အသွားအလာကန့်သတ်ချက်များကြောင့် လေကြောင်းအလုပ်မှ နုတ်ထွက်ခဲ့ရပြီး မွေးမြူရေးလုပ်ငန်းကိုပြောင်းလုပ်ခဲ့ရတဲ့ အမျိုးသားတစ်ဦး

အသက် ၄၀ အရွယ် Subbaraman Subra အမည်ရှိအမျိုးသားဟာ ကူးစက်ရောဂါကြောင့် Movement Control Order (MCO) စပြုလုပ်ကတည်းက မသေချာမရေရာမှုများနှင့်ပြည့်နှက်နေခဲ့တဲ့ သူ့ရဲ့လေကြောင်းအလုပ်မှ နုတ်ထွက်ခဲ့ပြီးနောက် အငြိမ်းစားယူပြီးမှပြုလုပ်ဖို့တွေးထားတဲ့သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းရသွားခဲ့ပါတယ်။Movement Order Order (MCO) အကောင်အထည်ဖော်ပြီးကတည်းက သူဟာ လစာမရတော့ကြောင်း နှင့် Negara ဘဏ်မှကုန်ကျစရိတ်အချို့လျှော့ချခြင်းတို့ကြောင့်သာ သူနှင့်သူ့မိသားစုက အဆင်ပြေခဲ့ရကြောင်းကို Subra က ပြောပြခဲ့ပါတယ်။Subra ဟာ သူ ပင်စင်ယူပြီးနောက်မှ ငါးမွေးမြူရေးလုပ်ငန်းကို ပြုလုပ်ချင်ခဲ့ပေမဲ့ ကပ်ရောဂါအခြေအနေကြောင့် ၂၀၂၀ ပြည့်နှစ်အစောပိုင်းလောက်မှာဘဲ ငါးမွေးမြူရေးနှင့်အခြားသောမွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

၎င်းလုပ်ငန်းကိုပြုလုပ်တာနဲ့ပတ်သက်ပြီး အစပိုင်းမှာ သူဟာ ဘာတစ်ခုမှကိုမသိခဲ့ရကြောင်းကိုပါ ပြောကြားခဲ့ပါတယ်။MCO ရဲ့ပထမခြောက်လမှာ Subra က အရမ်းအလုပ်များနေခဲ့ပြီး သူ့အိမ်နောက်ဘက်မှာ ငါးကန်တစ်ခုတည်ဆောက်ခဲ့ပါတယ်။Poly tank များ၊ ရေစုပ်စက်များ၊ filter များ၊ aquaponics စတာတွေကို Subra က YouTube နှင့်အင်တာနက်မှ လေ့လာသင်ယူခဲ့ပါတယ်။သူဟာ အမှားများစွာ ကျူးလွန်ခဲ့ပြီး ငါးအမြောက်အများကိုလည်း သေသွားစေခဲ့တယ်လို့လည်း ဆိုထားပါတယ်။Subra ဟာ သူ့မိသားစုအတွက် ငါးမွေးမြူခြင်းမှ ၀င်ငွေအချို့ကိုရရှိနိုင်ပါ့မလားလို့တွေးကာ စိုးရိမ်ခဲ့ပါသေးတယ်။

ရှစ်လအကြာမှာတော့ Subra ဟာ အခြားသူများထံမှအကြံဥာဏ်တောင်းခံကာ သင်ယူရင်းတို့မှ တဖြည်းဖြည်းတိုးတက်လာအောင်ပြုလုပ်နိုင်ခဲ့ပြီးနောက် Subra ဟာ သူရင်းနှီးတဲ့မိတ်ဆွေများအား ၎င်းငါးများကို ရောင်းချပေးနိုင်ခဲ့ပါတယ်။

ယခုနှစ်ဇွန်လမှာ Subra က ikan puyu Siam ဆိုတဲ့ငါးအမျိုးအစားကို အကောင်ရေ ၂၀,၀၀၀ ခန့်မွေးမြူနိုင်တဲ့ ငါးကန်တစ်ခုကိုပြုလုပ်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးအတွက် ကုမ္ပဏီတစ်ခုကို မတ်လမှာ မှတ်ပုံတင်ခဲ့ပါတယ်။ဧပြီလမှာတော့ ငှားဖို့မြေကွက်တစ်ကွက်ကို ရှာခဲ့ပါတယ်။ Subra ဟာ စက်တင်ဘာလမှာ ၀ယ်လက်များသို့လက်ကားရောင်းဝယ်မှုများ နှင့် လက်လီဝယ်သူများကို ရှာဖွေနိုင်ရန် ရည်ရွယ်ထားပါသေးတယ်။

Subra ဟာ ငါးများကြီးထွားရန်စောင့်ဆိုင်းနေစဉ် တစ်ချိန်တည်းမှာဘဲ ကြက်မွေးမြူရေးလုပ်ငန်းကိုပါ စွန့်စားကာ ပြုလုပ်ခဲ့ပါသေးတယ်။“ ကြက်သေးသေးလေးတွေရဲ့ ကြက်ခြံကို ဆောက်ဖို့ ကန်ထရိုက်တာ တစ်ယောက်ကို ရထားတယ်၊ဒါပေမဲ့ သူကနေ့စဉ်လုပ်ခလစာရလို့ ငါနဲ့လည်းတွဲလုပ်ရင်း သူက သစ်ခုတ်တာတွေ လုပ်တယ်၊ ဒီစီမံကိန်းကို အမြန်ဆုံး ပြီးအောင်လုပ်မှဘဲ ကုန်ကျစရိတ်သက်သာအောင် လုပ်နိုင်မယ်” လို့ Subra က ဆိုခဲ့ပါတယ်။

အခုကြက်ခြံထဲမှာ ကြက်ပေါင်း ၃၀၀ မှ ၄၀၀ ခန့်အထိရှိနေပြီလို့လည်း ဆက်ပြောခဲ့ပါတယ်။Subra ဟာ ရလဒ်က မသေချာမရေရာသေးပေမယ့်လည်း ဒီလုပ်ငန်းကို လုပ်နိုင်မယ်လို့ သူယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

Subra က “ ငါက ဒီလုပ်ငန်းတွေကို လေ့လာသင်ယူနေတဲ့လူတစ်ယောက်ပါ ၊လေ့လာစရာတွေလည်း များစွာရှိနေသေးတယ် ၊အခြားသူကို အကြံဥာဏ်ပေးနိုင်လောက်တဲ့အထိ အတွေ့အကြုံမရှိသေးပါဘူး၊ ဒါမဲ့ မရေရာတဲ့အနာဂတ်ကိုရင်ဆိုင်နေရတဲ့ လူသန်းပေါင်းများစွာကိုလည်း အခုအခြေအနေက ကမ္ဘာကြီးရဲ့အဆုံးတော့မဟုတ်သေးဘူးလို့ ငါ ပြောချင်တယ်၊မင်းက မင်းယုံကြည်တာထက် အများကြီး ပိုလုပ်နိုင်ပါတယ်၊ကိုယ့်ကိုကိုယ် တွယ်ကပ်ခွင့်မပြုပါနဲ့၊ စတင်လှုပ်ရှားပါ၊ ပထမခြေလှမ်းကို စလှမ်းလိုက်ပါ ၊အောင်မြင်မှုမရသေးခင် ခြေလှမ်းသေးသေးလေးတွေကိုပါ ဆက်လျှောက်သွားပါ ” လို့ Subra က အခုလိုကာလအတွင်းမှာ မရေရာတဲ့အနာဂတ်ကိုတွေးရင်း စိတ်ဓာတ်ကျနေကြတဲ့လူအချို့ကိုပါ လှုံဆော်ပေးခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Source : says

Be the first to comment on "အသွားအလာကန့်သတ်ချက်များကြောင့် လေကြောင်းအလုပ်မှ နုတ်ထွက်ခဲ့ရပြီး မွေးမြူရေးလုပ်ငန်းကိုပြောင်းလုပ်ခဲ့ရတဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*