စုဗူးထဲမှာ မယုံကြည်နိုင်လောက်အောင် ငွေအမြောက်အများစုထည့်ခဲ့ကြတဲ့ မိသားစု


.

.

Jasmine (Mckzone Daily)

Source : rachfeed

.

.

Unicode

နှစ်သစ်ရောက်လာရင် လူအချို့က ၎င်းတို့တစ်နှစ်တာ စုဆောင်းထားတဲ့ စုဗူးတွေကိုဖောက်ပြီး အပျော်ခရီးထွက်ဖို့ စီစဉ်ဆောင်ရွက်တတ်ကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မိသားစုတစ်စုဟာ ၎င်းတို့စုဆောင်းထားတဲ့ စုဗူးကို ဖောက်ခဲ့ချိန်မှာတော့ အိပ်ယာခင်းအပြည့်ပိုက်ဆံတွေနဲ့ ပြည့်နေခဲ့တဲ့အဖြစ်အထိကို ငွေစုဆောင်းခဲ့ကြပါတယ် ။ စုဗူးကို ဖန်နဲ့ပြုလုပ်ထားတာမို့လို့ မိသားစုဝင်တိုင်ပိုက်ဆံစုဆောင်မိအောင် တွန်းအားပေးနိုင်ခဲ့ကြောင်း သိရပါတယ် ။ အဆိုပါငွေကြေးကတော့ တစ်နှစ်တာလုံး မိသားစုဝင်တွေအကုန် စုဆောင်းမိထားတဲ့ ငွေပမာဏပါ ။ ဒါကတော့ သူတို့မိသားစု အပျော်ခရီးထွက်ဖို့ လေယာဉ်လတ်မှတ်နဲ့ အသုံးစရိတ်တွေပဲဖြစ်ပါတယ် ။ ပိုက်ဆံတွေက အိပ်ယာအပြည့်မို့ မိသားစုဝင်တွေအကုန်ကျေနပ်ပျော်ရွှင်မိကြမှာ အမှန်ပါပဲလေ ။

Jasmine (Mckzone Daily)

Be the first to comment on "စုဗူးထဲမှာ မယုံကြည်နိုင်လောက်အောင် ငွေအမြောက်အများစုထည့်ခဲ့ကြတဲ့ မိသားစု"

Leave a comment

Your email address will not be published.


*