Jasmine (Mckzone Daily)
Source : rachfeed
Unicode
မိန်းကလေးတိုင်းက ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ခင်ပွန်းသည်ရဲ့ အစစအရာရာ ကူညီစောင့်ရှောက်မှုကို လိုချင်ကြတာပါ ။ ကိုယ်ဝန်ဆောင်ဖြစ်လို့ လမ်းအကြာကြီး မလျှောက်နိုင်တော့တဲ့အပြင် ၊ အကြာကြီးလဲ မတ်တပ်မရပ်နိုင်ကြတော့ပါဘူး ။ ဒါ့ကြောင့် ဖိလစ်ပိုင်နိုင်က မနီလာမြို့ရဲ့ လူစည်ကားရာတစ်နေရာမှာ အမျိုးသားတစ်ဦးဟာ ပင်ပန်းလွန်းလို့ လမ်းဆက်မလျှောက်နိုင်တော့တဲ့ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်ကို လှေကားလေးမှာတင် ခြေထောက်ကို နှိပ်နှယ်ပေးနေခဲ့တာပါ ။
အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပြီး ၊ အဆိုပါစုံတွဲဟာ မည်သူမည်ဝါလဲဆိုတာကတော့ သိရခြင်းမရှိပါဘူး ။ လူအချို့အတွက်ကတော့ အဆိုပါဂရုစိုက်မှုမျိုးက ပိုလွန်းတယ်လို့ ထင်ရပေမဲ့လည်း ၊ အချို့သော မိန်းကလေးတွေအတွက်ကတော့ စိတ်ချမ်းသာပျော်ရွှင်စေမဲ့ တစ်သက်တာ လိုအပ်မဲ့ဂရုစိုက်မှုမျိုးပါပဲလေ ။
Jasmine (Mckzone Daily)
Be the first to comment on "လမ်းဆက်မလျှောက်နိုင်တော့တဲ့ ဇနီးသည်ကို လူစည်ကားရာနေရာမှာ ခြေထောက်နှိပ်နယ်ပေးခဲ့တဲ့ ခင်ပွန်း (ရုပ်သံ)"