိတဲ့သူတိုင်း အသဲယားမဲ့အဖြစ်ပါ ။ အဘွားအိုဟာ Ghost of Mae Nak (2005) နဲ့ Taxi Driver (1977) အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးလို့ လူသိများသူလည်းဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လဲအိပ်ပြီး အစာစားနေလို့ အဆူခံထိခဲ့တဲ့ အသက် 100 အရွယ်အဘွားအိုရဲ့ ချစ်စဖွယ်တုံ့ပြန်မှုလေး"

Leave a comment

Your email address will not be published.


*