Eddie Scott နဲ႔ သူရဲ႕ ၈ ႏွစ္အ႐ြယ္သမီး Ella တို႔က ျပတင္းေပါက္ေဘးခုံတစ္ခုက စားေသာက္ဆိုင္တစ္ဆိုင္မွာ ညစာ အတူတူစားေနစဥ္ သူ႔ရဲ႕ သမီးငယ္က သူတို႔နဲ႔ မနီးမေဝးတဲ့ အျပင္ဘက္ခုံတန္းလ်ားမွာ ထိုင္ေနတဲ့ အဘိုးအိုတစ္ေယာက္ကို သတိထားမိခဲ့ပါတယ္ ။ သမီးျဖစ္သူ Ella က အဘိုးကို တစ္ခုခုေပးခ်င္ခဲ့ပါတယ္ ။ “ သူ႔ကိုေပးလို႔ရမလား…” လို႔ Ella က သူ႔ဖခင္ကို ေမးခဲ့ပါတယ္ ။ Ella က သူမရဲ႕ အကင္နဲ႔ အာလူးပန္းကန္ကို ေကာက္ယူၿပီး ဖခင္ျဖစ္သူ Eddie ကလည္း ကင္မရာကိုေကာက္ကိုင္ကာ သမီးျဖစ္သူ ဘာလုပ္မလဲကို လိုက္စပ္စုခဲ့ပါတယ္ ။
“ ေကာင္းတယ္ Ella ” လို႔ Eddie က သူ႔သမီးကို ခ်ီးက်ဴးလိုက္ပါတယ္ ။ အဆိုပါဗီဒီယိုဟာ ပ်ံ႕ႏွံ႔မႈမ်ားျပားျခင္းေၾကာင့္ သတင္းလိုင္းေတြက ဖခင္ျဖစ္သူ နဲ႔ သမီးေလး Ella တို႔ကို ေတြ႕ဆုံေမးျမန္းခဲ့ၿပီး ထိုကေလးငယ္က လူအမ်ားရဲ႕ စိတ္ႏွလုံးကို ဖမ္းစားခဲ့ပါတယ္ ။ “ Ella ဟာအၿမဲတမ္း ႀကီးမားတဲ့ ႏွလုံးသားရွိတယ္” လို႔ Eddie က TODAY ကိုေျပာခဲ့ပါတယ္ ။
ဗြီဒီယိုဖိုင္က ပ်ံ႕ႏွံ႔သြားတဲ့အခါ ခုံတန္းလ်ားေပၚက လူဟာ David Salkowski လို႔ အမည္ရေၾကာင္း သိရပါတယ္ ။ Eddie က သူ႔ကေလးငယ္ရဲ႕ဗြီဒီယိုကို Facebook ေပၚတင္ၿပီး ရက္အနည္းငယ္အၾကာမွာ သူ႔ဆီ ဖုန္းဝင္လာခဲ့ပါတယ္ ။ အမ်ိဳးသမီးတစ္ဦးက မိမိကိုယ္ကို Roseanne Salkowski အျဖစ္ မိတ္ဆက္ခဲ့ၿပီး ထိုလူဟာ လြန္ခဲ့တဲ့ေျခာက္လက သူမတို႔ရဲ႕အိမ္ကေန ထြက္သြားတာကို ရွင္းျပခဲ့ၿပီး နာရီဝက္အၾကာ ဖုန္းထဲမွာ ငိုခဲ့ပါတယ္ ။ သူမရဲ႕အစ္ကို David Salkowski က စိတ္ေဝဒနာခံစားေနတဲ့ သူတစ္ေယာက္ျဖစ္တယ္လို႔ ေျပာလာခဲ့ပါတယ္ ။ Roseanne က Ella ရဲ႕ ဗြီဒီယိုကိုၾကည့္ၿပီးသူမရဲ႕အစ္ကို David အဆင္ေျပတာကို ျမင္ရေတာ့ သူမအလြန္ စိတ္သက္သာရာရခဲ့ပါတယ္ ။ အခု Roseanne က သူ႔အစ္ကိုနဲ႔ ျပန္လည္အဆက္အသြယ္ရဖို႔ ႀကိဳးစားေနပါတယ္ ။
.
JRose (Mckzone Daily)
Source : gtgoodtimes
Unicode
Eddie Scott နဲ့ သူရဲ့ ၈ နှစ်အရွယ်သမီး Ella တို့က ပြတင်းပေါက်ဘေးခုံတစ်ခုက စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာ အတူတူစားနေစဉ် သူ့ရဲ့ သမီးငယ်က သူတို့နဲ့ မနီးမဝေးတဲ့ အပြင်ဘက်ခုံတန်းလျားမှာ ထိုင်နေတဲ့ အဘိုးအိုတစ်ယောက်ကို သတိထားမိခဲ့ပါတယ် ။ သမီးဖြစ်သူ Ella က အဘိုးကို တစ်ခုခုပေးချင်ခဲ့ပါတယ် ။ “ သူ့ကိုပေးလို့ရမလား…” လို့ Ella က သူ့ဖခင်ကို မေးခဲ့ပါတယ် ။ Ella က သူမရဲ့ အကင်နဲ့ အာလူးပန်းကန်ကို ကောက်ယူပြီး ဖခင်ဖြစ်သူ Eddie ကလည်း ကင်မရာကိုကောက်ကိုင်ကာ သမီးဖြစ်သူ ဘာလုပ်မလဲကို လိုက်စပ်စုခဲ့ပါတယ် ။
“ ကောင်းတယ် Ella ” လို့ Eddie က သူ့သမီးကို ချီးကျူးလိုက်ပါတယ် ။ အဆိုပါဗီဒီယိုဟာ ပျံ့နှံ့မှုများပြားခြင်းကြောင့် သတင်းလိုင်းတွေက ဖခင်ဖြစ်သူ နဲ့ သမီးလေး Ella တို့ကို တွေ့ဆုံမေးမြန်းခဲ့ပြီး ထိုကလေးငယ်က လူအများရဲ့ စိတ်နှလုံးကို ဖမ်းစားခဲ့ပါတယ် ။ “ Ella ဟာအမြဲတမ်း ကြီးမားတဲ့ နှလုံးသားရှိတယ်” လို့ Eddie က TODAY ကိုပြောခဲ့ပါတယ် ။
ဗွီဒီယိုဖိုင်က ပျံ့နှံ့သွားတဲ့အခါ ခုံတန်းလျားပေါ်က လူဟာ David Salkowski လို့ အမည်ရကြောင်း သိရပါတယ် ။ Eddie က သူ့ကလေးငယ်ရဲ့ဗွီဒီယိုကို Facebook ပေါ်တင်ပြီး ရက်အနည်းငယ်အကြာမှာ သူ့ဆီ ဖုန်းဝင်လာခဲ့ပါတယ် ။ အမျိုးသမီးတစ်ဦးက မိမိကိုယ်ကို Roseanne Salkowski အဖြစ် မိတ်ဆက်ခဲ့ပြီး ထိုလူဟာ လွန်ခဲ့တဲ့ခြောက်လက သူမတို့ရဲ့အိမ်ကနေ ထွက်သွားတာကို ရှင်းပြခဲ့ပြီး နာရီဝက်အကြာ ဖုန်းထဲမှာ ငိုခဲ့ပါတယ် ။ သူမရဲ့အစ်ကို David Salkowski က စိတ်ဝေဒနာခံစားနေတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ပြောလာခဲ့ပါတယ် ။ Roseanne က Ella ရဲ့ ဗွီဒီယိုကိုကြည့်ပြီးသူမရဲ့အစ်ကို David အဆင်ပြေတာကို မြင်ရတော့ သူမအလွန် စိတ်သက်သာရာရခဲ့ပါတယ် ။ အခု Roseanne က သူ့အစ်ကိုနဲ့ ပြန်လည်အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "စိတ္မႏွံ႔တဲ့ အိမ္ေျခမဲ့အဘိုးအိုကို အစာေကြၽးၿပီး ထိုလူရဲ႕ဘဝကို ကယ္တင္ခဲ့တဲ့ ၈ႏွစ္ကေလးငယ္ (႐ုပ္သံ)"