JRose (Mckzone Daily)
Source : rachfeed
Unicode
Christian Lopez အမည်ရှိ ကျောင်းသားတစ်ဦးက ဘွဲ့ရပညာတတ်တစ်ယောက် မဟုတ်သလို သူ့ကျောင်းမှ ဘယ်ဂုဏ်ကျေးဇူးကိုမှ မရခဲ့သော်လည်း သူ့ရဲ့ကောလိပ်ပညာရေးကိုပြီးမြောက်အောင် ငွေချေးခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပြီး ယုံကြည်ချက်ဖြင့် ဘွဲ့ရရရှိနိုင်ခဲ့ပါတယ် ။ Lopez ရဲ့အဆိုအရ သူ့ရဲ့ဖခင်က Saudi Arabia မြို့မှာ အလုပ်လုပ်နေစဉ်၊ သူတို့ရဲ့ မိခင်သေဆုံးခဲ့တာကြောင့် သူနဲ့ သူရဲ့အစ်မဖြစ်သူတို့က သူတို့ရဲ့ လေ့လာမှုများကို ပြီးမြောက်ရန် ခက်ခဲခဲ့ပါတယ် ။ သူတို့ရဲ့ ဖခင်က တည်ငြိမ်တဲ့အလုပ်ရှိသော်လည်း သူတို့ကိုငွေမပို့နိုင်တဲ့ အချိန်များရှိခဲ့တာကြောင့် သူတို့တွေအဆင်မပြေခဲ့ပါဘူး ။
ဒါ့ကြောင့် Lopez က သူတို့ရဲ့ ပညာရေးစရိတ်အတွက် ငွေချေးဖို့ နည်းလမ်းတွေ ရှာခဲ့ရပါတယ် ။ အရင်က Lopez ဟာ စာမေးပွဲဖြေဆိုနိုင်ဖို့ သူ့ရဲ့ကျူရှင်ခအတွက် ငွေမရှိတာကြောင့် စာမေးပွဲခန်းထဲမှ ရိုးရိုးရှင်းရှင်းထွက်သွားရတဲ့ အချိန်များရှိခဲ့ပါတယ် ။ ဒါ့ကြောင့် သူက စီးပွားရေးအရောင်းဝယ်ထဲဝင်ပြီး ငွေချေးကာ သူ့ရဲ့ ပညာရေးကို ပြီးမြောက်အောင်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သူတို့အဖေက ငွေလွှဲတဲ့အခါတိုင်း သူ့အကြွေးတွေကို ပြန်ဆပ်ဖို့ အဓိက လုပ်ဆောင်ခဲ့ပါတယ် ။ ဒါပေမယ့် သူက ဒီရက်ရောတဲ့ ငွေချေးသူတွေဆီကနေ ပြန်ချေးဖို့ သေချာအောင်လုပ်ခဲ့ပါတယ် ။ Lopez က နောက်ဆုံးမှာ သူ့ရဲ့ ပညာရေးကို ပြီးမြောက်စေခဲ့ပါတယ် ။ နောက်ပြီး သူကို ကောလိပ်ကျောင်းပြီးသွားအောင် ကူညီခဲ့တဲ့ ဒီရက်ရောတဲ့ ငွေချေးသူတွေကို Lopez ရဲ့ဖခင်ကလည်း ကျေးဇူးတင်ခဲ့ပါတယ် ။
JRose (Mckzone Daily)
Be the first to comment on "မိခင်ဖြစ်သူဆုံးသွားလို့ ငွေကြေးအဆင်မပြေမှုကြောင့် မိမိရဲ့ယုံကြည်မှုနဲ့ အခြားသူဆီငွေချေးယူပြီး ဘွဲ့ရယူနိုင်ခဲ့တဲ့ ကျောင်းသား"