တိုက်ခန်းတွေရဲ့ဓာတ်လှေကားထဲမှာ ဓားများဖြင့်စောင့်ပြီး စီးနှင်းလိုက်ပါသူများကို လုယက်တိုက်ခိုက်ခဲ့ကြတဲ့ (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဆိုးသွမ်းတဲ့လုယက်သူတွေကတော့ ကိုယ်တွေမထင်မှတ်ထားတဲ့နေရာမှာ ရပ်စောင့်ကြပြီးနောက် သူတို့အခွင့်အရေးရတာနဲ့ချက်ချင်းလုယက်တိုက်ခိုက်တတ်ကြပါတယ် ။ အထူးသဖြင့် ကိုယ်တွေအကူအညီတောင်းခံဖို့ ခက်ခဲတဲ့ဓာတ်လှေကားတွေထဲမှာဆိုရင်ပေါ့ ။ ဒီ CCTV မှတ်တမ်း video ကိုတော့ မလေးရှားနိုင်ငံ ၊ Shah Alam မြို့မှာရှိတဲ့ တိုက်ခန်းအိမ်ရာတစ်ခုရဲ့ ဓာတ်လှေကားထဲမှာရိုက်ကူးခဲ့တာဖြစ်ပါတယ် ။

Video ထဲမှာတွေ့မြင်ရတဲ့အတိုင်ပါပဲ အဆိုပါဆိုင်ကယ်ဦးထုပ်ဆောင်းထားခဲ့တဲ့ လုယက်သူနှစ်ဦးဟာ ဓာတ်လှေကားထဲမှာရှိတဲ့ သူတွေတိုင်းကိုမတိုက်ခိုက်ခဲ့ပါဘူး ။ သူတို့ရဲ့ သားကောင်ဖြစ်မဲ့သူရဲ့အခြေအနေပုံစံကို အကဲဖြတ်ပြီးမှသားလုယက်မှုမျိုးပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ထို့နောက် သူတို့လုယက်မဲ့သူကို ဓာတ်လှေကားနံရံဖက်သို့ တွန်းထဲ့ပစ်ပြီး တစ်ဦးမှဓားကိုထုတ်ကား ခြိမ်းခြောက်မှုမျိုးပြုလုပ်ခဲ့ပါတယ် ။ ထို့နောက် ခြိမ်းခြောက်ခံရသူရဲ့ ခန္ဓာကိုယ်အနှံ့ရှာဖွေစစ်ဆေးမှုများပြုလုပ်ပြီး တန်ဖိုးကြီးပစ္စည်းများယူထားကာ နောက်ဆုံးဓာတ်လှေကားထဲကနေ မောင်းထုတ်ခဲ့ပါတယ် ။

Video ထဲမှာဖော်ပြထားချက်အရ အဆိုပါလုယက်သမားတွေဟာ တစ်ကြိမ်တစ်ခါသာ လုယက်မှုကျူ းလွန်ခဲ့တာမျိုးမဟုတ်ဘဲ ၊ အခြားတိုက်တန်းအိမ်ယာတွေရဲ့ ဓာတ်လှေကားထဲမှာလည်း လုယက်မှုများပြုလုပ်ခဲ့သေးကြောင်း Video ထဲမှာတွေ့မြင်ရမှာပါ ။ ၎င်းတို့ဟာ လက်နက်တွေကိုခြိမ်းခြောက်ဖို့အတွက်သာ အသုံးပြုခဲ့ပေမဲ့လည်း ၊ အခန့်မသင့် ကံဆိုးတဲ့သူနဲ့တွေ့ရင် အမှန်တကယ်ခုတ်ထစ် ၊ ထိုးနှက် မှုမျိုးမပြုလုပ်ဘူးလို့ ပြောလို့မရပါဘူး ။ ထို့ကြောင့် မည်သည့်အချိန် ၊ မည်သည့်နေရာမှာပဲရောက်ရောက် အမြဲသတိဝီရိယရှိဖို့ တိုက်တွန်းလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "တိုက်ခန်းတွေရဲ့ဓာတ်လှေကားထဲမှာ ဓားများဖြင့်စောင့်ပြီး စီးနှင်းလိုက်ပါသူများကို လုယက်တိုက်ခိုက်ခဲ့ကြတဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*