မိဘများအား ၎င်းတို့ရဲ့သားသမီးများ လုံခြုံမှုရရှိစေရန် နှင့် အစားအစာများကျွေးမွေးနိုင်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်ထားတဲ့ဖိနပ်အပါအဝင် အခြားသောမည်သည့်အရာများဖြင့်မဆိုကို ငွေဖြင့်လဲလှယ်ကာ ၎င်းတို့ရဲ့သားသမီးများအတွက် မဖြစ်ဖြစ်အောင် ဝယ်ယူပေးတတ်ကြပါတယ်။ခုလည်း ဖခင်တစ်ဦးဟာ နှလုံးသားများစွာကိုကြွေကွဲသွားစေခဲ့တဲ့ အသနားခံစာတစ်စောင်အား social media ပေါ်သို့ မျှဝေခဲ့ပါတယ်။Solopos သတင်း၏အစီရင်ခံစာအရ အင်ဒိုနီးရှားအမျိုးသားတစ်ဦးဟာ သူ၏တစ်နှစ်သားအရွယ်ကလေးအတွက် နို့တစ်ထုပ်နှင့်သူ့ရဲ့ဖိနပ်ကို လဲလှယ်ရန်ကမ်းလှမ်းခဲ့ပါတယ်။
”တောင်းပန်ပါတယ်၊ ကျွန်တော် မရောင်းပါဘူး ၊ကျွန်တော်က ဒီကိစ္စကိုဖြစ်အောင်ဘဲလုပ်ချင်တာပါ၊ဘယ်သူမဆို ဒီသားရေဖိနပ် size ၄၁ ကို စိတ်ဝင်စားပါက Dancow နို့ ၁+၁ ကီလိုဂရမ်အထုပ်နှင့် လဲလှယ်ပေးဖို့အတွက် ကျွန်တော်တောင်းဆိုပါတယ်၊ ကျွန်တော် ထပ်တောင်းပန်ပါတယ်၊ ဈေးမမေးပါနဲ့၊ ကျွန်တော်ဈေးမဖြတ်ချင်ဘူး၊ ဒီတိုင်း နို့ထုပ်နဲ့ လဲလှယ်လိုက်ရုံပါပဲ” ဟုဖခင်ဖြစ်သူက ထို့ကဲ့သို့ စာတစ်စောင်ရေးတင်ခဲ့ပါတယ်။
ထို့နောက် ထို post ကို သတိထားမိသွားတဲ့ ရဲချုပ် Kombes Pol Ade Safri Simanjuntak က သူ့ရဲ့တပည့်များအား အဆိုပါဖခင်ဖြစ်သူရဲ့အိမ်သို့ နို့ထုပ်များဖြင့် သွားရောက်လည်ပတ်ကြည်ရှုရန် အမိန့်ပေးခဲ့ပါတော့တယ်။
“ အဲ့ဒီ post ပိုင်ရှင်က Ari Prasetyo လို့ခေါ်ပြီး သူက အင်ဒိုနီးရှားနိုင်ငံ Laweyan ပြည်နယ် Mutihan မြို့မှာ နေထိုင်နေတယ် ၊သူ့မှာ ကလေးသုံးယောက်ရှိတယ် ၊ အကြီးဆုံးက ၁၈ နှစ်ရှိပြီ ၊ Ari ကသန့်ရှင်းရေး ၀ န်ဆောင်မှုတစ်ခုအနေဖြင့် နေ့တိုင်းအလုပ်လုပ်တယ်” ဟု ရဲချုပ်ကိုယ်စား ရဲဝန်ထမ်းတစ်ဦး က ပြောကြားခဲ့ပါတယ်။
Ari ဟာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ရပြီး သူ့ရဲ့မော်တော်ဆိုင်ကယ်ကိုလည်း ပြန်ပြင်ခဲ့ရတာကြောင့် ကလေးအတွက် နို့ဝယ်ပေးဖို့ ပိုက်ဆံမရှိတော့ကာ အခုလို သူ့ရဲ့ဖိနပ်များဖြင့် အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ရတာပါ။
“ သူက သူ့ငွေတွေကို ဆိုင်ကယ်ပြုပြင်ဖို့အတွက် သုံးလိုက်တာ ၊ ဒါပေမဲ့ ကျွန်မတို့က သူ့ရဲ့အငယ်ဆုံးသမီးလေးကို နို့ထုပ်ပေးပြီး တိုက်ကျွေးပေးခဲ့ပြီးပြီ ” ဟု ရဲဝန်ထမ်းတစ်ဦးက ထို့ကဲ့သို့ ပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားရဲတွေဟာ သူတို့ရဲ့ပြည်သူတွေကို ဘယ်လောက်တောင် ကူညီတတ်ပြီးကြင်နာသနားတတ်တယ်ဆိုတာကိုသိလိုက်ရခြင်းက တကယ့်ကို အံ့ဩချီးကျူးစရာကောင်းလှပါတယ်။
၎င်းတို့ရဲ့ကြင်နာမှုလုပ်ရပ်က ဖခင်ဖြစ်သူအား သူ့သားသမီးများရဲ့စားဝတ်နေရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လှုံ့ဆော်ပေးလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်ဗျာ။
Mia (Mckzone Daily)
Source : worldofbuzz
Be the first to comment on "တစ်နှစ်သားအရွယ်ကလေးကို နို့တိုက်နိုင်ရန်အတွက် online ပေါ်မှာ သူ့ရဲ့ဖိနပ်များဖြင့် နို့ထုပ်ကို အလဲအလှယ်လုပ်ဖို့ ကမ်းလှမ်းခဲ့ရတဲ့ ဖခင်တစ်ဦး"