JRose (Mckzone Daily)
Source : rachfeed
Unicode
COVID-19 Lockdown များကြောင့် မလေးရှားနိုင်ငံမှာ မင်္ဂလာဆောင်ပွဲအတွက် ပြဿနာဖြစ်သော်လည်း သတို့သမီးတစ်ဦးက အိမ်တွင်းမင်္ဂလာဆောင်ပွဲကျင်းပပြီး ဓာတ်ပုံဆရာခေါ်ဖို့ မဖြစ်နိုင်တာကြောင့် ညီမဖြစ်သူက Sunset Lamp ကို အသုံးပြုပြီး ထိုကဲ့သို့သော မယုံနိုင်စရာဓါတ်ပုံများကို ရိုက်ကူးပေးခဲ့ပါတယ် ။ ပရောဖက်ရှင်နယ်ဓာတ်ပုံဆရာလို့တောင် ခေါ်ရလောက်တဲ့ Nadhirah Rashid (အသုံးပြုသူ @naaaahd) က အိမ်မှာ အစ်မဖြစ်သူ Zulaikha ရဲ့ မင်္ဂလာဆောင်ပွဲကို အံ့သြဖွယ်ကောင်းတဲ့ ဓါတ်ပုံများကို သူမကိုယ်တိုင် ကိုင်တွယ်ရိုက်ကူးခဲ့တာပါ ။
Zulaikha က သူမရဲ့ ကိုယ်ပိုင်မိတ်ကပ်ကိုဘဲ ပြင်ဆင်ရပြီး Nadhirah က သူတို့ရဲ့ဓာတ်ပုံများကို Sunset Lamp ဖြင့် ရိုက်ယူပြီး ရလဒ်များကို သူမအလွန်နှစ်သက်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာပေါ် တင်ခဲ့ပါတယ် ။ ဓာတ်ပုံတွေက ပျံ့နှံ့သွားပြီး သူမရဲ့ကျွမ်းကျင်မှုအပေါ် လူအများက ချီးကျူးလိုက်တဲ့အခါမှာ သူမအံ့သြသွားခဲ့ပါတယ် ။ နောက်ပိုင်းတွေ Nadhirah ရှင်းပြခဲ့တာက အခြားမောင်နှမတွေလိုဘဲ သူမနဲ့ Zulaikha ဟာ ကြီးပြင်းလာစဉ် အရူးလိုဘဲ တိုက်ခိုက်ခဲ့ကြပေမဲ့ အသက်ကြီးလာတဲ့အခါ အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီး သူမဝမ်းနည်းတဲ့အချိန်တွေဆိုရင်လည်း Zulaikha ကိုအမြဲဖုန်းခေါ်ခဲ့ပါတယ် ။ ဒါကြောင့် Zulaikha ရဲ့မင်္ဂလာဆောင်အတွင်းမှာ Nadhirah က ဓာတ်ပုံဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သူမဓါတ်ပုံတွေကို စာဖတ်သူတို့ ဘယ်လိုထင်မြင်မိပါသလဲ ။
JRose (Mckzone Daily)
Be the first to comment on "အစ်မဖြစ်သူရဲ့ အိမ်တွင်းမင်္ဂလာပွဲဆိုပေမဲ့ အလှပဆုံးအမှတ်တရဓာတ်ပုံတွေဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ မိန်းကလေး"