အိမ်ထောင်စုများစွာရဲ့ဝမ်းနည်းစရာကောင်းတဲ့အရာကတော့ ၎င်းတို့ကလေးများဟာ မိဘဖြစ်သူများထပ် အိမ်ဖော်နှင့်ကလေးထိန်းများနှင့်သာ ပိုမို နီးကပ်စွာ နေထိုင်ကြရတာပါဘဲ။အကြောင်းပြချက်က များသောအားဖြင့် မိဘများက ၎င်းတို့ရဲ့သားသမီးများကို သက်သောင့်သက်တာရှိမဲ့ဘဝများကို ပေးစွမ်းနိုင်ရန်အတွက် အိမ်မှ ထွက်ကာ အပြင်မှာ နာရီပေါင်းများစွာ အလုပ်လုပ်ကြရခြင်းဘဲဖြစ်ပါတယ်။လူတိုင်းလိုလိုက ပြည်ပမှာ ဆိုးဆိုးရွားရွားဆက်ဆံခံရတဲ့အိမ်အကူအိမ်ဖော်များရဲ့အကြောင်းကို အများကြီးကြားဖူးခဲ့ကြပေမဲ့လည်း ၎င်းတို့ရဲ့ဘဝကို ကောင်းမွန်စွာ ထောက်ပံ့ပေးပြီး ၎င်းတို့အား မိသားစုဝင်တစ်ယောက်လိုဆက်ဆံပေးတဲ့အလုပ်ရှင်များလည်း ရှိတဲ့အကြောင်းကို လူများစွာက ၎င်းတို့ရဲ့အံ့ဩဖွယ်ကောင်းတဲ့ပုံပြင်အချို့ကိုပါ မျှဝေပေးခဲ့ကြသူများလည်း ရှိနေပါတယ်။
မကြာသေးခင်က ၎င်းတို့ရဲ့အိမ်ဖော်အား အိမ်သို့ပြန်ပို့ပေးရန် လေဆိပ်မှာ နှုတ်ဆက်နေစဉ် ငိုကြွေးနေခဲ့တဲ့ကလေးမလေးတစ်ဦးရဲ့ဗီဒီယိုဟာ အင်တာနက်သုံးစွဲသူတို့ရဲ့နှလုံးသားကို ထိမိသွားစေခဲ့ပြီး ၎င်းဗီဒီယိုဟာ အတော်လေးကို လူသိများပျံ့နှံ့သွားခဲ့ပါတယ်။
၎င်းတို့မိသားစုတစ်စုဟာ လေဆိပ်သို့ ရောက်ရှိနေခဲ့ကြပြီး အိမ်ပြန်တော့မဲ့၎င်းတို့ရဲ့အိမ်ဖော်အမျိုးသမီးကို နှုတ်ဆက်နေခဲ့ကြပါတယ်။
ဗီဒီယိုထဲရှိ ပါဝင်သူများက မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြသခြင်းမရှိခဲ့သော်လည်း အချို့လူများက အိမ်ဖော်မဟာ ဖိလစ်ပိုင်လူမျိုးဖြစ်ပြီး အိမ်ရှင်မိသားစုက တရုတ်မိသားစုဖြစ်ကြောင်း ခန့်မှန်းခဲ့ကြပါတယ်။ဗီဒီယိုမှာ ရှင်းလင်းစွာ ဖော်ပြထားသည်မှာ ကလေးမလေးဟာ အသဲအသန်ငိုကြွေးနေခဲ့တာကြောင့် ၎င်းတို့မိသားစုဟာ အိမ်ဖော်အား လေယာဉ်စီးခိုင်းဖို့ အခက်တွေ့နေခဲ့ရပါတယ်။
အဆိုပါအိမ်ဖော်က ၎င်းရဲ့မွေးရပ်မြေသို့ ခနအလည်ပြန်တာ သို့မဟုတ် သူမအတွက် အဆင်ပြေအောင် အိမ်ခနပြန်တာတို့ ဖြစ်နိုင်ပေမဲ့လည်း ကလေးမလေးဟာ အဆိုပါအိမ်ဖော်နဲ့ လုံးဝကို မခွဲခွါချင်ခဲ့ပုံရပါတယ်။သို့ပေမဲ့ ကလေးမလေးရဲ့မိခင်ကလည်း သူမရဲ့သမီးက ဘယ်လောက်တောင် ဆိုးဝါးစွာ ခံစားနေရတာကို မြင်လိုက်ရတဲ့အခါ သူမကပါ ငိုကြွေးနေခဲ့ရပါတယ်။
သို့ပေမဲ့လည်း အဆိုပါအိမ်ဖော်က သူမရဲ့လေယာဉ်ခရီးစဉ်ကို လွှဲသွားမှာဆိုတာကြောင့် သူမဟာ တကယ်ကို သွားရတော့မှာဖြစ်ပါတယ်။ထို့ကြောင့် မသွားဖို့ပြောနေခဲ့တဲ့ကလေးမလေးအား ဆွဲထားပေးမဲ့ လူတစ်ယောက်လိုနေပြီး အဆိုပါအိမ်ဖော်အား အမှန်တကယ်ကို နှုတ်ဆက်စကားပြောခဲ့ကြရပါတော့တယ်။
လူအများက ၎င်းဗီဒီယိုက တကယ်ပင် ကြေကွဲစရာကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြသလို အချို့ကမူ ကလေးမလေးအတွက် အလွန်ကို စိတ်မကောင်းဖြစ်ရကြောင်း ဆိုခဲ့ကြပေမဲ့လည်း အချို့ကတော့ အဆိုပါအိမ်ဖော်ကို မိသားစုဝင်တစ်ဦးကသာ လိုက်ပို့ပေးသင့်သလို ဒါမှမဟုတ် လေဆိပ်သို့သွားရန် သူမအတွက် တက္ကစီတစ်စီးဌားပေးသင့်ကြောင်း အဲ့တာမှ ကလေးမလေးလည်း မသိတော့ဘဲ အခုလို ကြေကွဲစွာ ငိုကြွေးရမှာမဟုတ်ကြောင်း မှတ်ချက်များပေးခဲ့ကြပါသေးတယ်။
Mia (Mckzone Daily)
Source : rachfeed
Be the first to comment on "အိမ်ပြန်တော့မယ့်အိမ်ဖော်အမျိုးသမီးနှင့်မခွဲချင်လို့ လေဆိပ်မှာ မပြန်ဖို့ တောင်းဆိုကာ ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့တဲ့ ကလေးမလေးတစ်ဦး"