ငါးရွဥ့္ဖင္ထဲထည့္ၿပီး ဝမ္းခ်ဴခဲ့သူ ေသမလိုျဖစ္ခဲ့ရ

တ႐ုတ္ႏိုင္ငံ ဂြန္က်ိဳးျပည္နယ္က အသက္ ၄၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ဝမ္းခ်ဳပ္ေဝဒနာကို ကုစားဖို႔အတြက္ ၅၀ စင္တီမီတာရွည္တဲ့ ငါးရွဥ့္အရွင္တစ္ေကာင္ကို သူ႔ရဲ႕ စအိုထဲကို ထည့္သြင္းခဲ့ပါတယ္။အထက္ပါအတိုင္း လုပ္ခဲ့တဲ့ “လြီ”ဆိုသူ အမ်ိဳးသားဟာ ေရာဂါမသက္သာတဲ့အျပင္ အစာအိမ္ ေယာင္ရမ္းၿပီး ဝမ္းဗိုက္နာက်င္မႈကို ဆိုးဆိုး႐ြား႐ြား ခံစားခဲ့ရတာေၾကာင့္ ေဆး႐ုံကို ယိုင္ထိုးယိုင္ထိုးနဲ႔ အားတင္းၿပီး အေရာက္လာခဲ့ပါတယ္။

ဆရာဝန္ေတြက သူ႔ကိုအေရးေပၚခြဲစိပ္ကာ အရွည္ ၅၀ စင္တီမီတာေလာက္ရွိၿပီး မစင္ေတြ၊ အစာေဟာင္းေတြနဲ႔ လူးေနတဲ့ ငါးရွဥ့္တစ္ေကာင္ကို ဝမ္းဗိုက္ထဲက ထုတ္ယူေပးခဲ့ရပါတယ္။ ငါးရွဥ့္ဟာ သူ႔ရဲ႕အတြင္းဆုံးအူအထိ လူးလြန႔္တြားသြားခဲ့တာေၾကာင့္ အတြင္းကလီစာ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

အက်ိအခြၽဲရွိတဲ့သတၱဝါေတြဟာ ေခ်ာဆီလိုပဲျဖစ္ေနတဲ့အတြက္ ဝမ္းခ်ဳပ္တာေပ်ာက္ကင္းဖို႔ ဒီလိုလုပ္ရတယ္လို႔ သူၾကားဖူးတာေၾကာင့္ အခုလို ငါးရွဥ့္ကို စအိုထဲထည့္ကာ စမ္းၾကည့္ခဲ့ေၾကာင္း လြီက ေနာက္ပိုင္းတြင္ ရွင္းျပခဲ့သည္။

Unicode

တရုတ်နိုင်ငံ ဂွန်ကျိုးပြည်နယ်က အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဝမ်းချုပ်ဝေဒနာကို ကုစားဖို့အတွက် ၅၀ စင်တီမီတာရှည်တဲ့ ငါးရှဉ့်အရှင်တစ်ကောင်ကို သူ့ရဲ့ စအိုထဲကို ထည့်သွင်းခဲ့ပါတယ်။အထက်ပါအတိုင်း လုပ်ခဲ့တဲ့ “လွီ”ဆိုသူ အမျိုးသားဟာ ရောဂါမသက်သာတဲ့အပြင် အစာအိမ် ယောင်ရမ်းပြီး ဝမ်းဗိုက်နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာကြောင့် ဆေးရုံကို ယိုင်ထိုးယိုင်ထိုးနဲ့ အားတင်းပြီး အရောက်လာခဲ့ပါတယ်။

ဆရာဝန်တွေက သူ့ကိုအရေးပေါ်ခွဲစိပ်ကာ အရှည် ၅၀ စင်တီမီတာလောက်ရှိပြီး မစင်တွေ၊ အစာဟောင်းတွေနဲ့ လူးနေတဲ့ ငါးရှဉ့်တစ်ကောင်ကို ဝမ်းဗိုက်ထဲက ထုတ်ယူပေးခဲ့ရပါတယ်။ ငါးရှဉ့်ဟာ သူ့ရဲ့အတွင်းဆုံးအူအထိ လူးလွန့်တွားသွားခဲ့တာကြောင့် အတွင်းကလီစာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အကျိအချွဲရှိတဲ့သတ္တဝါတွေဟာ ချောဆီလိုပဲဖြစ်နေတဲ့အတွက် ဝမ်းချုပ်တာပျောက်ကင်းဖို့ ဒီလိုလုပ်ရတယ်လို့ သူကြားဖူးတာကြောင့် အခုလို ငါးရှဉ့်ကို စအိုထဲထည့်ကာ စမ်းကြည့်ခဲ့ကြောင်း လွီက နောက်ပိုင်းတွင် ရှင်းပြခဲ့သည်။

credit – popolay.com

Be the first to comment on "ငါးရွဥ့္ဖင္ထဲထည့္ၿပီး ဝမ္းခ်ဴခဲ့သူ ေသမလိုျဖစ္ခဲ့ရ"

Leave a comment

Your email address will not be published.


*