Texas ျပည္နယ္မွ Daniel Porter အမည္ရွိ အသက္ ၃၇ ႏွစ္အ႐ြယ္ဖခင္တစ္ဦးဟာ တစ္ေန႔မွာ ႏိုးထလာၿပီး သူဟာ အသက္ ၁၆ႏွစ္အ႐ြယ္သာရွိေသးၿပီး အထက္တန္းေက်ာင္းတက္ေနတုန္းလို႔ ထင္ျမင္ခဲ့ပါတယ္ ။ ေနာက္ၿပီးသူ႔မွာ ဇနီး နဲ႔ သမီးတစ္ေယာက္ရွိေနမွန္းေတာင္ မသိေတာ့ဘဲ သူ႔ရဲ႕လက္ရွိဘဝကို ေမ့ေျမာသြားခဲ့ပါတယ္ ။ သူအိမ္ရာမွ ႏိုးၿပီး သူ႔ေဘးမွာ အိပ္ေနတဲ့ဇနီးကို သူတခါမွ မေတြ႕ဖူးဘူးလို႔ ဆိုပါတယ္ ။ သူ႔ဇနီး Ruth က သူ႔ကိုစိတ္ေအးေအးထားၿပီး သူမက သူ႔ရဲ႕ ဇနီးျဖစ္ေၾကာင္းနဲ႔ သူစိမ္းတစ္ဦး က ျပန္ေပးဆြဲထားတာလည္းမဟုတ္ေၾကာင္း ရွင္းျပခဲ့ရပါတယ္ ။ ရယ္စရာေကာင္းတယ္လို႔ ထင္ရေသာ္လည္း ၎တို႔ႏွစ္ဦးစလုံးအတြက္ ေၾကာက္စရာ အေတြ႕အႀကဳံတစ္ခု ျဖစ္ခဲ့ပါတယ္ ။
ကံေကာင္းေထာက္မစြာပဲ ဒီစုံတြဲဟာ သူ႔မိဘအိမ္ကိုေျပာင္းလာခဲ့ၿပီး သူတို႔က သူ႔ကိုလုံၿခဳံေစမဲ့ေနရာကို ထားခဲ့ပါတယ္ ။ သူက သူ႔ရဲ႕ ၁၀ ႏွစ္အ႐ြယ္သမီး Libby ကိုေတာင္ မသိဘဲ သူရဲ႕ အိမ္ေမြးတိရိစာၦန္ ေခြးႏွစ္ေကာင္ကိုလည္း ေၾကာက္ေနခဲ့ပါတယ္ ။ မွန္ထဲကို ၾကည့္တဲ့အခါ သူ႐ုပ္မွန္းေတာင္ မထင္ခဲ့ပါဘူး ။ ဆရာဝန္ေတြက Daniel Porter ကို Transient Global Amnesia (႐ုတ္တရက္ယာယီမွတ္ဉာဏ္) စစ္ေဆးခဲ့ေပမဲ့ လက္ရွိ သူ႔ရဲ႕ဘဝကို မမွတ္မိႏိုင္ေသးပါဘူး ။ Daniel က သူရဲ႕ဇနီး၊ သမီး၊ သူတို႔ရဲ႕ အိမ္ေမြးတိရိစာၦန္မ်ားနဲ႔ လြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုအတြင္း သူ႔ရဲ႕သူငယ္ခ်င္းမ်ားကိုလည္း မမွတ္မိ႐ုံမက အထက္တန္းေက်ာင္းၿပီးေနာက္ ရရွိခဲ့တဲ့ ပညာေရးဘြဲ႕အားလုံးကိုပင္ ေမ့သြားတာပါ ။
ဆရာဝန္ေတြက Daniel Porter ရဲ႕ ျပင္းထန္တဲ့ သတိေမ့ျခင္းကို ျဖစ္ေစတဲ့အရာက အတိအက်မသိေသာ္လည္း သူက စိတ္ဖိစီးမႈရဲ႕မ်ားလြန္းတာေၾကာင့္လည္းျဖစ္ႏိုင္တယ္လို႔ သံသယဝင္ၾကပါတယ္ ။ Daniel က လက္ရွိမွာ စိတ္ဒဏ္ရာကုထုံးနည္းနဲ႔ ကုသေနေသာ္လည္း သူ႔ရဲ႕မွတ္ဥာဏ္ျပန္ေကာင္းလာမယ္လို႔ မည္သူမွ် အသိအက်မသိရွိရေသးပါဘူး ။
JRose (Mckzone Daily)
Source : odditycentral
Unicode
Texas ပြည်နယ်မှ Daniel Porter အမည်ရှိ အသက် ၃၇ နှစ်အရွယ်ဖခင်တစ်ဦးဟာ တစ်နေ့မှာ နိုးထလာပြီး သူဟာ အသက် ၁၆နှစ်အရွယ်သာရှိသေးပြီး အထက်တန်းကျောင်းတက်နေတုန်းလို့ ထင်မြင်ခဲ့ပါတယ် ။ နောက်ပြီးသူ့မှာ ဇနီး နဲ့ သမီးတစ်ယောက်ရှိနေမှန်းတောင် မသိတော့ဘဲ သူ့ရဲ့လက်ရှိဘဝကို မေ့မြောသွားခဲ့ပါတယ် ။ သူအိမ်ရာမှ နိုးပြီး သူ့ဘေးမှာ အိပ်နေတဲ့ဇနီးကို သူတခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ် ။ သူ့ဇနီး Ruth က သူ့ကိုစိတ်အေးအေးထားပြီး သူမက သူ့ရဲ့ ဇနီးဖြစ်ကြောင်းနဲ့ သူစိမ်းတစ်ဦး က ပြန်ပေးဆွဲထားတာလည်းမဟုတ်ကြောင်း ရှင်းပြခဲ့ရပါတယ် ။ ရယ်စရာကောင်းတယ်လို့ ထင်ရသော်လည်း ၎င်းတို့နှစ်ဦးစလုံးအတွက် ကြောက်စရာ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ် ။
ကံကောင်းထောက်မစွာပဲ ဒီစုံတွဲဟာ သူ့မိဘအိမ်ကိုပြောင်းလာခဲ့ပြီး သူတို့က သူ့ကိုလုံခြုံစေမဲ့နေရာကို ထားခဲ့ပါတယ် ။ သူက သူ့ရဲ့ ၁၀ နှစ်အရွယ်သမီး Libby ကိုတောင် မသိဘဲ သူရဲ့ အိမ်မွေးတိရိစ္ဆာန် ခွေးနှစ်ကောင်ကိုလည်း ကြောက်နေခဲ့ပါတယ် ။ မှန်ထဲကို ကြည့်တဲ့အခါ သူရုပ်မှန်းတောင် မထင်ခဲ့ပါဘူး ။ ဆရာဝန်တွေက Daniel Porter ကို Transient Global Amnesia (ရုတ်တရက်ယာယီမှတ်ဉာဏ်) စစ်ဆေးခဲ့ပေမဲ့ လက်ရှိ သူ့ရဲ့ဘဝကို မမှတ်မိနိုင်သေးပါဘူး ။ Daniel က သူရဲ့ဇနီး၊ သမီး၊ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်များနဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်း သူ့ရဲ့သူငယ်ချင်းများကိုလည်း မမှတ်မိရုံမက အထက်တန်းကျောင်းပြီးနောက် ရရှိခဲ့တဲ့ ပညာရေးဘွဲ့အားလုံးကိုပင် မေ့သွားတာပါ ။
ဆရာဝန်တွေက Daniel Porter ရဲ့ ပြင်းထန်တဲ့ သတိမေ့ခြင်းကို ဖြစ်စေတဲ့အရာက အတိအကျမသိသော်လည်း သူက စိတ်ဖိစီးမှုရဲ့များလွန်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့ သံသယဝင်ကြပါတယ် ။ Daniel က လက်ရှိမှာ စိတ်ဒဏ်ရာကုထုံးနည်းနဲ့ ကုသနေသော်လည်း သူ့ရဲ့မှတ်ဥာဏ်ပြန်ကောင်းလာမယ်လို့ မည်သူမျှ အသိအကျမသိရှိရသေးပါဘူး ။
JRose (Mckzone Daily)
Be the first to comment on "၁၆ ႏွစ္အ႐ြယ္ အထက္တန္းေက်ာင္းသားဆိုတဲ့ မွတ္ဥာဏ္နဲ႔ ႏိုးထလာခဲ့တဲ့ ၃၇ ႏွစ္အ႐ြယ္ ဖခင္တစ္ဦး"