ဒေါ်လာ ၁၅၀ တန်မျက်မှန်ကို ဝယ်ရန်အတွက် အလုပ်လာရှာတဲ့အိမ်ရာမဲ့တစ်ဦးအား သူလိုအပ်နေတဲ့ငွေထက်ပိုတဲ့ငွေများကိုပေးကမ်းခဲ့တဲ့ အမျိုးသား

Akramadinas အမည်ရှိအမျိုးသားတစ်ဦးဟာ မကြာသေးမီက TikTok တွင် ကြည်နူးစရာဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။Akramadinas ဟာ ကယ်လီဖိုးနီယားရှိကုန်စုံစတိုး Tower Gas တွင် အလုပ်လုပ်ပြီး သူ၏လက်လီလုပ်ငန်းတစ်ခုရဲ့နေ့စဉ်ဖြစ်ရပ်များနှင့် အိမ်ခြေမဲ့များနှင့်ငတ်မွတ်သောသူတို့ကို ကူညီပေးတဲ့အကြောင်းများကို မျှဝေပေးလေ့ရှိသူပါ။သူဟာ Follower ပေါင်း ၃.၁ သန်းကျော်ရှိပြီး ထိမိစေတဲ့သူ၏ဗီဒီယိုများကို အင်တာနက်ပေါ်တွင်မကြာခဏတင်လေ့ရှိပါတယ်။မကြာသေးခင်က သူ့ရဲ့စတိုးဆိုင်ကောင်တာရှေ့မှာ အိမ်ခြေမဲ့အမျိုးသားတစ်ဦးဟာ ကတ်ထူပြားထူထူတစ်ခုကိုင်ကာ အလုပ်လာတောင်းနေသည့်ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။

အဆိုပါအိမ်ခြေမဲ့က မျက်လုံးသိပ်မကောင်းလို့ မျက်မှန်တစ်လက်၀ယ်ဖို့ငွေရှာချင်တာကြောင့် ပြတင်းပေါက်တချပ်ကို ၁ ဒေါ်လာ စျေးနဲ့သုတ်ပေးမယ်လို့ဆိုကာ ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်ချင်လားလို့ ဆိုင်ပိုင်ရှင်ကို မေးနေခဲ့ပါတယ်။

ထို့နောက် ကြင်နာတတ်တဲ့ Akramadinas ဟာ ၎င်းအိမ်ခြေမဲ့အား အလုပ်အကိုင်အခွင့်အလမ်းပေးခဲ့ပြီး ထိုလူကသူ့ကိုကျေးဇူးတင်ကာ ထိုနေ့အတွက်သူ့ရဲ့အလုပ်ကို ဆက်လုပ်ဖို့ပြောခဲ့ပါတယ်။

ခဏအကြာမှာတော့ ၎င်းဆိုင်ရဲ့စာရေးဖြစ်တဲ့ Akramadinas က ထိုနေ့အတွက် သူဘယ်လောက်ရခဲ့လဲလို့မေးတော့ အိမ်ခြေမဲ့အမျိုးသားက သူ့ပိုက်ဆံအိတ်ကိုထုတ်ကြည့်ပြီး “ငါဒီနေ့ ၁၁ ဒေါ်လာရခဲ့တယ်” လို့ ဂုဏ်ယူစွာ ပြန်ပြောနေခဲ့ပါတယ်။

ထို့နောက် Akramadinas က “ မျက်မှန်ဝယ်ဖို့ ဘယ်လောက်လိုလဲ” လို့မေးတော့ အိမ်ခြေမဲ့က ဒေါ်လာ ၁၅၀ လို့ဖြေခဲ့ပြီး Akramadinas ကလည်း “ဒါဆို ခင်ဗျား ပြတင်းပေါက် ၁၅၀ ချပ်ကို သန့်ရှင်းရမှာပေါ့ ” လို့ပြောတော့ အိမ်ခြေမဲ့က “ ဟုတ်တယ် ကျွန်တော် မျက်မှန်မဝယ်နိုင်ခင်အထိ ကြိုးစားရမှာပေါ့ ” ဟု ပြန်ဖြေခဲ့ပါတယ်။

ထို့နောက် ကောင်တာမှာရှိနေတဲ့ Akramadinas က သူ့အား လှမ်းခေါ်ပြီး “ ဒါက ကျွန်တော် ခင်ဗျားကို ပေးတာ ၊ အိပ်ဖို့နေရာတစ်ခုခုရှာ ၊ ဗိုက်ကိုဖြည့်ဖို့ တစ်ခုခုဝယ်စား ၊ဒါမှမဟုတ် မျက်မှန်ဝယ်လည်းရတယ်” လို့ဆိုကာ သူ့အား ဒေါ်လာ ၅၀၀ ပေးလိုက်တော့ အဆိုပါ အိမ်ခြေမဲ့ဟာ ၎င်းပိုက်ဆံတွေကို တွက်ကြည့်ရင်း အံံ့ဩစွာနဲ့ ရုတ်တရက် ငိုကျကာ “ မနက်ဖြန်ငါမျက်မှန်ဝယ်လို့ရပြီ” ဟု ဝမ်းသာစွာဖြင့် အော်လိုက်ပါတယ်။

ထို့အပြင် အဆိုပါအိမ်ခြေမဲ့အမျိုးသားဟာ ဝမ်းသာအားရဖြစ်ကာ ငိုကြွေးရင်း Akramadinas ကို ပွေ့ဖက်ခဲ့ပါတယ်။၎င်းဗီဒီယိုကို ကြည့်လိုက်ရတဲ့အင်တာနက်အသုံးပြုသူများဟာ မျက်ရည်များကျကာ “ မင်းက သူ့ကို မျက်မှန်သာမက သူ့အတွက် မျှော်လင့်ချက်ပါ ပေးခဲ့တာဘဲ ” ၊ “ ဒါက စိတ်ထားမွန်မြတ်တဲ့သူတွေဘဲ လုပ်တဲ့အရာပါ” ဟု စတဲ့ မှတ်ချက်များစွာကို ပေးခဲ့ကြပါတယ်။

Mia (Mckzone Daily)

Source : goodtimes

Be the first to comment on "ဒေါ်လာ ၁၅၀ တန်မျက်မှန်ကို ဝယ်ရန်အတွက် အလုပ်လာရှာတဲ့အိမ်ရာမဲ့တစ်ဦးအား သူလိုအပ်နေတဲ့ငွေထက်ပိုတဲ့ငွေများကိုပေးကမ်းခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*