ပိုက်ဆံမရှိလို့ဆိုပြီး သမီးဖြစ်သူရဲ့မွေးနေ့မှာ လက်ဆောင်အနေနဲ့ သားမယားပြုကျင့်ခဲ့တာပါဆိုတဲ့ ဖခင်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Bolivia နိုင်ငံ ၊ Chipaya ရွာလေးမှာနေထိုင်တဲ့ အသက် 32 နှစ်အရွယ်အမျိုးသားဟာ သူ၏သမီးအရင်းဖြစ်သူ အသက်13နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်ဝယ်ပေးဖို့ပိုက်ဆံမရှိလို့ဆိုပြီး သမီးဖြစ်သူကိုလက်ဆောင်ပေးတဲ့အနေနဲ့ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ သူ၏ဇနီးဖြစ်သူကို သမီးလေးရဲ့မွေးနေ့မှာ သမီးနှင့်နှစ်ယောက်တည်းအတူ မွေးနေ့ပွဲကျင်းပချင်လို့ဆိုပြီး ဇနီးဖြစ်သူကိုပြောဆိုကာ ၊ ဇနီးဖြစ်သူအိမ်အပြင်ထွက်သွားတဲ့အချိန်မှာတော့ မွေးနေ့လက်ဆောင်အနေနဲ့ သမီးဖြစ်သူကိုသားမယားပြုကျင့်ခဲ့ပါတော့တယ် ။

သမီးဖြစ်သူကို သားမယားပြုကျင့်နေခဲ့တာကို ဇနီးဖြစ်သူတွေ့ရှိခဲ့ချိန်မှာတော့ ၊ ခင်ပွန်းဖြစ်သူမှာလည်း ဇနီးသည်ကို ခြိမ်းခြောက်ခဲ့လို့ ဇနီးဖြစ်သူဟာရဲအရာရှိများကို တိုင်ကြားခဲ့ပါတော့တယ် ။ အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ 4 ရက်မှာတော့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ် ။

ရဲအရာရှိများက အဆိုပါအမျိုးသားကိုစစ်ဆေးမေးမြနိးခဲ့ချိန်မှာတော့ ” သမီးဖြစ်သူကို လက်ဆောင်ဝယ်ပေးဖို့ပိုက်ဆံမလောက်ခဲ့လို့ သမီးဖြစ်သူကိုသူ့ရဲ့ကိုယ်ပိုင်လက်ဆောင်မျိုး ပေးခဲ့တာဖြစ်ကြောင်း ” တည်တည်ငြိမ်ငြိမ်ဖြင့်ဖြေဆိုခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူကို အချုပ်ခန်းထဲဖမ်းဆီးထိန်းသိမ်းထားစဉ်အချိန်မှာတော့ သမီးဖြစ်သူဟာစိတ်ကျန်းမာရေးကုသမှုများခံယူနေရလျက်ရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် ပိုပြီးဝမ်းနည်းကြေကွဲစေခဲ့တာကတော့ သမီးဖြစ်သူတစ်ယောက်တည်းရှိနေစဉ် သူမ၏ဖခင်အရင်းမှ အခွင့်ကောင်းယူပြီး သူမကိုသားမယားပြုကျင့်ခဲ့တဲ့အပြင် ၊ သူမရဲ့ဘဝကိုရိုက်ချိုးခဲ့ပစ်လို့ပါပဲ ဆိုပြီးတာဝန်ရှိသူတစ်ဦးက သတင်မီဒီယာကိုပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ပိုက်ဆံမရှိလို့ဆိုပြီး သမီးဖြစ်သူရဲ့မွေးနေ့မှာ လက်ဆောင်အနေနဲ့ သားမယားပြုကျင့်ခဲ့တာပါဆိုတဲ့ ဖခင်"

Leave a comment

Your email address will not be published.


*