JRose (Mckzone Daily)
Source : rachfeed
Unicode
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Basilan ပြည်နယ်မှ အမျိုးသားဟာ ဘုရားကျောင်းတည်ဆောက်ရန် ငါးများကို ရောင်းချခြင်းဖြင့် ရန်ပုံငွေတွေ ရှာနေခဲ့ပါတယ် ။ သူ့ရဲ့ ကြိုးပမ်းမှုများက သူ့ရဲ့အသင်းသားများထံမှ သာမက Netrixen များပါ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ် ။ Fr. Joel Silagpo အမည်ရှိ အဆိုပါအမျိုးသားက သူတို့ရဲ့ ဒေသမှာ လူဦးရေတိုးလာတာနဲ့အမျှ ဘုရားကျောင်းတွေလည်း ပျက်စီးခဲ့တာကြောင့် ဘုရားကျောင်းကို ပြန်လည်ပြုပြင်မွမ်းမံရန်ကြိုးစားခဲ့ပေမယ့် ငွေကြေးသိပ်မများတဲ့အတွက် အခက်တွေ့နေခဲ့ပါတယ် ။ တစ်နေ့မှာ ‘Bagsakan’ ပြည်နယ်မှာ ငါးဝယ်နေစဉ် Fr. Joel က ဘုရားကျောင်းအတွက် ရန်ပုံငွေရှာရန် ငါးရောင်းမယ်လို့ စိတ်ကူးပေါက်ခဲ့ပါတယ် ။
အသင်းသားတွေကို သူ့ရဲ့ အစီအစဉ်အကြောင်း ပြောပြတဲ့အခါ နောက်နေတာပဲလို့ သူတို့ ထင်ကြပါတယ် ။ လူအများက သူဟာ ငါးရောင်းချဖို့က မရှက်ဘူးလား လို့ အသင်းသားတွေက မေးခဲ့ပါတယ် ။ “ ဘုရားကျောင်းကို ပြန်ပြင်ဖို့အတွက် ငါရန်ပုံငွေရှာဖို့ လိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကျောင်းအတွက် ငါစွန့်လွှတ်အနစ်နာခံနိုင်တယ် ” လို့ Fr. Silagpo သူတို့ကိုပြောကြားခဲ့ပါတယ် ။ အမျိုးသားးက အသင်းသားတွေဆီကို Php7,000 (ဒေါ်လာ ၁၄၀) နဲ့ အရင်းအနှီးအဖြစ် ငှားခဲ့ပြီး တစ်ပါတ်အတွင်းမှာပဲ Fr. Silagpo ဟာ ချေးငွေကို ပြန်ဆပ်နိုင်ခဲ့ပါတယ် ။ အမျိုးသားးက နေ့စဉ်အနည်းဆုံး Php ၁၀၀၀ (ဒေါ်လာ ၂၀) ရရှိခဲ့ပါတယ် ။ ထိုငွေနဲ့ Fr. Silagpo က ပြန်လည်ပြုပြင်မွမ်းမံနေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ လစာကို ပေးနိုင်ခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "ပျက်စီးနေတဲ့ ဘုရားကျောင်းကို ပြုပြင်မွမ်းမံဖို့အတွက် ငါးရောင်းပြီး ရန်ပုံငွေရှာခဲ့တဲ့ အမျိုးသား"