Jasmine (Mckzone Daily)
Source : rachfeed
Unicode
Jenna Brotonel Enrile အမည်ရှိတဲ့ မိန်းကလေးဟာ မကြာသေးခင်က သူမရဲ့အစ်မဖြစ်သူ ဦးနှောက်ကင်ဆာ အဆင့် 4 ခံစားနေရလို့ ခွဲစိတ်ကုသဖို့ ငွေကြေးလိုအပ်နေကြောင်း Facebook စာမျက်နှာမှာ အကူအညီတောင်းခံခဲ့ပါတယ် ။ အစပိုင်းမှာတော့ အစ်မဖြစ်သူဟာ ခေါင်းတွေအတော်ကိုက်ခဲပြီး နောက်ဆုံး မှတ်ဉာဏ်တွေပါ မေ့သွားခဲ့တာပါ ။ ဒါကြောင့် နောက်ပိုင်းစစ်ဆေးခဲ့ချိန်မှာမှ ဦးနှောက်ကင်ဆာဖြစ်နေမှန်း သိခဲ့ရတာပါ ။ အစ်မဖြစ်သူ Nicole ဟာ အသင့်စားခေါက်ဆွဲခြောက်တွေ နဲ့ အချိုများတဲ့ အစားအစာတွေကို နှစ်သက်လွန်းပြီး မကြာခဏစားသုံးနေသူဖြစ်ကြောင်းလည်း သိရပါတယ် ။
Nicole ဟာလက်ရှိမှာ အများသူတွေရဲ့ ငွေကြေးအလှူငွေတွေနဲ့ ခွဲစိတ်ကုသမှုကို ခံယူပြီးပါပြီ ။ သို့ပေမဲ့လည်း ကျန်းမာရေးပြန်ကောင်းလာဖို့ အချိန်ယူနေရကြောင်း သိရပါတယ် ။ Nicole ဟာ လက်ရှိမှာ အမွှာကလေးငယ်နှစ်ယောက်ရဲ့ မိခင်လည်းဖြစ်ပြီး ၊ ကလေးငယ်တွေဟာ သူမကိုသာ မှီခိုအားထားနေရတာဖြစ်ကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "အသင့်စား ခေါက်ဆွဲခြောက်တွေ အစားများပြီး ကင်ဆာရောဂါခံစားနေရတဲ့ ကလေးနှစ်ယောက်မိခင်"