မိသားစုက သူ့အားချန်ရစ်ကာ အဝေးသို့ထွက်သွားခဲ့ကြပေမဲ့လည်း အိမ်ရှေ့တံခါးဝမှာ ရက်ပေါင်းများစွာကြာတဲ့အထိ စောင့်နေခဲ့တဲ့ သစ္စာရှိခွေးလေး

တစ်သက်လုံးအတူနေထိုင်ခဲ့တဲ့မိသားစုက အိမ်ပြောင်းသွားခဲ့ပေမဲ့လည်း Cupid အမည်ရှိအမြဲသစ္စာရှိတဲ့မိသားစုခွေးတစ်ကောင်ဟာ တစ်ယောက်တည်းချန်ရစ်ခံထားခဲ့ရပါတယ်။ဒါပေမဲ့ Cupid ဟာ ထိုအိမ်အလွတ်ရဲ့ဆင်ဝမှာ သူ့မိသားစုပြန်လာမဲ့အချိန်ကို သီတင်းပတ်ပေါင်းများစွာစောင့်နေခဲ့ပေမဲ့ ပိုင်ရှင်ဖြစ်သူက ပေါ်မလာခဲ့ပါဘူး။Speranza Animal Rescue ကိုတည်ထောင်ခဲ့သူ Janine Guido အမည်ရှိအမျိုးသမီး က Pennsylvania ပြည်နယ်၊ Harrisburg မြို့ရှိအိမ်တစ်အိမ်ထဲသို့ဝင်ရန်အလွန်ကြောက်ရွံ့နေတဲ့ပုံစံဖြင့် ၎င်းအိမ်တံခါးအားကုတ်ခြစ်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့လိုက်ပြီးနောက် ၎င်းအိမ်မှာခွေးရှိကြောင်းကို အိမ်နီးချင်းများအား ပထမဆုံးခေါ်ပြောခဲ့ပါတယ်။Janine က အိမ်ပိုင်ရှင်ကအိမ်ပြောင်းသွားပြီး ခွေးတစ်ကောင်တည်းကျန်ခဲ့တာကို သိလိုက်ရတော့ သူမဟာ အရမ်းဒေါသထွက်ကာ အသည်းကွဲခဲ့ရပါတယ်။

.

.

.

.

.

.

ထို့နောက် သူမဟာ Cupid ရဲ့ပိုင်ရှင်ကို မြင်စေလိုတဲ့ရည်ရွယ်ချက်ဖြင့် ” မင်းအိမ်ကထွက်သွားပြီး သူ့ကိုနောက်မှာထားခဲ့တဲ့အခါ … ” ဆိုတဲ့post ကို ပုံနဲ့တကွ မျှဝေခဲ့ပါတယ်။Cupid လေးဟာ သူ့အတွက် ဘယ်သူမှတံခါးလာမဖွင့်ပေးတဲ့အခါ သူ့မိသားစုက သူ့ကိုဘာလို့ လာမခေါ်တာလဲလို့တွေးကာ စိတ်ရှုပ်ထွေးနေတဲ့ပုံပေါ်နေပါတယ်။နောက်ဆုံးတော့ Janine က ကူညီရန် Cupid ဆီချဉ်းကပ်ခဲ့ပြီး အေးဆေးပြောကြားခဲ့ပြီးနောက် Cupid က သူမနောက်အား ယုံကြည်စွာ လိုက်လာခဲ့ပါတော့တယ်။“မင်းရဲ့ခွေးကို ငါ့ကားထဲခေါ်ထည့်လိုက်တော့ ငါငိုမိသွားတယ် ၊ ငါရူးနေပြီလို့ ထင်ကောင်းထင်နေလိမ့်မယ်၊ ဒါပေမဲ့ ငါမင်းရဲ့ခွေးကို ကားမောင်းရင်း ဘာတွေဖြစ်နေတာလဲဆိုတာကို ရှင်းပြပေးခဲ့တယ်၊ Speranza Animal Rescue မှာရှိတဲ့ Cupid လေးရဲ့အိမ်အသစ်က သူ့ကိုချစ်ပြီးဂရုစိုက်မယ့်သူတွေနဲ့ပြည့်နေတယ်၊
ပိုအရေးကြီးတာက သူတို့ကဒီအဖိုးတန်ခွေးလေးတစ်ကောင်ကို ဘယ်တော့မှစွန့်ပစ်မိမှာ မဟုတ်ဘူး၊ Cupid က စိတ်ရှုပ်ထွေးနေသေးတယ်ဆိုတာကိုသိပေမဲ့ လူတိုင်းကို တွေ့တဲ့အခါ သူရဲ့အမြီးလေးကို လှုပ်ယမ်းနေတော့ သူ ဝမ်းသာနေပုံရတယ် ” လို့ Janine က ရေးထားခဲ့ပါတယ်။အခုတော့ Cupid က အရပ်ရှည်လာပြီး သူ့ရဲ့ကြေကွဲသွားတဲ့နှလုံးသားကိုပြန်လည်ကုစားဖို့ လမ်းစကောင်းတစ်ခုအထိရောက်နေပါပြီ။” Speidza Animal Rescue က Cupid လေးအတွက် ထာဝရနေအိမ်တစ်လုံးကို ရှာပေးခဲ့ပြီးပါပြီ ၊ ကယ်ဆယ်သမားများက သူ့ကိုအရမ်းချစ်ကြတယ်၊ သူဒီလိုအဖြစ်မျိုး နောက်ထပ်ကြုံရတော့မှာမဟုတ်ဘူး၊ Cupid လေးက အခက်အခဲများစွာကိုဖြတ်သန်းလာခဲ့ရပေမဲ့လည်း ခုတော့ သူက အခြားခွေးလေးတွေနှင့်ဆော့ကစားရင်း လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကိုရှာတွေ့သွားပါပြီ “ လို့ Janine ထပ်မံ ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone Daily)

Source : shareably

Be the first to comment on "မိသားစုက သူ့အားချန်ရစ်ကာ အဝေးသို့ထွက်သွားခဲ့ကြပေမဲ့လည်း အိမ်ရှေ့တံခါးဝမှာ ရက်ပေါင်းများစွာကြာတဲ့အထိ စောင့်နေခဲ့တဲ့ သစ္စာရှိခွေးလေး"

Leave a comment

Your email address will not be published.


*