မွေးနေ့မှာ အသားညှပ်ပေါင်မုန့်အဘူးပေါင်း ၅၀ ကို ကိုယ်တိုင်ထုတ်ပိုးပြီး ဆင်းရဲနွမ်းပါးသူများကို ဝေဌာပေးခဲ့တဲ့ ၄ နှစ်အရွယ်ကောင်လေး

မလေးရှားနိုင်ငံရှိ Jarrett အမည်ရှိကောင်လေးဟာ သူ့ရဲ့လေးနှစ်ပြည့်မွေးနေ့မှာ ကူးစက်ရောဂါကာလအတွင်း ကံမကောင်းတဲ့သူများကိုကူညီခြင်းဖြင့် သူ့မွေးနေ့ရဲ့တနေ့တာကို ကုန်ဆုံးစေခဲ့ပါတယ်။Jarrett ဟာ The Mustard Seed School ကျောင်းရှိ သူ့ရဲ့အတန်းဖော်များနှင့်အတူ “ Fifty for the Needy ” ဆိုတဲ့အစီအစဉ်ဖြင့် ဆင်းရဲနွမ်းပါးသူများကို နည်းလမ်းတစ်ခုခုဖြင့်ကူညီနိုင်ရန် စတင်တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။ထို့ကြောင့် မိဘဖြစ်သူတို့က သူ့မွေးနေ့ကို ဘယ်လိုကုန်ဆုံးချင်လဲလို့မေးတဲ့အခါ Jarrett ဟာ သူ့အကြိုက်ဆုံးအစားအစာကို ကိုယ်တိုင်ပြုလုပ်ဖို့ စိတ်ကူးရခဲ့ပါတယ်။

Jarrett ဟာ အလွန်ငယ်ရွယ်နုပျိုနေသေးပေမဲ့လည်း ကူးစက်ရောဂါကာလအတွင်း မလေးရှားလူမျိုးများရင်ဆိုင်နေရတဲ့ရုန်းကန်မှုများကို အသိအမှတ်ပြုပေးခဲ့ပြီး ၎င်းတို့ကိုကူညီရန်အတွက်လည်း အားတက်တရော ရှိနေခဲ့ပါတယ်။

Jarrett ဟာ သူ့ရဲ့special day ဖြစ်တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ခုနစ်နှစ်အရွယ် Maya အမည်ရှိအစ်မဖြစ်သူရဲ့အကူအညီဖြင့် အသားညှပ်ပေါင်မုန့်ဘူးပေါင်း ၅၀ ကို ထုပ်ပိုးနိုင်ခဲ့ပါတယ်။Jarrett ဟာ သူဖန်တီးခဲ့တဲ့ ရန်ပုံငွေရှာဖွေရေးပိုစတာတစ်ခုကိုလည်း Facebook နှင့် WhatsApp မှာ မျှဝေခဲ့ပါသေးတယ်။

Jarrett တို့ဟာ နှစ်ရက်အတွင်း အလှူရှင် ၅၄ ဦး ထံမှ ရင်းဂစ် 2,300 ( ၉ သိန်းနီးပါး) စုဆောင်းနိုင်ခဲ့ပါတယ်။ထို့နောက် ၎င်းတို့ရဲ့ပထမဆုံးအကြိမ်အဖြစ် ဆင်းရဲနွမ်းပါးသူများအတွက် လှူဒါန်းပေးမဲ့ အသားညှပ်ပေါင်မုန့်များအပြင် အိမ်သုံးစားသောက်ကုန်များပါဝင်တဲ့ ထရပ်ကားတစ်စီးကို ၎င်းတို့ရဲ့ဒေသခံဓာတ်ဆီဆိုင်ဖြစ်တဲ့ Caltex Setia Alam ဆီဆိုင်သို့ ပို့ဆောင်ခဲ့ပြီး လိုအပ်နေသူများအနေဖြင့် ၎င်းဆီဆိုင်သို့ သွားယူနိုင်ကြောင်းကို ကြောငြာပေးခဲ့ပါတယ်။

” သားရဲ့မွေးနေ့မှာ နွမ်းပါးတဲ့သူတွေအတွက် sandwich ကို သားကိုယ်တိုင်လုပ်ပေးလိုက်ရလို့ အရမ်းပျော်တယ်၊ ဒါက သူတို့ရဲ့တနေ့တာကို တောက်ပစေလိမ့်မယ်လို့ သားမျှော်လင့်မိတယ် ” ဟု Jarrett က ထို့ကဲ့သို့ ပြောကြားခဲ့ပါတယ်။

Jarrett ရဲ့မိဘဖြစ်သူတွေက လူတိုင်းအပေါ် တတ်နိုင်သမျှ ကြင်နာတတ်ပါစေလို့ Jarrett ကို အမြဲသင်ကြားကာ တိုက်တွန်းပေးခဲ့ပုံရပါတယ်။ဒါ့ကြောင့် Jarrett လေးကလည်း ကလေးဘဲရှိသေးပေမဲ့ တစ်ပါးသူရဲ့အခက်အခဲများကို နားလည်သဘောပေါက်ပြီး ကိုယ်တတ်နိုင်သလောက် ကူညီပေးတဲ့စိတ်လေးရှိနေခဲ့ပါတယ်။

ဒါဟာ လေးစားစရာကောင်းသလို အတုယူစရာလည်း ကောင်းလှပါတယ်ဗျာ။စာဖတ်သူတို့လည်း အခုလိုကာလမှာ တစ်ပါးသူအပေါ် ကြင်နာစွာပြုမူပြီး ကိုယ်တတ်စွမ်းသလောက် အချင်းချင်းရိုင်းပင်းကူညီနေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Mia (Mckzone Daily)

Source : says

Be the first to comment on "မွေးနေ့မှာ အသားညှပ်ပေါင်မုန့်အဘူးပေါင်း ၅၀ ကို ကိုယ်တိုင်ထုတ်ပိုးပြီး ဆင်းရဲနွမ်းပါးသူများကို ဝေဌာပေးခဲ့တဲ့ ၄ နှစ်အရွယ်ကောင်လေး"

Leave a comment

Your email address will not be published.


*