$1500 တန်ဖိုးရှိတဲ့ ဝက်ဝံရုပ်ကြီးနဲ့ချစ်ခွင့်ပန်ခဲ့ပေမဲ့ ‘ဝက်ဝံရုပ်ကိုပဲ ချစ်တယ်’ ဆိုပြီး အငြင်းခံလိုက်ရတဲ့ ကောင်လေးအဖြစ်



.

.

.

.

Jasmine (Mckzone Daily)

Source : rachfeed

Unicode

ငွေကြေးချမ်းသာကြွယ်ဝတိုင်းလည်း အရာရာတိုင်းက ကိုယ်ထင်ထားသလိုမဖြစ်နိုင်သလို ၊ ငွေကြေးနဲ့ ဝယ်ယူလို့မရတာကလည်း စိတ်ခံစားချက်တွေလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက ကောင်လေးဟာ သူရဲ့တန်ဖိုးကြီးကားပေါ် ဧရာမဝက်ဝံရုပ်ကြီးတင်ပြီး Hangzhou Normal University တက္ကသိုလ်ကျောင်းဝန်းတစ်ခုစီသို့ မောင်းဝင်လာခဲ့ပါတယ် ။ ဒါကြောင့် အခြားကျောင်းသားတွေကလည်း ဘာဆက်ဖြစ်မလဲဆိုတဲ့ စပ်စုချင်တဲ့စိတ်တွေနဲ့ ကားနောက်လိုက်ပြီး ကြည့်ရှုခဲ့ကြပါတယ် ။

ထို့နောက် ကောင်မလေးဆီအရောက်မှာတော့ ကောင်မလေးရှေ့ဒူးထောက်ပြီး ဝက်ဝံရုပ်လေးနဲ့ ချစ်ခွင့်ပန်လိုက်ပါတယ် ။ သို့ပေမဲ့လည်း ထင်ထားသလိုဖြစ်မလာဘဲ ကောင်မလေးက ‘ ဝက်ဝံရုပ်ကိုတော့ ကြိုက်တယ် ၊ နင့်ကိုတော့ ငါမကြိုက်နိုင်ဘူး ‘ ဆိုပြီး ကောင်လေးကို ငြင်းဆိုခဲ့ပါတယ် ။အချို့သော မျက်မြင်တွေရဲ့ ပြောပြချက်အရ အဆိုပါကောင်လေးဟာ ကောင်မလေးအတွက် ဝက်ဝံရုပ်ချန်ထားပေးခဲ့ကြောင်း နှင့် အချို့မှာတော့ ကောင်လေးက စိတ်ဆိုးပြီး ဝက်ဝံရုပ်ကို ပစ်ထုတ်ပစ်ခဲ့ကြောင်း မျိုးစုံပြောဆိုဝေဖန်နေလျက်ရှိကြောင်း သိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "$1500 တန်ဖိုးရှိတဲ့ ဝက်ဝံရုပ်ကြီးနဲ့ချစ်ခွင့်ပန်ခဲ့ပေမဲ့ ‘ဝက်ဝံရုပ်ကိုပဲ ချစ်တယ်’ ဆိုပြီး အငြင်းခံလိုက်ရတဲ့ ကောင်လေးအဖြစ်"

Leave a comment

Your email address will not be published.


*