ညီမဖြစ်သူအံ့အားသင့်သွားအောင် ဂိတ်ပေါက်ဝမှာ T-Rex ဝတ်စုံဝတ်ရင်း ညီမဖြစ်သူရဲ့ကျောင်းဆင်းချိန်ကို သွားစောင့်နေခဲ့တဲ့ ကောင်လေးတစ်ဦး

မောင်နှမအရင်းတော်တော်များများဟာ စကားများရန်ဖြစ်တတ်လေ့ရှိကြပါတယ်။သို့ပေမဲ့ ဘယ်လောက်ဘဲတိုက်ခိုက်နေကြပါစေ မောင်နှမသံယောဇဉ်နှောင်ကြိုးကိုတော့ ဘယ်သောအခါမှ သွားမထိမိတတ်ကြပါဘူး။အစ်ကိုတစ်ယောက်က ကျောင်းမှာ ညီမဖြစ်သူအတွက် အံ့ဩသင့်စရာကောင်းအောင်လုပ်ပေးဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ အခုလိုအဖြစ်အပျက်မျိုးဖြစ်လာခဲ့ပါတယ်။အစ်ကိုဖြစ်သူဟာ သူကိုယ်သူ ကြည်နူးစရာကောင်းတယ်လို့ထင်ခဲ့ပေမဲ့ အခုလို အရုပ်ဝတ်စုံကို ဝတ်လိုက်တော့ သူတို့မောင်နှမရဲ့အကြောင်းက လူအများအတွက် ပိုပြီး sweet ဖြစ်သွားစေခဲ့ပါတယ်။နောက်ဆုံး အံ့အားသင့်နေတဲ့ညီမဖြစ်သူထံမှ အဖက်မခံရခင်မှာ အစ်ကိုဖြစ်သူဟာ T-Rex ဝတ်စုံဝတ်ကာ ကျောင်းဂိတ်တံခါးဝသို့ လမ်းလျှောက်ဝင်လာစဉ် ကျောင်းဝင်းထဲရှိ အခြားကလေးများက သူထံဝိုင်းအုံကြည့်နေခဲ့ကြပါတယ်။

ထို့နောက် အစ်ကိုဖြစ်သူဟာ ညီမဖြစ်သူအား လက်တွဲကာ ကာကွယ်ပေးရင်း အိမ်ပြန်ဖို့ လုပ်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက် သောကြာနေ့က Facebook ရှိဗီဒီယိုတစ်ခုမှာ အစ်ကိုဖြစ်သူဟာ T-Rex ဝတ်စုံဖြင့် ကျောင်းဂိတ်ဝတံခါးဆီသို့ ဖြတ်ကာ လမ်းလျှောက်လာတာကို ပြသထားပါတယ်။

သူဟာ ဘေးပတ်ဝန်းကျင်ရှိ သူ့အားစိတ်ဝင်တစားကြည့်နေခဲ့ကြတဲ့ ကလေးများနှင့် ကလေးမိဘများကို ရှောင်နိုင်ရန် ကျောင်းဂိတ်တံခါးဆီသို့ လမ်းလျှောက်နေခဲ့ပါတယ်။ပတ်ဝန်းကျင်နှင့် ယူနီဖောင်းများအရ ထိုကျောင်းဟာ စင်္ကာပူနိုင်ငံရှိ White Sands မူလတန်းကျောင်းဖြစ်ပုံရပါတယ်။ဗီဒီယိုအရ ထိုအချိန်ဟာ ကျောင်းသားများက ဂိတ်တံခါးဝမှာ တန်းစီစောင့်နေကြပြီး ကျောင်းဆင်းချိန်ကို စောင့်နေကြပါတယ်။

၎င်း T-Rex ဝတ်စုံက အခြားသောကလေးများအတွက် တကယ့် ဒိုင်နိုဆောလို ထင်စေခဲ့တာကြောင့် အချို့သောကလေးများက အဆိုပါကောင်လေးထံသို့ ချဉ်းကပ်ခဲ့ကြပြီး အချို့ကလည်း ၎င်းT-Rex ကို ထိုးပြီး တွန်းချဖို့ လုပ်ချင်ခဲ့ကြပေမဲ့ ကလေးတစ်ယောက်က မမျှော်လင့်ထားဘဲ T-Rex ကို ရိုက်ပုတ်လိုက်ပါသေးတယ်။

ဝတ်စုံထဲက ကောင်လေးလေး အဆင်ပြေမယ်လို့ဘဲ မျှော်လင့်မိပါတယ်။နောက်ဗီဒီယိုထဲမှာတော့ ကလေးအုပ်စုက “ ဒီမှာ သူရောက်ပြီ” ဆိုပြီး T-Rex ဝတ်စုံနဲ့အစ်ကိုအား ပြောပြနေခဲ့ပါတယ်။ညီမဖြစ်သူကလည်း ရောက်ရောက်ချင်း သူမရဲ့အစ်ကိုဖြစ်မှန်းကို သိကာ ပြေးလာပြီး အစ်ကိုဖြစ်သူကို လှမ်းဖက်လိုက်ပါတယ်။

ထို့နောက် ၎င်းတို့မောင်နှမဟာ အချင်းချင်း လက်တွဲရင်း လူကူးမြင်းကြားကို ဖြတ်ကာ အိမ်ရှိရာနေရာသို့ ဦးတည်ကာ ပြန်သွားခဲ့ကြပါတော့တယ်။၎င်းဗီဒီယိုဟာ “ မောင်နှမတွေက အမြဲရန်ဖြစ်တတ်ကြသလို ဘဝအတွက် ပျော်ရွှင်မှုတွေကိုလည်း ဖန်တီးပေးတတ်ကြတယ်” လို့ အဆုံးသတ် quote ပါ ရေးထားပေးခဲ့ပါတယ်။တစ်ခါတစ်ရံကိုယ်ချစ်တဲ့သူကို အလှဆုံးပြုံးနိုင်အောင် ပြုလုပ်ပေးခြင်းက ကိုယ့်အတွက် ကြိုးစားရကျိုးနပ်ပါတယ်။

၎င်းအဖြစ်အပျက်ဟာ ညီမဖြစ်သူအတွက်လည်း ထာဝရအမှတ်တရတစ်ခုလို ဖြစ်နေမှာပါ။၎င်းတို့ရဲ့မောင်နှမသံယောဇဉ်ဟာ ဘယ်တော့မှ မလျော့သွားဘဲ အခြားသော မောင်နှမတွေလို ပျော်ရွှင်ဖွယ် စကားများရင်း သဝန်တိုမှုတွေ ဆက်ရှိနေနိုင်ပါစေလို့ မျှော်လင့်ကာ ဆုတောင်းမိပါတယ်။

Mia (Mckzone Daily)

Source : mustsharenews

Be the first to comment on "ညီမဖြစ်သူအံ့အားသင့်သွားအောင် ဂိတ်ပေါက်ဝမှာ T-Rex ဝတ်စုံဝတ်ရင်း ညီမဖြစ်သူရဲ့ကျောင်းဆင်းချိန်ကို သွားစောင့်နေခဲ့တဲ့ ကောင်လေးတစ်ဦး"

Leave a comment

Your email address will not be published.


*