အဖေဖြစ်သူက အတိတ်မမေ့သွားခင်အချိန်လေးမှာ ရောဂါကာလအတွင်း နယ်စပ်ကို ဖြတ်ကျော်ကာ နေအိမ်သို့အမြန်ပြန်သွားနိုင်ဖို့ မျှော်လင့်နေရတဲ့ အမျိုးသားတစ်ဦး

ကူးစက်ရောဂါဟာ မရေမတွက်နိုင်တဲ့လူပေါင်းများစွာကို ထိခိုက်စေခဲ့ပါတယ်။ထို့အပြင် ရောဂါကူးစက်ပျံ့နှံ့မှုနှုန်းကို လျင်မြန်စွာရပ်တန့်ပစ်ဖို့ နယ်နိမိတ်တွေကို ပိတ်ထားခဲ့တာကြောင့် လူများစွာဟာ ၎င်းတို့ရဲ့မိသားစုများနဲ့အဝေးမှာနေဖို့ ဖိအားပေးခံနေခဲ့ရပါတယ်။ Twitter အသုံးပြုသူ (@KaelSansSouci) Kael အမည်ရှိအမျိုးသားဟာ အစိုးရမှချမှတ်ထားတဲ့ခရီးသွားလာရေးကန့်သတ်ချက်များကြောင့် မိမိတို့ရဲ့မိသားစုနေအိမ်သို့ မကြာခဏမပြန်နိုင့်တဲ့သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Kael ဟာ မလေးရှားနိုင်ငံ Penang မြို့မှာ အလုပ်လုပ်နေပေမဲ့လည်း သူရဲ့ဖခင်နှင့်ကျန်ရှိတဲ့မိသားစုဝင်များဟာ ကီလိုမီတာရာချီဝေးတဲ့ Selangor ပြည်နယ်မှာ နေထိုင်ကြပါတယ်။Kael ရဲ့အဖေဖြစ်သူဟာ FTD (Fronto-Temporal Dementia) အတိတ်မေ့ရောဂါတစ်မျိုးကို လွန်ခဲ့တဲ့ ၃နှစ်ကတည်းက စတင်ခံစားခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

သို့ပေမဲ့ အသက် ၅၅ နှစ်အရွယ်သာရှိသေးတဲ့အဖေဖြစ်သူရဲ့အခြေအနေဟာ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွားလာနေခဲ့ပါတယ်။Kael ရဲ့ညီမဖြစ်သူတွေက သူမတို့ဖခင်ဖြစ်သူရဲ့မှတ်ဥာဏ်နှင့် ကြားသိမှုဆိုင်ရာလုပ်ဆောင်ချက်တွေဟာ ၎င်းရဲ့အခြေအနေကြောင့် တော်တော်လေးကို ထိခိုက်လာနေပြီဖြစ်ကြောင်း သူ့အား လှမ်းပြောပြခဲ့ပါတယ်။

Kael ဟာ သူ့ရဲ့နှစ်ကြိမ်သာသွားလာခွင့်ရှိတဲ့ခရီးသွားလာကန့်သတ်ချက်ကို ပြီးခဲ့တဲ့၂၀၂၀ ခုနှစ် စက်တင်ဘာလမှာတစ်ကြိမ် နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအစောပိုင်းမှာ တစ်ကြိမ်အဖြစ် သူ့ရဲ့နေအိမ်သို့ ပြန်ရန် အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

နယ်စပ်ထိန်းချုပ်မှုများကြောင့် Kael ဟာ မကြာခင်မှာ အိမ်ပြန်ရဖို့နှင့် နောက်ဆုံး သူအိမ်ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူက သူ့ကို မမှတ်မိတော့ဘဲ မေ့သွားမှာကိုလည်း စိုးရိမ်တကြီးဖြစ်နေခဲ့ရပါတယ်။

Kael က သူဟာ လစဉ် ၎င်းတို့ရဲ့နေအိမ်သို့ ပြန်လေ့ရှိသော်လည်း အခုတော့ ကူးစက်ရောဂါက သူတို့မိသားစုကို ဝေကွားနေခဲ့ပြီး “ အမေနဲ့ ညီမတွေက အဖေ့ကို အနီးကပ်စောင့်ရှောက်တဲ့အခါ တစ်ဦးတည်းသားအနေနဲ့ ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး၊ အဖေ ကျွန်တော့်ကို မမေ့သွားခင်လေးမှာ အဖေနဲ့အတူ Rays ပွဲကို ကျင်းပချင်သေးတယ်” ဟု Kael က ဝမ်းနည်းစွာ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

လက်ရှိမှာ ဖခင်ဖြစ်သူရဲ့အခြေအနေဟာ လျင်မြန်စွာ ဆိုးရွားလာနေတာကြောင့် အချိန်မနှောင်းခင်လေးမှာ အာဏာပိုင်များက သူ့အား နယ်စပ်ဖြတ်ကျော်ခွင့်ပြုပေးလိမ့်မယ်ဟု Kael က အမှန်တကယ်ပင် မျှော်လင့်စောင့်စားနေလျက်ရှိပါတယ်။Dementia ဆိုတာ စဉ်းစားနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်းစသည်တို့က တဖြည်းဖြည်း အားနည်းသွားပြီး အစာစားခြင်း၊ လမ်းလျှောက်ခြင်း သို့မဟုတ်စကားပြောခြင်းကဲ့သို့သော အခြေခံကျွမ်းကျင်မှုများကိုသာ ပြုလုပ်နိုင်တော့တဲ့ရောဂါတစ်မျိုးဘဲ ဖြစ်ပါတယ်။

Mia (Mckzone Daily)

Source : rachfeed

Be the first to comment on "အဖေဖြစ်သူက အတိတ်မမေ့သွားခင်အချိန်လေးမှာ ရောဂါကာလအတွင်း နယ်စပ်ကို ဖြတ်ကျော်ကာ နေအိမ်သို့အမြန်ပြန်သွားနိုင်ဖို့ မျှော်လင့်နေရတဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*