Iran ႏိုင္ငံမွ အသက္ ၇ ႏွစ္အ႐ြယ္ Mahdis Mohammadi အမည္ရွိ မိန္းကေလးငယ္တစ္ဦးဟာ အ႐ုပ္နဲ႔တူတဲ့ အလွတရားေၾကာင့္ သူမကို ယေန႔ကမာၻ႔အလွဆုံးမိန္းကေလးအျဖစ္ Internet သရဖူကို လြယ္လြယ္ကူကူရႏိုင္ခဲ့ပါတယ္ ။ ထိုကေလးမက Instagram မွာ followers ၂၀၀k နီးပါးရရွိထားပါတယ္ ။ သူမက လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ကေလးဘဝတုန္းက အေကာင့္ကို စဖြင့္ခဲ့တာပါ ။ Mahdis က သူမရဲ႕ စိတ္လႈပ္ရွားဖြယ္ခရီးစဥ္မ်ားနဲ႔ ကေလးေတြ ျပဳလုပ္တဲ့ အျခားအရာမ်ားအေၾကာင္း ေဝမွ်ၿပီးေနာက္ အင္တာနက္ၾကယ္ပြင့္ျဖစ္လာခဲ့တာပါ ။
Mahdis ရဲ႕မိဘေတြက သူမကို အမ်ားအားျဖင့္ကေလးအဝတ္အစားေတြ သိပ္ၿပီး မဝတ္ခိုင္းဘဲ ယေန႔ေခတ္ လူငယ္ YouTubers မ်ားနဲ႔ social media star က လူႀကီးေတြလို ဝတ္စားဆင္ယင္ေစခဲ့ပါတယ္ ။ Mahdis က လွပတဲ့ မ်က္ႏွာ၊ ႀကီးမားတဲ့မ်က္လုံး၊ မ်က္ေတာင္ရွည္နဲ႔ လႈိင္းတြန႔္ဆံပင္ေတြကို ပိုင္ဆိုင္ထားသူေလးပါ ။ သူမက အ႐ုပ္နဲ႔တူဖို႔ ခက္ခက္ခဲခဲႀကိဳးစားစရာမလိုဘဲ သူမရဲ႕ ပင္ကိုယ္ အလွကပင္ တူေနခဲ့ပါတယ္ ။ ထိုကေလးမက ေဒသတြင္းမဂၢဇင္းမ်ားနဲ႔ ရႈိးပြဲမ်ားစြာမွာလည္း ထင္ရွားလာခဲ့ပါတယ္ ။ မၾကာေသးမီက Mahdis ကို ေဒသခံအီရန္အဆိုေတာ္၊ ေတးေရးဆရာ Hamed Ghorbani ရဲ႕ ေတးဂီတဗီဒီယိုမွာပင္ ပါဝင္ခဲ့ပါေသးတယ္ ။
သူမရဲ႕ဓာတ္ပုံေတြကို ဆိုရွယ္မီဒီယာေပၚမွာ မမွ်ေဝသင့္ဘူးလို႔ ယုံၾကည္တဲ့သူေတြရွိပါတယ္ ။ ဒီအသက္အ႐ြယ္ေလးမွာ ဆိုရွယ္မီဒီယာစတားတစ္ေယာက္ျဖစ္ခြင့္ မရသင့္ေပမယ့္ သူမကို ခ်စ္ျမတ္ႏိုးၿပီး သူမရဲ႕ဘဝမွာေအာင္ျမင္မႈရရွိပါေစလို႔ ဆုေတာင္းေပးတဲ့ သူေတြလည္း အမ်ားႀကီးရွိပါတယ္ ။
.
.
.
.
JRose (Mckzone Daily)
Source : rachfeed
Unicode
Iran နိုင်ငံမှ အသက် ၇ နှစ်အရွယ် Mahdis Mohammadi အမည်ရှိ မိန်းကလေးငယ်တစ်ဦးဟာ အရုပ်နဲ့တူတဲ့ အလှတရားကြောင့် သူမကို ယနေ့ကမ္ဘာ့အလှဆုံးမိန်းကလေးအဖြစ် Internet သရဖူကို လွယ်လွယ်ကူကူရနိုင်ခဲ့ပါတယ် ။ ထိုကလေးမက Instagram မှာ followers ၂၀၀k နီးပါးရရှိထားပါတယ် ။ သူမက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကလေးဘဝတုန်းက အကောင့်ကို စဖွင့်ခဲ့တာပါ ။ Mahdis က သူမရဲ့ စိတ်လှုပ်ရှားဖွယ်ခရီးစဉ်များနဲ့ ကလေးတွေ ပြုလုပ်တဲ့ အခြားအရာများအကြောင်း ဝေမျှပြီးနောက် အင်တာနက်ကြယ်ပွင့်ဖြစ်လာခဲ့တာပါ ။
Mahdis ရဲ့မိဘတွေက သူမကို အများအားဖြင့်ကလေးအဝတ်အစားတွေ သိပ်ပြီး မဝတ်ခိုင်းဘဲ ယနေ့ခေတ် လူငယ် YouTubers များနဲ့ social media star က လူကြီးတွေလို ဝတ်စားဆင်ယင်စေခဲ့ပါတယ် ။ Mahdis က လှပတဲ့ မျက်နှာ၊ ကြီးမားတဲ့မျက်လုံး၊ မျက်တောင်ရှည်နဲ့ လှိုင်းတွန့်ဆံပင်တွေကို ပိုင်ဆိုင်ထားသူလေးပါ ။ သူမက အရုပ်နဲ့တူဖို့ ခက်ခက်ခဲခဲကြိုးစားစရာမလိုဘဲ သူမရဲ့ ပင်ကိုယ် အလှကပင် တူနေခဲ့ပါတယ် ။ ထိုကလေးမက ဒေသတွင်းမဂ္ဂဇင်းများနဲ့ ရှိုးပွဲများစွာမှာလည်း ထင်ရှားလာခဲ့ပါတယ် ။ မကြာသေးမီက Mahdis ကို ဒေသခံအီရန်အဆိုတော်၊ တေးရေးဆရာ Hamed Ghorbani ရဲ့ တေးဂီတဗီဒီယိုမှာပင် ပါဝင်ခဲ့ပါသေးတယ် ။
သူမရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာ မမျှဝေသင့်ဘူးလို့ ယုံကြည်တဲ့သူတွေရှိပါတယ် ။ ဒီအသက်အရွယ်လေးမှာ ဆိုရှယ်မီဒီယာစတားတစ်ယောက်ဖြစ်ခွင့် မရသင့်ပေမယ့် သူမကို ချစ်မြတ်နိုးပြီး သူမရဲ့ဘဝမှာအောင်မြင်မှုရရှိပါစေလို့ ဆုတောင်းပေးတဲ့ သူတွေလည်း အများကြီးရှိပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "အင္တာနက္ေပၚမွာ ကမာၻ႔အလွဆုံးမိန္းကေလးသရဖူကိုရယူႏိုင္ခဲ့တဲ့ အ႐ုပ္ကေလးလို မ်က္ႏွာေပါက္ နဲ႔ ၇ႏွစ္အ႐ြယ္ေကာင္မေလး"