.
.
.
.
.
JRose (Mckzone Daily)
Source : elitereaders
Unicode
ခဲ့တဲ့ နှစ်၃၀ က အိန္ဒိယနိုင်ငံ Jadav Payeng အမည်ရှိ အမျိုးသားဟာ လူ ၁၅၀၀၀၀ ခန့် နေထိုင်တဲ့ Majuli Island ဟာ ကြောက်မက်ကောင်းတဲ့ အခြေအနေရောက်ရှိလာခဲ့ပါတယ် ။ ထို Majuli Island ဟာ သဲကန္တာရလို အလွန်ပူပြင်းတာကြောင့် ဆင်များ၊ ဘင်္ဂလားကျားများ၊ အိန္ဒိယကြံ့၊ သမင်၊ ယုန်၊ ငှက်မျိုးစိတ်များစွာ နဲ့ လင်းတ မျိုးစိတ်များအပါအဝင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး နေရာဖြစ်လာခဲ့ပါတယ် ။
ဒါကြောင့် Jadav Payeng က ထိုကဲ့သို့သော တိရိစ္ဆာန်များ မျိုးသုဥ်းမသွားအောင် ခြောက်သွေ့တဲ့ ကျွန်းကို ဝါးစိုက်ခင်းဧက ၃၀၀ အပါအဝင် နဲ့ သစ်ပင်မျိုးစိတ်ပေါင်း ထောင်ပေါင်းများစွာကို စိုက်ပျိုးခဲ့ပါတယ် ။ ယခုအခါမှာ ထို Majuli Island ကို Payeng က Maloi သစ်တော လို့ အမည်ပေးပြီး လူသိများလာခဲ့ပါတယ် ။ ထို သစ်တောဟာ သစ်ပင်တွေ ခိုင်ခံ့စွာရှင်သန်ပေါက်ပွားနိုင်တဲ့ သဘာဝနေရင်းဒေသတစ်ခုဖြစ်လာခဲ့ပြီ Payeng ရဲ့ ကြိုးစားအားထုတ်မှုကြောင့် တိရိစ္ဆာန်တွေ သေဆုံးမှုမရှိတော့ဘဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်သွားပါပြီ ။
JRose (Mckzone Daily)
Be the first to comment on "တိရိစ္ဆာန်တွေ မျိုးသုဉ်းမှုများလာခြင်းကြောင့် ခြောက်သွေ့တဲ့ကျွန်းကို စိမ်းလန်းစိုပြေတဲ့သစ်တောအဖြစ်ပြောင်းလဲခဲ့တဲ့ အမျိုးသား (ရုပ်သံ)"