အေဖျဖစ္သူကားဝယ္ေပးေအာင္ Showroom မွာျပသထားတဲ့ ကားအေပၚ ျခစ္ရာပြန္းေစၿပီး အတင္းပူစာခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

လူတိုင္းကေတာ့ အသက္ 18ႏွစ္ျပည့္ၿပီဆိုတာနဲ႔ သိတတ္နားလည္မႈ႐ွိတဲ့ လူႀကီးတစ္ေယာက္အေနနဲ႔ အကုန္လံုးကလက္ခံထားၾကတာပါ ။ သို႔ေပမဲ့လည္း ဒီတစ္ေခါက္ တ႐ုတ္ႏိုင္ငံ ၊ Shangrao ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ တကယ့္ကေလးတစ္ေယာက္လိုျပဳမႈေနတာကေတာ့ အေတာ္ေလးကိုထူးဆန္းလြန္းၿပီး လူေျပာမ်ားေနလ်က္႐ွိပါတယ္ ။ အသက္ 22ႏွစ္အရြယ္႐ွိေနၿပီျဖစ္တဲ့ Ji Moubing အမည္႐ွိတဲ့ အဆိုပါေကာင္ေလးဟာ ၿပီးခဲ့တဲ့ November 25ရက္ေန႔က ကားShowroom တစ္ခုကိုသြားေရာက္လည္ပတ္ခဲ့ပါတယ္ ။ ထို႔ေနာက္ Ji ဟာ နက္ျပာေရာင္ Sedan ကားကိုအေတာ္ႀကိဳက္ႏွစ္သက္သြားၿပီးေနာက္ အေရာင္းဝန္ထမ္းအမ်ိဳးသားကို သူ၏ဖခင္ျဖစ္သူက ယာဥ္ေမာင္းလိုင္စင္ရ႐ွိခဲ့လို႔ဆုခ်တဲ့အေနနဲ႔ သူ႔ကိုကားအသစ္တစ္စီးဝယ္ေပးဖို႔ သေဘာတူညီထားေၾကာင္း ႏွင့္ ဖခင္ျဖစ္သူႏွင့္ဖုန္းဆက္ၿပီး ေဆြးေႏြးအံုးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ထို႔ေနာက္ ဖခင္ျဖစ္သူႏွင့္ ဖုန္းေျပာၿပီးေနာက္ Ji ဟာအေတာ္ေလးကိုစိတ္ဆိုးသြားၿပီး ကားေသာ့ကိုယူကာ ကားရဲ႕အေနာက္ဖက္တံခါးအေပၚ အစင္ေၾကာင္းရာ အ႐ွည္ႀကီးျခစ္ခ်ပစ္ခဲ့ပါေတာ့တယ္ ။ Ji ဟာ ကားကိုအေတာ္ေလးလိုခ်င္ခဲ့ေပမဲ့လည္း ဖခင္ျဖစ္သူက ဝယ္ေပးဖို႔ျငင္းဆိုခဲ့တဲ့အတြက္ အလြန္စိတ္ဆိုးသြားခဲ့ၿပီး ဖခင္ျဖစ္သူ ဝယ္ေပးေအာင္ ယခုကဲ့သို႔ကားအေပၚ အစင္းေၾကာင္းအ႐ွည္ႀကီး ျခစ္ခ်ပစ္ခဲ့ရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း Ji ဟာ ေနာက္ဆက္တြဲအေျခအေနမ်ိဳးကို မစဥ္းစားဘဲ စိတ္လိုက္မွန္ပါလုပ္ခဲ့တဲ့အတြက္ အေရာင္းဝန္ထမ္းဟာ ရဲစခန္းသို႔ခ်က္ခ်င္းအေၾကာင္းၾကားၿပီး တိုင္းၾကားခဲ့ပါေတာ့တယ္ ။ ရဲအရာ႐ွိမ်ား ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ Ji ဟာ ဘားမွအမွားမလုပ္ခဲ့ေသာ မ်က္ႏွာထားျဖင့္ ဖခင္ျဖစ္သူကားဝယ္ေပးေအာင္ ယခုကဲ့သို႔ျပဳမႈခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ Ji ကို ရဲအရာ႐ွိမ်ားက ဖမ္းဆီးထိန္းသိမ္းသြားခဲ့ၾကၿပီးေနာက္ အဆိုပါျပစ္မႈအတြက္စံုစမ္းစစ္ေဆးမႈမ်ား ခံယူခဲ့ရပါတယ္ ။ ေနာက္ပိုင္ Ji အတြက္ အဆိုပါကားကို သူ၏ဖခင္ျဖစ္သူက ဝယ္ေပးခဲ့သလား ဆိုတဲ့တိက်တဲ့သတင္းမ်ိဳးေတာ့ ထြက္ေပၚလာခဲ့ျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူတိုင်းကတော့ အသက် 18နှစ်ပြည့်ပြီဆိုတာနဲ့ သိတတ်နားလည်မှုရှိတဲ့ လူကြီးတစ်ယောက်အနေနဲ့ အကုန်လုံးကလက်ခံထားကြတာပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက် တရုတ်နိုင်ငံ ၊ Shangrao မြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ တကယ့်ကလေးတစ်ယောက်လိုပြုမှုနေတာကတော့ အတော်လေးကိုထူးဆန်းလွန်းပြီး လူပြောများနေလျက်ရှိပါတယ် ။ အသက် 22နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Ji Moubing အမည်ရှိတဲ့ အဆိုပါကောင်လေးဟာ ပြီးခဲ့တဲ့ November 25ရက်နေ့က ကားShowroom တစ်ခုကိုသွားရောက်လည်ပတ်ခဲ့ပါတယ် ။ ထို့နောက် Ji ဟာ နက်ပြာရောင် Sedan ကားကိုအတော်ကြိုက်နှစ်သက်သွားပြီးနောက် အရောင်းဝန်ထမ်းအမျိုးသားကို သူ၏ဖခင်ဖြစ်သူက ယာဉ်မောင်းလိုင်စင်ရရှိခဲ့လို့ဆုချတဲ့အနေနဲ့ သူ့ကိုကားအသစ်တစ်စီးဝယ်ပေးဖို့ သဘောတူညီထားကြောင်း နှင့် ဖခင်ဖြစ်သူနှင့်ဖုန်းဆက်ပြီး ဆွေးနွေးအုံးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ထို့နောက် ဖခင်ဖြစ်သူနှင့် ဖုန်းပြောပြီးနောက် Ji ဟာအတော်လေးကိုစိတ်ဆိုးသွားပြီး ကားသော့ကိုယူကာ ကားရဲ့အနောက်ဖက်တံခါးအပေါ် အစင်ကြောင်းရာ အရှည်ကြီးခြစ်ချပစ်ခဲ့ပါတော့တယ် ။ Ji ဟာ ကားကိုအတော်လေးလိုချင်ခဲ့ပေမဲ့လည်း ဖခင်ဖြစ်သူက ဝယ်ပေးဖို့ငြင်းဆိုခဲ့တဲ့အတွက် အလွန်စိတ်ဆိုးသွားခဲ့ပြီး ဖခင်ဖြစ်သူ ဝယ်ပေးအောင် ယခုကဲ့သို့ကားအပေါ် အစင်းကြောင်းအရှည်ကြီး ခြစ်ချပစ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

သို့ပေမဲ့လည်း Ji ဟာ နောက်ဆက်တွဲအခြေအနေမျိုးကို မစဉ်းစားဘဲ စိတ်လိုက်မှန်ပါလုပ်ခဲ့တဲ့အတွက် အရောင်းဝန်ထမ်းဟာ ရဲစခန်းသို့ချက်ချင်းအကြောင်းကြားပြီး တိုင်းကြားခဲ့ပါတော့တယ် ။ ရဲအရာရှိများ ရောက်ရှိလာခဲ့ချိန်မှာတော့ Ji ဟာ ဘားမှအမှားမလုပ်ခဲ့သော မျက်နှာထားဖြင့် ဖခင်ဖြစ်သူကားဝယ်ပေးအောင် ယခုကဲ့သို့ပြုမှုခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတော့တယ် ။ ထို့နောက် Ji ကို ရဲအရာရှိများက ဖမ်းဆီးထိန်းသိမ်းသွားခဲ့ကြပြီးနောက် အဆိုပါပြစ်မှုအတွက်စုံစမ်းစစ်ဆေးမှုများ ခံယူခဲ့ရပါတယ် ။ နောက်ပိုင် Ji အတွက် အဆိုပါကားကို သူ၏ဖခင်ဖြစ်သူက ဝယ်ပေးခဲ့သလား ဆိုတဲ့တိကျတဲ့သတင်းမျိုးတော့ ထွက်ပေါ်လာခဲ့ခြင်းမျိုးမရှိခဲ့ပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "အေဖျဖစ္သူကားဝယ္ေပးေအာင္ Showroom မွာျပသထားတဲ့ ကားအေပၚ ျခစ္ရာပြန္းေစၿပီး အတင္းပူစာခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*