ဂါဝန်ချုပ်ဖို့ ဒီဇိုင်နာကိုငွေကြေးအမြောက်အများပေးခဲ့ပေမဲ့ ရုပ်ဆိုးလွန်းလို့ မင်္ဂလာပွဲပျက်မလိုဖြစ်ခဲ့ရတဲ့အဖြစ်



.

.

.

.

.

.

.

.

JRose (Mckzone Daily)

Source : rachfeed

Unicode

မင်္ဂလာဆောင်ပွဲက အမျိုးသမီးတို့ရဲ့ဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်များထဲမှ တစ်ခုဖြစ်ပါတယ် ။ ဘယ်အမျိုးသမီးမဆို ပြပွဲရဲ့ ကြယ်ပွင့်ဖြစ်လာတဲ့နေ့လည်းဖြစ်ပါတယ် ။ ဒါ့ကြောင့် သတို့သမီးတိုင်းက သူတို့ရဲ့ မင်္ဂလာဆောင်ဝတ်စုံအပေါ် ငွေအမြောက်အမြားသုံးချင်ကြပါတယ် ။ ဒါပေမဲ့ အခုဖော်ပြပေးမဲ့ Mhayo B. Arguelles အမည်ရှိ သတို့သမီးကတော့ လာမဲ့လမှာ ကျင်းပမယ့် သူမရဲ့ မင်္ဂလာပွဲအတွက် သူမအရမ်းဝတ်ချင်တဲ့ ဂါဝန်ကို သေချာအောင်ပြုလုပ်ခဲ့ပါတယ် ။ သူမကမင်္ဂလာဆောင်ဝတ်စုံအတွက် ပုံဆွဲတော်တဲ့ Gay designer တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ ထို designer ဆွဲတဲ့ပုံကို သဘောကျပြီး ထိုဝတ်စုံက Php ၃၀,၀၀၀ (ဒေါ်လာ ၅၇၅) တန်ဖိုးရှိခဲ့ပေမဲ့ သူမနဲ့အဆင်ပြေခဲ့ပါတယ် ။

ဒါပေမယ့် Gay designer က တကယ့်ဂါဝန်လုပ်တာထက် ပုံဆွဲတာပိုကောင်းတာကို တွေ့ရပါတယ် ။ ဝတ်စုံနဲ့ ဆွဲထားပုံနဲ့ နှိုင်းယှဉ်ရင် အရမ်းကွာခြားလွန်းတာကြောင့် သတို့သမီးက ဂါဝန်ကို မှားထည့်တယ်လို့တောင် ထင်ခဲ့ရပါတယ် ။ သူ့ထင်တဲ့အတိုင်းမဟုတ်ဘဲ ထိုဂါဝန်က သူမအတွက်ပင်ဖြစ်ပါတယ် ။ သတို့သမီးက မင်္ဂလာပွဲမတိုင်မီ တစ်ရက်အလိုမှာ ထိုဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး အလွန်ရုပ်ဆိုးတာကြောင့် သတို့သမီးက သူမရဲ့မင်္ဂလာပွဲဟာ ပျက်စီးတော့မယ်လို့ ထင်ခဲ့ပါတယ် ။ သေချာတာပေါ့ ဘယ်သူမှဒီဝတ်စုံကို ဝတ်ချင်မှာမဟုတ်ပါဘူး ။ ကျေးဇူးတင်စရာကသူမရဲ့ဂုဏ်အသရေရှိအိမ်ဖော်တစ်ယောက်က နောက်ဆုံးနေ့မှာ သူမအတွက် လှပတဲ့မင်္ဂလာဆောင်ဝတ်စုံကို ရှာပြီး သူမရဲ့မင်္ဂလာဆောင်တဲ့နေ့ကို ကယ်တင်နိုင်ခဲ့ပါတယ် ။ ထိုဂါဝန်ကိုလည်း သတို့သမီးအရံက ဝတ်ဆင်ခဲ့ပါတယ် ။

JRose (Mckzone Daily)

Be the first to comment on "ဂါဝန်ချုပ်ဖို့ ဒီဇိုင်နာကိုငွေကြေးအမြောက်အများပေးခဲ့ပေမဲ့ ရုပ်ဆိုးလွန်းလို့ မင်္ဂလာပွဲပျက်မလိုဖြစ်ခဲ့ရတဲ့အဖြစ်"

Leave a comment

Your email address will not be published.


*