လမ္းမႀကီးေပၚက မိန္းကေလးေတြေမာင္းႏွင္တဲ့ကား တံခါးေတြကို အတင္းဆြဲဖြင့္ေနခဲ့တဲ့ အရက္သမား (႐ုပ္သံ)

ကားေမာင္းတဲ့အခ်ိန္မွာ အထူးသတိထားသင့္တာကေတာ့ ကားတံခါးကိုေလာ့စ္ခ်ထားဖို႔ပါပဲ ။ အထူးသျဖင့္ မိန္းကေလးတစ္ေယာက္တည္းျဖစ္ေနတဲ့အခိ်န္ဆိုရင္ အေတာ္ေလးအေရးႀကီးလြန္းလွပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Zalliza Othman အမည္႐ွိတဲ့ အသက္ 42ႏွစ္အရြယ္ မေလး႐ွားႏိုင္ငံကအမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ December 1ရက္ေန႔က သူမကားေမာင္းေနရင္း သူစိမ္းအမ်ိဳးသားတစ္ေယာက္က အတင္းကားတံခါးေပါက္ဆြဲဖြင့္ခဲ့တဲ့အျဖစ္မ်ိဳးနဲ႔ ၾကံဳေတြ႔ခဲ့ရပါတယ္ ။

Zalliza ၏ေျပာျပခ်က္အရ သူမဟာ Kampung Acheh ဧရိယာတစ္ေလ်ွာက္ကားေမာင္းႏွင္လာခဲ့စဥ္ သူမေ႐ွ႕႐ွိ ကား4စီးလံုးဟာ ရပ္ေနခဲ့တဲ့အတြက္ အစပိုင္းမွာေတာ့ ယာဥ္မေတာ္တဆမႈျဖစ္ေနခဲ့လို႔ဆိုၿပီးေတာ့သာ သူမေတြးထင္ခဲ့မိပါတယ္ ။ ႐ုတ္တရက္ မိုးေရထဲမွာ အရက္အေတာ္ေလးမူးေနပံုရတဲ့ ႏိုင္ငံျခားသားအမ်ိဳးသားတစ္ေယာက္ဟာ ကားေတြတိုင္းရဲ႕တံခါးေပါက္ကို အတင္းဆြဲဖြင့္ေနခဲ့တာကို သူမေတြ႔႐ွိခဲ့ပါေတာ့တယ္ ။ မရတဲ့အဆံုး အဆိုပါအရက္သမားဟာ သူမရဲ႕ကားဆီသို႔အတင္းေျပးလာၿပီး သူမကားတံခါးကို အတင္းဆြဲဖြင့္ခဲ့ေပမဲ့ သူမဟာအေစာပိုင္းကအေျခအေနကိုေတြ႔ျမင္ၿပီး ကားေလာစ့္အျမန္ခ်ခဲ့တဲ့အတြက္ အဆိုပါအမ်ိဳးသားဟာ ကားတံခါးလံုးဝဖြင့္လို႔မရခဲ့ပါဘူး။ ထို႔အျပင္ သူမမွာလည္း 2ႏွစ္သားအရြယ္ သားေလးလည္းအတူပါလာခဲ့ေသာေၾကာင့္ သူမဟာတံခါးေလာစ့္ခ်ဖို႔ေမ့ေနခဲ့လ်ွင္ သူမရဲ႕အျဖစ္ဟာလံုးဝမေတြးဝံ့စရာပါပဲ ။

ထို႔ေနာက္ အဆိုပါအမ်ိဳးသားဟာ သူမ၏ကားအေနာက္ဖက္မွာ႐ွိတဲ့ ဆိုင္ကယ္ေပၚသို႔အတင္းလုတက္ခဲ့ေပမဲ့လည္း ဆိုင္ကယ္သမားမွာ ၎အမ်ိဳးသားကို ဆိုင္ကယ္ေပၚမွအတင္းတြန္းခ်ခဲ့ရပါတယ္ ။ အဆိုပါေဒသဟာ ႏိုင္ငံျခားအလုပ္သမားေတြမ်ားလြန္ၿပီး အေတာ္ေလးကိုမူး႐ူးေသာက္စားသူမ်ား မ်ားျပားလြန္းတဲ့အတြက္ ကားသမားမ်ား သတိဝီရိယ႐ွိေစဖို႔ သူမရဲ႕အျဖစ္အပ်က္ကို ေဝမ်ွခဲ့တာျဖစ္ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစကာမူ ကားေမာင္းလ်ွင္ အျမဲကားတံခါးေလာစ့္ခ်သင့္ေၾကာင္း သတိေပးေဖာ္ျပလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကားမောင်းတဲ့အချိန်မှာ အထူးသတိထားသင့်တာကတော့ ကားတံခါးကိုလော့စ်ချထားဖို့ပါပဲ ။ အထူးသဖြင့် မိန်းကလေးတစ်ယောက်တည်းဖြစ်နေတဲ့အချိန်ဆိုရင် အတော်လေးအရေးကြီးလွန်းလှပါတယ် ။ ဒီတစ်ခေါက်မှာလည်း Zalliza Othman အမည်ရှိတဲ့ အသက် 42နှစ်အရွယ် မလေးရှားနိုင်ငံကအမျိုးသမီးဟာ ပြီးခဲ့တဲ့ December 1ရက်နေ့က သူမကားမောင်းနေရင်း သူစိမ်းအမျိုးသားတစ်ယောက်က အတင်းကားတံခါးပေါက်ဆွဲဖွင့်ခဲ့တဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ် ။

Zalliza ၏ပြောပြချက်အရ သူမဟာ Kampung Acheh ဧရိယာတစ်လျှောက်ကားမောင်းနှင်လာခဲ့စဉ် သူမရှေ့ရှိ ကား4စီးလုံးဟာ ရပ်နေခဲ့တဲ့အတွက် အစပိုင်းမှာတော့ ယာဉ်မတော်တဆမှုဖြစ်နေခဲ့လို့ဆိုပြီးတော့သာ သူမတွေးထင်ခဲ့မိပါတယ် ။ ရုတ်တရက် မိုးရေထဲမှာ အရက်အတော်လေးမူးနေပုံရတဲ့ နိုင်ငံခြားသားအမျိုးသားတစ်ယောက်ဟာ ကားတွေတိုင်းရဲ့တံခါးပေါက်ကို အတင်းဆွဲဖွင့်နေခဲ့တာကို သူမတွေ့ရှိခဲ့ပါတော့တယ် ။ မရတဲ့အဆုံး အဆိုပါအရက်သမားဟာ သူမရဲ့ကားဆီသို့အတင်းပြေးလာပြီး သူမကားတံခါးကို အတင်းဆွဲဖွင့်ခဲ့ပေမဲ့ သူမဟာအစောပိုင်းကအခြေအနေကိုတွေ့မြင်ပြီး ကားလောစ့်အမြန်ချခဲ့တဲ့အတွက် အဆိုပါအမျိုးသားဟာ ကားတံခါးလုံးဝဖွင့်လို့မရခဲ့ပါဘူး။ ထို့အပြင် သူမမှာလည်း 2နှစ်သားအရွယ် သားလေးလည်းအတူပါလာခဲ့သောကြောင့် သူမဟာတံခါးလောစ့်ချဖို့မေ့နေခဲ့လျှင် သူမရဲ့အဖြစ်ဟာလုံးဝမတွေးဝံ့စရာပါပဲ ။

ထို့နောက် အဆိုပါအမျိုးသားဟာ သူမ၏ကားအနောက်ဖက်မှာရှိတဲ့ ဆိုင်ကယ်ပေါ်သို့အတင်းလုတက်ခဲ့ပေမဲ့လည်း ဆိုင်ကယ်သမားမှာ ၎င်းအမျိုးသားကို ဆိုင်ကယ်ပေါ်မှအတင်းတွန်းချခဲ့ရပါတယ် ။ အဆိုပါဒေသဟာ နိုင်ငံခြားအလုပ်သမားတွေများလွန်ပြီး အတော်လေးကိုမူးရူးသောက်စားသူများ များပြားလွန်းတဲ့အတွက် ကားသမားများ သတိဝီရိယရှိစေဖို့ သူမရဲ့အဖြစ်အပျက်ကို ဝေမျှခဲ့တာဖြစ်ပါတယ် ။ မည်သို့ပင်ဖြစ်စေကာမူ ကားမောင်းလျှင် အမြဲကားတံခါးလောစ့်ချသင့်ကြောင်း သတိပေးဖော်ပြလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လမ္းမႀကီးေပၚက မိန္းကေလးေတြေမာင္းႏွင္တဲ့ကား တံခါးေတြကို အတင္းဆြဲဖြင့္ေနခဲ့တဲ့ အရက္သမား (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*