ဒီတစ္ေခါက္ေဖာ္ျပမဲ့ ထိုင္ဝမ္းကအမ်ိဳးသားတစ္ဦးဟာဆိုရင္ သူ႔ရဲ႕ဇနီး ေမြးေန႔အတြက္ surprise လက္ေဆာင္ဝယ္ေပးခ်င္လို႔ 2 ႏွစ္ခန္႔အေႂကြေစ့ေတြ စုေဆာင္းထားခဲ့ပါတယ္ ။ မၾကာေသးခင္က ထိုင္ဝမ္မွာ႐ွိတဲ့ Muhua Jewellery လက္ဝတ္ရတနာဆိုင္ဟာ Wang အမည္႐ွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ဝက္႐ုပ္စုဗူးေလးနဲ႔ သူတို႔ဆိုင္မွာ လက္ဝတ္ရတနာ လာဝယ္ခဲ့တဲ့အေၾကာင္း ကိုေဝမ်ွသြားခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ ညနက္ေနၿပီမို႔ဆိုင္ပိတ္ေတာ့မဲ့အခ်ိန္ တံခါးေပါက္အနားသို႔ Wang အမည္႐ွိတဲ့ အမ်ိဳးသားတစ္ဦးဟာ ေရာက္႐ွိလာခဲ့ၿပီး ‘အေႂကြေစ့ေတြ လက္ခံလား ‘ ဆိုၿပီး ေမးျမန္းခဲ့ပါတယ္ ။ လက္ခံတယ္ဆိုေတာ့မွ သူ႔ရဲ႕ဝက္႐ုပ္စုဗူးနဲ႔ ဆိုင္ထဲဝင္လာခဲ့ပါတယ္ ။
ဝက္႐ုပ္စုဗူးေလးက အေတာ္ေလး ေလးတဲ့ပံုစံျဖစ္ေနၿပီး ဆိုင္ထဲေရာက္မွ စုဗူးေဖာက္ပစ္ခဲ့ပါတယ္ ။ ထို႔ေနာက္ ဘူးႏွစ္ခုထဲသို႔ အေႂကြေစ့ေတြေလာင္းထည့္ၿပီး ဆိုင္ဝန္ထမ္း 4 ေယာက္ခန္႔က အေႂကြေစ့ေတြကို တြက္ခ်က္ေပးခဲ့ရပါတယ္ ။ ဝန္ထမ္းေတြကလည္း အခုလိုအျဖစ္မ်ိဳး တစ္ခါးမွ မၾကံဳဖူးလို႔ အဆိုပါအမ်ိဳးသားနဲ႔ထပ္တူ ရင္ခုန္စိတ္လႈပ္႐ွားခဲ့ရေၾကာင္း သိရပါတယ္ ။ အေႂကြေစ့ေတြရဲ႕ စုစုေပါင္းတန္ဖိုးေငြမွာ $1,069 ႐ွိခဲ့ေၾကာင္း သိရပါတယ္ ။ ေနာက္ေတာ့ ဇနီးအတြက္ လက္ဝတ္ရတနာေလးဝယ္ယူၿပီး အိမ္ျပန္သြားခဲ့တဲ့ အဆိုပါအမ်ိဳးသားကိုၾကည့္ၿပီး အရမ္းကို Romantic ဆန္လြန္းတဲ့ ခင္ပြန္းဆိုၿပီး ဆိုင္ကဝန္ထမ္းေတြက မွတ္ခ်က္ေပးေျပာဆိုခဲ့ၾကပါတယ္ ။
Jasmine (Mckzone Daily)
Source : gtgoodtimes
Unicode
ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်ဝမ်းကအမျိုးသားတစ်ဦးဟာဆိုရင် သူ့ရဲ့ဇနီး မွေးနေ့အတွက် surprise လက်ဆောင်ဝယ်ပေးချင်လို့ 2 နှစ်ခန့်အကြွေစေ့တွေ စုဆောင်းထားခဲ့ပါတယ် ။ မကြာသေးခင်က ထိုင်ဝမ်မှာရှိတဲ့ Muhua Jewellery လက်ဝတ်ရတနာဆိုင်ဟာ Wang အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ဝက်ရုပ်စုဗူးလေးနဲ့ သူတို့ဆိုင်မှာ လက်ဝတ်ရတနာ လာဝယ်ခဲ့တဲ့အကြောင်း ကိုဝေမျှသွားခဲ့ပါတယ် ။
ဖြစ်စဉ်ကတော့ ညနက်နေပြီမို့ဆိုင်ပိတ်တော့မဲ့အချိန် တံခါးပေါက်အနားသို့ Wang အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ ရောက်ရှိလာခဲ့ပြီး ‘အကြွေစေ့တွေ လက်ခံလား ‘ ဆိုပြီး မေးမြန်းခဲ့ပါတယ် ။ လက်ခံတယ်ဆိုတော့မှ သူ့ရဲ့ဝက်ရုပ်စုဗူးနဲ့ ဆိုင်ထဲဝင်လာခဲ့ပါတယ် ။
ဝက်ရုပ်စုဗူးလေးက အတော်လေး လေးတဲ့ပုံစံဖြစ်နေပြီး ဆိုင်ထဲရောက်မှ စုဗူးဖောက်ပစ်ခဲ့ပါတယ် ။ ထို့နောက် ဘူးနှစ်ခုထဲသို့ အကြွေစေ့တွေလောင်းထည့်ပြီး ဆိုင်ဝန်ထမ်း 4 ယောက်ခန့်က အကြွေစေ့တွေကို တွက်ချက်ပေးခဲ့ရပါတယ် ။ ဝန်ထမ်းတွေကလည်း အခုလိုအဖြစ်မျိုး တစ်ခါးမှ မကြုံဖူးလို့ အဆိုပါအမျိုးသားနဲ့ထပ်တူ ရင်ခုန်စိတ်လှုပ်ရှားခဲ့ရကြောင်း သိရပါတယ် ။ အကြွေစေ့တွေရဲ့ စုစုပေါင်းတန်ဖိုးငွေမှာ $1,069 ရှိခဲ့ကြောင်း သိရပါတယ် ။ နောက်တော့ ဇနီးအတွက် လက်ဝတ်ရတနာလေးဝယ်ယူပြီး အိမ်ပြန်သွားခဲ့တဲ့ အဆိုပါအမျိုးသားကိုကြည့်ပြီး အရမ်းကို Romantic ဆန်လွန်းတဲ့ ခင်ပွန်းဆိုပြီး ဆိုင်ကဝန်ထမ်းတွေက မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "2 ႏွစ္ေလာက္ စုေဆာင္းထားတဲ့ အေႂကြေစ့ေလးေတြနဲ႔ ဇနီးျဖစ္သူအတြက္ ေမြးေန႔လက္ေဆာင္ဝယ္ေပးခဲ့တဲ့ ခင္ပြန္း"