.
.
.
.
Jasmine (Mckzone Daily)
Source : rachfeed
Unicode
မလေးရှားနိုင်ငံ ၊ Kuala Lumpur မြို့ရဲ့ လူအသွားအလာနှင့် ယာဉ်များ များပြားလွန်းတဲ့ မြို့လယ်တစ်နေရာမှာ ကလေးငယ်တစ်ဦးဟာ ထိုင်နေခဲ့တာပါ ။ ဒါကြောင့် အနီးအနားရှိလူများက ကလေးငယ်လမ်းပျောက်နေပြီး ၊ မိဘတွေကို ရှာနေတယ်ထင်ပြီး မေးမြန်းခဲ့ချိန်မှာတော့ မိခင်ဖြစ်သူက ကားပါကင်နေရာအတွက် ဦးထားခိုင်ကြောင်း ကလေးငယ်က ပြောပြလာလို့ လူအတော်အများ အံ့အားသင့်ခဲ့ရပါတယ် ။ အကြောင်းကတော့ အခုလိုနေရာမျိုးမှာ ကလေးငယ်ကို တစ်ယောက်ထဲ ထားခဲ့ခြင်းက အတော်လေးကို အန္တရာယ်များတဲ့အပြင် ၊ ကလေးငယ်တွေကို ကားသမားတွေ မမြင်ခဲ့ရင် ယာဉ်မတော်တဆမှုတွေ ဖြစ်သွားနိုင်လို့ပါ ။ သို့ပေမဲ့လည်း ကလေးငယ်ရဲ့ မိခင်က မိနစ် 30 အကြာမှ အဆိုပါကားပါကင်နေရာသို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါတယ် ။ တကယ့်ကို အံ့အားသင့်စရာကောင်းပြီး ၊ မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်ခဲ့တဲ့ မိခင်တစ်ယောက်လို့ ပြောရမှာပါပဲ ။
Jasmine (Mckzone Daily)
Be the first to comment on "မိခင်အတွက် ကားပါကင်နေရာကို ထိုင်ပြီးဦးထားပေးခဲ့တဲ့ ကလေးငယ်"