အားသြင္းႀကိဳးအတုနဲ႔ ဖုန္းအားသြင္းမိခဲ့လို႔ ေနအိမ္ 3လံုးခန္႔ မီေလာင္ကြၽမ္းခဲ့ရတဲ့အျဖစ္

ကိုယ္အသံုးျပဳေနက်ဖုန္းရဲ႕ မူရင္းအားသြင္ႀကိဳနဲ႔မဟုတ္ဘဲ ဖုန္းအားသြင္းမိမယ္ဆိုရင္ေတာ့ အေတာ္ေလး သတိဝီရိယ ႐ွိသင့္ပါတယ္ ။ ဘာလို႔လည္းဆိုေတာ့ ၿပီးခဲ့တဲ့ December 4ရက္ေန႔ ည 8နာရီအခ်ိန္ခန္႔က မေလး႐ွားႏိုင္ငံ ၊ Ipoh ၿမိဳ႕မွာ႐ွိတဲ့ ေနအိမ္ 3လံုးဟာ ဖုန္းအားသြင္းႀကိဳးအတုေၾကာင့္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီး မီးေလာင္ပ်က္စီးသြားခဲ့ရလို႔ပါပဲ ။

ျဖစ္စဥ္ကေတာ့ မီးစတင္ေလာင္ကြၽမ္းခဲ့တဲ့ေနအိမ္မွာ သားအမိ 3ေယာက္ အတူေနထိုင္ခဲ့ၾကၿပီး ၊ အသက္ 50 အရြယ္သမီးျဖစ္သူမွ ေပါက္ကြဲသံတစ္ခုကို သူမရဲ႕ အသက္45 ႏွစ္အရြယ္ ေမာင္ေလးျဖစ္သူ၏အခန္းအတြင္းမွ ၾကားခဲ့ရ၍ ခ်က္ခ်င္းမိခင္အိုႀကီးကို ေခၚၿပီးေနအိမ္အျပင္ဖက္သို႔ ထြက္ေျပးတိမ္းေ႐ွာင္သြားခဲ့ပါတယ္ ။ ေမာင္ေလးျဖစ္သူမွာလည္း သူ၏အခန္းထဲသို႔သြားေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ သူ၏ဖုန္းအားသြင္းႀကိဳး ေပါက္ကြဲသြားတာကိုေတြ႔႐ွိခဲ့ပါတယ္ ။ အားသြင္းႀကိဳးဟာ မီးေလာင္ကြၽမ္းေနခဲ့ၿပီး အစပိုင္းမွာေတာ့ ေမာင္ေလးျဖစ္သူဟာ မီးကိုၿငိမ္းသတ္ဖို႔အျပင္းအထန္ႀကိဳးစားခဲ့ပါေသးတယ္ ။ ထို႔အျပင္ သူအသံုးျပဳခဲ့တဲ့အားသြင္းႀကိဳးမွာ မူရင္းအားသြင္းႀကိဳးမဟုတ္ေၾကာင္း ႏွင့္ အားသြင္းၿပီးမၾကာခင္အခ်ိန္မွာပဲ ေပါက္ကြဲသြားခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

မီးသတ္တပ္ဖြဲ႔ကို အေၾကာင္းၾကားခဲ့ေပမဲ့လည္း မီးသတ္ကားေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ အဆိုပါေနအိမ္၏ 85% ေလာက္ဟာ မီးေလာင္ကြၽမ္းေနခဲ့ၿပီး ၊ က်န္ ေဘးႏွစ္အိမ္မွာေတာ့ 5% ,10% အထိ မီးကူးစက္ေလာင္ကြၽမ္းခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ ကံေကာင္းစြာနဲ႔ဘဲ အဆိုပါေဘးအိမ္ႏွစ္အိမ္လံုးမွာမိသားစုမ်ားဟာ ညစာကိုအျပင္မွာထြက္စားေနခဲ့ၾကတာျဖစ္တဲ့အတြက္ မည္သူကမွ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳး မ႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ မီးသတ္သမားမ်ားမွာေတာ့ အဆိုပါမီးေတာက္ႀကီးကို 2နာရီၾကာသည္အထိ မီးၿငိမ္းသတ္ခဲ့ရေၾကာင္းသိ႐ွိရပါတယ္ ။ ဖုန္းအားသြင္းႀကိဳးေၾကာင့္ မီးေလာင္ကြၽမ္းခဲ့ရတာဆိုေပမဲ့လည္း မီးေလာင္ကြၽမ္းခဲ့ရတဲ့ျဖစ္စဥ္အကုန္လံုးကို မီးသတ္တပ္ဖြဲမွ ဆက္လက္ၿပီးစစ္ေဆးေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ်အသုံးပြုနေကျဖုန်းရဲ့ မူရင်းအားသွင်ကြိုနဲ့မဟုတ်ဘဲ ဖုန်းအားသွင်းမိမယ်ဆိုရင်တော့ အတော်လေး သတိဝီရိယ ရှိသင့်ပါတယ် ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ December 4ရက်နေ့ ည 8နာရီအချိန်ခန့်က မလေးရှားနိုင်ငံ ၊ Ipoh မြို့မှာရှိတဲ့ နေအိမ် 3လုံးဟာ ဖုန်းအားသွင်းကြိုးအတုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး မီးလောင်ပျက်စီးသွားခဲ့ရလို့ပါပဲ ။

ဖြစ်စဉ်ကတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့နေအိမ်မှာ သားအမိ 3ယောက် အတူနေထိုင်ခဲ့ကြပြီး ၊ အသက် 50 အရွယ်သမီးဖြစ်သူမှ ပေါက်ကွဲသံတစ်ခုကို သူမရဲ့ အသက်45 နှစ်အရွယ် မောင်လေးဖြစ်သူ၏အခန်းအတွင်းမှ ကြားခဲ့ရ၍ ချက်ချင်းမိခင်အိုကြီးကို ခေါ်ပြီးနေအိမ်အပြင်ဖက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ် ။ မောင်လေးဖြစ်သူမှာလည်း သူ၏အခန်းထဲသို့သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ သူ၏ဖုန်းအားသွင်းကြိုး ပေါက်ကွဲသွားတာကိုတွေ့ရှိခဲ့ပါတယ် ။ အားသွင်းကြိုးဟာ မီးလောင်ကျွမ်းနေခဲ့ပြီး အစပိုင်းမှာတော့ မောင်လေးဖြစ်သူဟာ မီးကိုငြိမ်းသတ်ဖို့အပြင်းအထန်ကြိုးစားခဲ့ပါသေးတယ် ။ ထို့အပြင် သူအသုံးပြုခဲ့တဲ့အားသွင်းကြိုးမှာ မူရင်းအားသွင်းကြိုးမဟုတ်ကြောင်း နှင့် အားသွင်းပြီးမကြာခင်အချိန်မှာပဲ ပေါက်ကွဲသွားခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။

မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ပေမဲ့လည်း မီးသတ်ကားရောက်ရှိလာခဲ့ချိန်မှာတော့ အဆိုပါနေအိမ်၏ 85% လောက်ဟာ မီးလောင်ကျွမ်းနေခဲ့ပြီး ၊ ကျန် ဘေးနှစ်အိမ်မှာတော့ 5% ,10% အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရကြောင်းသိရှိရပါတယ် ။ ကံကောင်းစွာနဲ့ဘဲ အဆိုပါဘေးအိမ်နှစ်အိမ်လုံးမှာမိသားစုများဟာ ညစာကိုအပြင်မှာထွက်စားနေခဲ့ကြတာဖြစ်တဲ့အတွက် မည်သူကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုး မရှိကြောင်းသိရှိရပါတယ် ။ မီးသတ်သမားများမှာတော့ အဆိုပါမီးတောက်ကြီးကို 2နာရီကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရကြောင်းသိရှိရပါတယ် ။ ဖုန်းအားသွင်းကြိုးကြောင့် မီးလောင်ကျွမ်းခဲ့ရတာဆိုပေမဲ့လည်း မီးလောင်ကျွမ်းခဲ့ရတဲ့ဖြစ်စဉ်အကုန်လုံးကို မီးသတ်တပ်ဖွဲမှ ဆက်လက်ပြီးစစ်ဆေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "အားသြင္းႀကိဳးအတုနဲ႔ ဖုန္းအားသြင္းမိခဲ့လို႔ ေနအိမ္ 3လံုးခန္႔ မီေလာင္ကြၽမ္းခဲ့ရတဲ့အျဖစ္"

Leave a comment

Your email address will not be published.


*